Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 25, 2018

ကေလးနဲ႔ အယူအဆ အမွားမ်ား ကေလးေခါင္းတံုးရိတ္ျခင္း


ကေလးငယ္ရဲ႕ ဦးေရျပားဟာ နုနယ္ပါတယ္ ထိမိရွမိရင္ေတာင္ ပိုးဝင္လြယ္ပါတယ္ ပိုးဝင္ရင္ ဘာျဖစ္တတ္လဲဆိုေတာ့....

ေသတတ္ပါတယ္

မိမိရင္ေသြးကို မသတ္မိပါေစနဲ႔ ...

ေခါင္းတံုးရိတ္ျခင္းေၾကာင့္ ဆံပင္ပိုသန္မလာပါ ဆံသားနုေလးမ်ားၾကမ္းသြားတာပဲရွိပါတယ္ ကေလးငယ္ဟာ မိဘ မ်ိဳးရိုးေပၚမူတည္ျပီးဆံပင္ပါးတတ္ၾကပါတယ္ ႀကီးလာတာနဲ႔အမ်ွ ဆံသားၾကမ္းလာျပီးသန္လာမွာပါ ေမြးဆံပင္မထားေကာင္းဆိုတဲ႔အယူေၾကာင့္ရိတ္ခ်င္ရင္လဲ ကေလး ၆လမွရိတ္သင့္ပါတယ္ ပူတဲ႔ရာသီဆိုရင္ ၄ လမွာရိတ္ပါ ဆံပင္ထူတဲ႔ကေလးေတြက ေခါင္းေခ်ြးထြက္ျပီး အေအးမိလြယ္ၾကပါတယ္ ဆံပင္ရိတ္စက္ေလးနဲ႔ ပါးပါးေလးျဖစ္ေအာင္ညွပ္ေပးနိုင္ပါတယ္ ကေလးမၾကာခဏ နွာပိတ္ေနရင္ေတာ့ ၆ လေလာက္မွာ ကတံုးရိတ္ျပီး ေခါင္းစြပ္ ေလးစြပ္ေပးထားရင္သက္သာပါလိမ့္မယ္ ငယ္ထိပ္ကိုဆီတမ်ိဳးမ်ိဳး အျမဲလိမ္းေပးသင့္ပါတယ္ ေခါင္းထဲမိတ္ထြက္ေနရင္ေတာ့ မိတ္ေပ်ာက္မွ ကတံုးရိတ္ပါ မိတ္ဖုေလးေတြျပတ္ရွရင္ ပိုးဝင္တတ္ပါတယ္

သနပ္ခါးနဲ႔ကေလး

ျမန္မာ့သနပ္ခါးဟာ နာမည္ေက်ာ္ပါတယ္ လိမ္းထားရင္ေမႊးတယ္ ေအးတယ္ အသားလွတယ္
သို႔ေသာ္ ကေလးတို႔အတြက္ကေတာ့ တစ္နွစ္ေလာက္မွစလိမ္းသင့္ပါတယ္ ကေလးရဲ႕အေရျပားေပၚက ေမႊးညွင္းေလးေတြ ပ်က္စီးတတ္လို႔ပါ မ်က္စိထဲဝင္မွာလဲစိုးရပါတယ္ ေက်ာက္ပ်ဥ္နဲ႔ သနပ္ခါးတံုးကိုလဲ သန္႔ရွင္းစြာထားသင့္ပါတယ္ အေမနို႔ပဲစို႔ဖို႔ေသခ်ာမွာတတ္တဲ႔ ၆ လေအာက္ကေလးေတြကို သနပ္ခါးလံုးဝ မခြံ႕ပါနဲ႔

