Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 25, 2018

အရွက်မှ အစ အမြစ်အဆုံး ပဉ္စငါးပါးစလုံး ဆေးဖက်ဝင် သည့် သြဇာပင်





 ဆေးဖက်ဝင်အပင်များ
# Unicode Version ဖြင့် ဖတ်ပါ #
သြဇာပင်သည် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိပြီး အလယ်ပိုင်း ဒေသများ၌ အလေ့ကျပေါက်သည်ကို တွေ့ရသည်။

မြန်မာ ဆေးကျမ်းများအရ သြဇာသီးသည် အေး၍ သွေးအားကိုတိုးပွားစေသည်။ နှလုံးကို များစွာအကျိုးပြု၍ ပူလောင်ခြင်း၊ လေပူရောဂါနှင့် သွေးအန်ရောဂါများကို ပယ်ဖျောက်နိုင်စွမ်းရှိသည်။

သြဇာရွက်ကို ကြိတ်၍စားခြင်းဖြင့် သန်ကျစေပြီး အရွက်ကို ချေ၍ရှူပေးပါက အမူးအမော် သက်သာစေသည်။ သြဇာသီးအစိမ်းသည် ချုပ်သော သတ္တိရှိသဖြင့် ဝမ်းသွားခြင်း၊ ဝမ်းသက်ခြင်းများ အတွက် ကောင်း၏။

ဝမ်းကိုက်ရောဂါ၊ လေနာရောဂါနှင့် အစာအိမ် မကောင်းခြင်းတို့ကိုလည်း ပျောက်ကင်းစေနိုင်သည်။ သြဇာသီးအစေ့ကို အမှုန့်ပြုလုပ်ကာ အနာများပေါ် ဖြူးပေးပါက ပိုးများသေ၍ ပျောက်ကင်းစေနိုင်ပြီး သြဇာပင်မှ အမြစ်ကို သွေး၍ သောက်ပါက ဆီးချို၊ ဆီးချုပ်ရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။

 ဆေးဖက်ဝင်အပင်များ

No comments:

Post a Comment