ေလေဆးနဲ႔ကေလး

ကေလးနဲ႔ေလေဆးဟာ ခြဲမရေအာင္တြဲေနတတ္ပါတယ္ ေမေမတ္ို႔သိထားသင့္တာက ေလေဆးဟာ ေရရွည္စြဲမတိုက္သင့္ပါဘူး ကေလးအစာမေၾကဘူးထင္တဲ႔အခါမွသာတိုက္သင့္ပါတယ္ တခ်ိဳ႕က ၂ႏွစ္ေလာက္ထိေန႔တိုင္းတိုက္ေနလို႔ေျပာတာပါ ထိုင္တတ္တဲ႔အရြယ္က စျပီး အျမဲတိုက္ဖို႔မလိုေတာ့ပါဘူး သားသားကို ၇လေလာက္ထိပဲတိုက္ခဲ႔ပါတယ္ ေနာက္ပိုင္းမတိုက္ေတာ့ပါဘူး အစာမေၾကဘူး ထင္မွတိုက္ပါတယ္ ၇လထိေတာင္ ပံုမွန္မတိုက္ပါဘူး

ကေလးနဲ႔အားေဆး

ဒီနိုင္ငံက ကေလးေတြကေတာ့ အားေဆးတိုက္ဖို႔ လိုအပ္တယ္ထင္ပါတယ္ အေမကလဲ အစားေရွာင္ ကေလးကလဲ အာဟာရမျပည့္ဆိုရင္ ပိုဆိုးသြားမွာစိုးလို႔ပါ အာဟာရျပည့္ဝစံုလင္စြာ စားေနရင္ အားေဆးမလိုအပ္ပါဘူး အစာမစားမွတိုက္ပါ အစာစားခ်င္စိတ္ျဖစ္ေစတဲ႔ cyproေတြနဲ႔စတဲ႔ အားေဆးမွန္သမ်ွကေတာ့ ကေလးကို မတိုက္သင့္ပါ အစာစားခ်င္စိတ္ျဖစ္လာေအာင္ ဦးေႏွာက္ကို လွံဴ႕ေဆာ္ေနလို႔ ပါ ေမေမတို႔ သိၾကတဲ႔ လိုင္စင္းဟာလဲ တိက်တဲ႔ရလဒ္အေျဖမရွိပါ ကေလးကို အားေဆးတိုက္ခ်င္ရင္ ဆရာဝန္နဲ႕တိုင္ပင္ပါ ကေလး တစ္ေယာက္နဲ႔တစ္ေယာက္ လိုအပ္ခ်က္မတူၾကပါဘူး ေမေမအခ်င္းခ်င္းေမးျပီး ေဆးမတိုက္ၾကပါနဲ႔ အိမ္နားက အေဒၚႀကီးလဲ မေမးၾကပါနဲ႔ အားေဆးတိုက္မယ္ဆိုရင္ ကေလးဆရာဝန္ကသာ အသိဆံုးပါ

ကေလးနဲ႔လိမ္းေဆးမ်ား

ဒါကိုေတာ့ ေမေမတိုင္းနီးပါးလိမ္းၾကပါလိမ့္မယ္ ရင္လူးေဆးအမ်ိဳးမ်ိဳးေပါ့ တခုသတိထားစရာက ကေလးရဲ႕ အေရျပားက သိပ္နုပါတယ္ ေဆးမ်ားသြားရင္ အေရျပားေလာင္တတ္ပါတယ္ သားသားဆို မုန္ညင္းဆီေတာင္ လိမ္းမရပါဘူး ထက္လင္းနဲ႔ဆရာခိုဆို တခါမွ မလိမ္းပါဘူး အေရျပားနုလို႔ပါ ဒါ့အျပင္ allergyရွိတဲ႔ ေမေမရဲ႕ကေလးဆို ပိုသတိထားရပါတယ္ ဒီေဆးေတြမေကာင္းဘူးလို႔မေျပာပါဘူး အမ်ားႀကီးမလိမ္းသင့္ေၾကာင္းနဲ႔ မတည့္ေသာကေလးမ်ားရွိေၾကာင္း သိေစခ်င္ပါတယ္ မိမိကေလးနဲ႔တည့္ရင္ေတာင္ တျခားကေလးတည့္ခ်င္မွတည့္ပါလိမ့္မယ္

ကေလးနဲ႔ျဖည့္စြက္စာ

ကေလး၆လထိ မိခင္နို႔တမ်ိဳးတည္းသာ တိုက္သင့္ေၾကာင္း ကမ႓ၻာအရပ္ရပ္မွာ ခုေနာက္ဆံုးလက္ခံထားၾကပါတယ္ မိခင္နို႔ကလြဲျပီး ဘာမွ မေက်ြးရ မတိုက္ရ
ဘာေဆးမႈန္႔မွ မခြံ႕ရပါ သူငယ္နာအမည္တပ္ျပီး ေဆးခြံ႕ခ်င္ေသာ လူႀကီးမ်ားကို ကေလးတို႔ဖြံ႕ၿဖိဳးမႈေလးေတြျဖစ္ေၾကာင္း နားလည္ေအာင္ေျပာျပပါ စိတ္ပူရင္ ေဆးပညာနားလည္သူမ်ား (တိုင္းရင္းေဆး အဂၤလိပ္ေဆး) နဲ႔တိုင္ပင္ပါ ရမ္းမကုပါနဲ႔ ကေလးဆိုတာ အစမ္းသပ္ခံမဟုတ္ပါ

အဆိုးဆံုးက ကေလးဝမ္းပ်က္ရင္ေမွာက္ခ်င္လို႔ ေလးဘက္သြားခ်င္လို႔ မတ္တပ္စမ္းခ်င္လို႔ဆိုျပီး ေျပာၾကျခင္းပါပဲ လံုးဝ မဟုတ္ပါ က်ြန္မသားသားတခါမွ ဝမ္းမပ်က္ခဲ႔ပါဘူး ဝမ္းပ်က္ရင္ ေဆးခန္းျပပါ တႀကံတက်ပ္တို႔ေျပာသမ်ွ မယံုၾကပါနဲ႔

ကေလးနဲ႔ ေပါင္ဒါ

ကေလးကိုေပါင္ဒါလိမ္းေပးခ်င္ရင္ ငယ္တုန္းမသင့္ေတာ္ပါဘူး ေပါင္ဒါမႈန္႔ေတြဟာ ကေလးရဲ႕ ပါးစပ္ မ်က္လံုး နွာေခါင္းနဲ႔ ေအာက္ပိုင္းအဂါ ၤ ေတြကတဆင့္ ကိုယ္တြင္းဝင္နိုင္ပါတယ္ ကေလးရဲ႕ အေရျပားဟာနုနယ္ေတာ့ မတည့္တာမ်ားျဖစ္ခဲ႔ရင္ အနီပိန္႕ေတြထြက္ကာ ေဆးကုမွေပ်ာက္တဲ႔အထိ ဆိုးဝါးတတ္ပါတယ္ ဒါ့အျပင္ ကေလးေပါင္ဒါမွာေတာင္ မျမင္နိုင္တဲ႔ပိုးမႊားေလးေတြ ကပ္တြယ္ခိုေအာင္းေနတတ္ပါတယ္ ဒါေၾကာင့္ လိမ္းခ်င္ရင္ ကေလးအသက္ ၆ လေလာက္မွလိမ္းသင့္ပါတယ္ သားသားကိုေတာ့ လံုးဝမလိမ္းေပးတာ ခုထိပါ

ကေလးေက်ာပူေခါင္းပူ

ကေလးငယ္ေလးေတြဟာ အပူခ်ိန္ကို ထိန္းညွိေပးနိုင္ျခင္းအားနည္းေနပါေသးတယ္ ဒါေၾကာင့္ ေခါင္းပူတာ ေက်ာပူတာျဖစ္တတ္ပါတယ္ ဒါဟာ ဘာမွစိတ္ပူစရာမလိုပါဘူူး ကေလးကို အပူအေအးမ်ွတေအာင္ထားေပးရင္ အဆင္ေျပပါတယ္ အသက္ ၆လေနာက္ပိုင္းမွ တေျဖးေျဖး သက္သာလာမွာပါ လူႀကီးတယာက္က ပူအိုက္တယ္လို႔ခံစားရရင္ ကေလးငယ္ဟာ ပိုျပီးပူအိုက္ေနတတ္ေၾကာင္းသတိထား
သင့္ပါတယ္

တခ်ိဳ႕ေသာေမေမမ်ား ကေလးကိုလွေစခ်င္လို႔ ဝတ္ေပးတဲ႔ အဝတ္အစားကလဲ ကေလးသက္ေတာင့္သက္သာမရွိပဲ စိတ္အိုက္ေနတတ္ပါတယ္ ကေလးေလးကို ပြပြေခ်ာင္ေခ်ာင္အထည္ေလးေတြေပးဝတ္တာ ပိုေကာင္းပါတယ္ ေခါင္းကေခ်ြးထြက္ရင္သုတ္ေပးပါ အေအးမိတတ္ပါတယ္ သိပ္ဆံပင္ထူရင္ ညွပ္ေပးသင့္ပါတယ္ ဗမာေဆးအမႈန္႔ေတြ ခြံ႔ျခင္းကိုေတာ့ အားမေပးခ်င္ပါဘူး ေမေမစိတ္ပူရင္ ကြမ္းရြက္တစ္ရြက္ကို ေသခ်ာေရေဆး ေရေႏြးမွာ ထည့္ေခ်ကာ အေရေလးကို ခ်ိဳးေရ ထဲထည့္ခ်ိဳးေပးနိုင္ပါတယ္ အဓိက ကေတာ့ ကေလးကို အပူအေအးမ်ွတေအာင္သာ ဂရုစိုက္ပါ

ကေလးေလးဝမ္းသြားျခင္း

မိခင္နို႔တိုက္တဲ႔ ကေလးငယ္ဟာ ပံုမွန္ဝမ္းသြားေလ့မရွိပါဘူး တေန႔ထဲ ၆ခါေလာက္သြားတတ္သလို တပတ္ေလာက္ထိလဲ မသြားပဲ ေနတတ္ပါတယ္ စိတ္ပူစရာမရွိပါ အေမက ေရမ်ားမ်ားေသာက္ အသီးအရြက္မ်ားမ်ားစားေပးပါ ကေလးလန္းေနရင္ ဘာမွ လုပ္ေပးစရာမလိုပါဘူး ကြမ္းရိုးေတြ ရင္လူးေဆးေတြလဲ မလိုပါဘူး သိပ္စိတ္ပူရင္ ဆရာဝန္သာျပပါ လိုအပ္တဲ႔ ေဆးေပးပါလိမ့္မယ္ နို႔ဘူးကေလးမ်ားကေတာ့ ဝမ္းမာတတ္ပါတယ္ ဝမ္းခ်ဳပ္တာဟာ နို႔မႈန္႔နဲ႔ေရ အခ်ိဳးမမွန္တာ ေၾကာင့္လဲျဖစ္တတ္ပါတယ္ ကေလးကို ေရတိုက္ေပးပါ ေမေမနို႔စို႔တဲ႔ကေလးကေတာ့ ဘာမွမလိုပါဘူး ၆ လအထက္ကေလးဆိုရင္ေတာ့ လိေမၼာ္သီးေလးအရည္ညွစ္ျပီး ဆားနည္းနည္းထည့္တိုက္ေပးပါ ျဖည့္စြက္စာ စတင္တာနဲ႔ ဝမ္းသြားပံုေျပာင္းလာမွာပါ ျဖည့္စြက္စာ စေက်ြးျပီဆိုတာနဲ႔ ေရမ်ားမ်ားတိုက္ဖို႔ အသီးအရြက္ေက်ြးဖို႔ ဂရုစိုက္ပါ နဂါးေမာက္သီး မုန္လာဥနီ သေဘာၤသီး သရက္သီး ကန္စြန္းရြက္ေတြဟာ ဝမ္းေပ်ာ့ေစပါတယ္

ကေလးနဲ႔နို႔မႈန္႔

လိုရင္းကိုသာ ေျပာပါရေစ
မိခင္နို႔သာအေကာင္းဆံုးပါ ဘာနို႔မႈန္႔မွ မတိုက္ေလ ေကာင္းေလပါ မိခင္နို႔ မစို႔ရရွာေသာကေလးမ်ားကိုသာ နို႔မႈန္႔တိုက္ပါ
မိခင္နို႔ဟာ ကေလးတို႔အတြက္အေကာင္းဆံုးပါ

ကေလးေလးရဲ႕ နို႔နို႔

ကေလးေလးေတြရဲ႕ နို႔သီးေခါင္းေလးမွာ အျဖဴစက္ေလးရွိေနတတ္ပါတယ္ ဒါဟာ ဘာမွ အႏၱရာယ္မရွိပါဘူး တခ်ိဳ႕က ဒါကို မညွစ္ရင္ ကေလးမွာ ရင္သားကင္ဆာျဖစ္လာတတ္တယ္ဆိုတာမ်ိဳး သားသားေလးဆိုလဲ ညွစ္မေပးရင္ ရင္သားႀကီးေနတတ္တယ္ဆိုတာမ်ိဳး ေျပာတတ္ၾကပါတယ္ ဒါဟာ လံုးဝမွားယြင္းတဲ႔ အယူအဆျဖစ္ပါတယ္ ခပ္ဝဝကေလးေလးရဲ႕ နို႔သီးေခါင္းေလးေတြဆူေနတာကလဲ ကေလးသဘာဝသာျဖစ္ျပီး ဘာမွလုပ္ေပးစရာမလိုပါ

ေဘးက ေရႊဥာဏ္ရွင္ေတြက ဝိုင္းညွစ္ခိုင္းလို႔ ေမေမတို႔က ညွစ္ထုတ္လိုက္ရင္ေတာ့ ျပသနာစပါျပီ ကေလးရဲ႕အသားနုနုေလးဟာ ညွစ္ၾကတဲ႔ လက္ကပိုးေတြေၾကာင့္ ေယာင္လာတတ္ပါတယ္ ေယာင္ေနတဲ႔အခါမွာ ေဆးတိုက္ဖို႔ငယ္ေသးတဲ႔ကေလးကို ေဆးထိုးဖို႔လိုလာပါျပီ ေဆးထိုးရံုနဲ႔သက္သာလာရင္ အေတာ္ကံေကာင္းတာလို႔ေျပာနိုင္ေပမယ့္ တခ်ိဳ႕ေသာ ကေလးမ်ားမွာေတာ့ ျပည္တည္တာမ်ိဳးထိ ျဖစ္လာတတ္ပါတယ္ ျပည္တည္လာျပီဆိုရင္ေတာ့ ေမ့ေဆးေပးကာ ခြဲထုတ္ရမွာပါ သူ႔နဂိုက ဒီတိုင္းေလးထားလိုက္ရင္ ဘာျပသနာမွမေပးပဲ အလိုလို ေပ်ာက္သြားမယ့္ ကိစၥေလးတခုကို ေဘးစကားနားေယာင္တာနဲ႔ အပ္နဲ႔ထြင္းရမယ့္အစား ပုဆိန္နဲ႔ေပါက္ရတာေတြျဖစ္လာတတ္ပါတယ္ ဒီေတာ ့ ကေလးရဲ႕ နို႔နို႔ကို ဘာဆိုဘာမွ သြားမထိိၾကဖို႔ေျပာပါရေစ ကေလးတခုခုျဖစ္လာခဲ႔ရင္ ဝိုင္းေျမွာက္ေပးၾကတဲ႔ ေဘးက ဂ်ီးေဒၚေတြ ကေလး ၅ေယာက္အေမအေဒၚႀကီးေတြ ဘာမွ မခံစားရပဲ ကေလးနဲ႔ ကေလးမိဘသာခံစားၾကရမွာျဖစ္ပါတယ္
မိဘရဲ႕ က်န္းမာေရးအသိေၾကာင့္ ကေလးမွာ အဆိုးေရာ အေကာင္းပါျဖစ္လာတတ္တာမို႔ မိဘအားလံုး စာမ်ားမ်ားဖတ္ၾကဖို႔သာ တိုက္တြန္းခ်င္မိပါတယ္ ငါတို႔လဲ ညွစ္ထုတ္လာတာဘာမွမျဖစ္ေပါင္ဆိုတဲ႔ အေဒၚႀကီးမ်ားကို ပိုးဝင္လို႔ ေဆးရံုေပၚမွာ ေဆးသြင္းေနရတဲ႔ကေလးေလးကိုျပခ်င္မိပါတယ္

ကေလးနဲ႔ သန္ခ်ေဆး

ကေလးသန္ခ်ဖို႔ဆိုတာ ေမေမေတြသိခ်င္ၾကတဲ႔ ကိစၥတခုပါပဲ ကေလးမွာ သန္ရွိေနရင္ ဘယ္အသက္အရြယ္ပဲျဖစ္ျဖစ္ သန္ခ်လို႔ရပါတယ္ ဆရာဝန္က စမ္းသပ္ကာ သန္အေနအထားၾကည့္ျပီး လိုအပ္ရင္ ဝမ္းစစ္ကာ သန္ခ်ေဆးတိုက္ပါလိမ့္မယ္ အသက္ ၂နွစ္ထိ သန္မခ်ရေသးရင္ေတာ့ ၂နွစ္အရြယ္ကစလို႔ ၆လ တခါ သန္ခ်ရပါလိမ့္မယ္ သန္ခ်ခ်ိန္မွာ မိသားစုအားလံုး တအိမ္လံုး တရက္တည္း သန္ခ်ေဆးေသာက္ရင္ပိုေကာင္းပါတယ္ သန္ခ်ေဆးကို ညအိပ္ကာနီး အစာနဲ႔ တနာရီေလာက္ျခားကာ ေသာက္သင့္ပါတယ္ မနက္မွာေ့တာ့အိပ္ယာခင္း ေစာင္ ျခင္ေထာင္ေတြကို ေရေႏြးဆူဆူနဲ႔ျပဳတ္ကာေလ်ွာ္သင့္ပါတယ္ ကေလးကိုေတာ့ ဆရာဝန္က သင့္ေတာ္တဲ႔အႀကိမ္အေရအတြက္နဲ႔ ေဆးတိုက္ပါလိမ့္မယ္ လူႀကီးေရာ ကေလးပါ ပံုမွန္ ၆လတခါ သန္ခ်သင့္ပါတယ္ သန္ခ်ေဆးဟာ ကေလးရဲ႕ အူကစုပ္ယူတာမဟုတ္ပဲ သန္ဆီကိုသာတန္းေရာက္တာမို႔ ပူတဲ႔အခ်ိန္မွာသန္ခ်လို႔လဲရပါတယ္
ကိုယ္ဝန္ေဆာင္မိခင္ေလာင္းကေတာ့ သန္ခ်ေဆးမေသာက္သင့္ပါဘူး

*ကေလးတို႔ အယူအဆအမွားေတြမွ ကင္းေဝးၾကပါေစ*

Mitu Baby Care

#Unicode Version#
ကလေးငယ်ရဲ့ ဦးရေပြားဟာ နုနယ်ပါတယ် ထိမိရှမိရင်တောင် ပိုးဝင်လွယ်ပါတယ် ပိုးဝင်ရင် ဘာဖြစ်တတ်လဲဆိုတော့....

သေတတ်ပါတယ်

မိမိရင်သွေးကို မသတ်မိပါစေနဲ့ ...

ခေါင်းတုံးရိတ်ခြင်းကြောင့် ဆံပင်ပိုသန်မလာပါ ဆံသားနုလေးများကြမ်းသွားတာပဲရှိပါတယ် ကလေးငယ်ဟာ မိဘ မျိုးရိုးပေါ်မူတည်ပြီးဆံပင်ပါးတတ်ကြပါတယ် ကြီးလာတာနဲ့အမျှ ဆံသားကြမ်းလာပြီးသန်လာမှာပါ မွေးဆံပင်မထားကောင်းဆိုတဲ့အယူကြောင့်ရိတ်ချင်ရင်လဲ ကလေး ၆လမှရိတ်သင့်ပါတယ် ပူတဲ့ရာသီဆိုရင် ၄ လမှာရိတ်ပါ ဆံပင်ထူတဲ့ကလေးတွေက ခေါင်းချွေးထွက်ပြီး အအေးမိလွယ်ကြပါတယ် ဆံပင်ရိတ်စက်လေးနဲ့ ပါးပါးလေးဖြစ်အောင်ညှပ်ပေးနိုင်ပါတယ် ကလေးမကြာခဏ နှာပိတ်နေရင်တော့ ၆ လလောက်မှာ ကတုံးရိတ်ပြီး ခေါင်းစွပ် လေးစွပ်ပေးထားရင်သက်သာပါလိမ့်မယ် ငယ်ထိပ်ကိုဆီတမျိုးမျိုး အမြဲလိမ်းပေးသင့်ပါတယ် ခေါင်းထဲမိတ်ထွက်နေရင်တော့ မိတ်ပျောက်မှ ကတုံးရိတ်ပါ မိတ်ဖုလေးတွေပြတ်ရှရင် ပိုးဝင်တတ်ပါတယ်

သနပ်ခါးနဲ့ကလေး

မြန်မာ့သနပ်ခါးဟာ နာမည်ကျော်ပါတယ် လိမ်းထားရင်မွှေးတယ် အေးတယ် အသားလှတယ်
သို့သော် ကလေးတို့အတွက်ကတော့ တစ်နှစ်လောက်မှစလိမ်းသင့်ပါတယ် ကလေးရဲ့အရေပြားပေါ်က မွှေးညှင်းလေးတွေ ပျက်စီးတတ်လို့ပါ မျက်စိထဲဝင်မှာလဲစိုးရပါတယ် ကျောက်ပျဉ်နဲ့ သနပ်ခါးတုံးကိုလဲ သန့်ရှင်းစွာထားသင့်ပါတယ် အမေနို့ပဲစို့ဖို့သေချာမှာတတ်တဲ့ ၆ လအောက်ကလေးတွေကို သနပ်ခါးလုံးဝ မခွံ့ပါနဲ့

လေဆေးနဲ့ကလေး

ကလေးနဲ့လေဆေးဟာ ခွဲမရအောင်တွဲနေတတ်ပါတယ် မေမေတို့သိထားသင့်တာက လေဆေးဟာ ရေရှည်စွဲမတိုက်သင့်ပါဘူး ကလေးအစာမကြေဘူးထင်တဲ့အခါမှသာတိုက်သင့်ပါတယ် တချို့က ၂နှစ်လောက်ထိနေ့တိုင်းတိုက်နေလို့ပြောတာပါ ထိုင်တတ်တဲ့အရွယ်က စပြီး အမြဲတိုက်ဖို့မလိုတော့ပါဘူး သားသားကို ၇လလောက်ထိပဲတိုက်ခဲ့ပါတယ် နောက်ပိုင်းမတိုက်တော့ပါဘူး အစာမကြေဘူး ထင်မှတိုက်ပါတယ် ၇လထိတောင် ပုံမှန်မတိုက်ပါဘူး

ကလေးနဲ့အားဆေး

ဒီနိုင်ငံက ကလေးတွေကတော့ အားဆေးတိုက်ဖို့ လိုအပ်တယ်ထင်ပါတယ် အမေကလဲ အစားရှောင် ကလေးကလဲ အာဟာရမပြည့်ဆိုရင် ပိုဆိုးသွားမှာစိုးလို့ပါ အာဟာရပြည့်ဝစုံလင်စွာ စားနေရင် အားဆေးမလိုအပ်ပါဘူး အစာမစားမှတိုက်ပါ အစာစားချင်စိတ်ဖြစ်စေတဲ့ cyproတွေနဲ့စတဲ့ အားဆေးမှန်သမျှကတော့ ကလေးကို မတိုက်သင့်ပါ အစာစားချင်စိတ်ဖြစ်လာအောင် ဦးနှောက်ကို လှူံ့ဆော်နေလို့ ပါ မေမေတို့ သိကြတဲ့ လိုင်စင်းဟာလဲ တိကျတဲ့ရလဒ်အဖြေမရှိပါ ကလေးကို အားဆေးတိုက်ချင်ရင် ဆရာဝန်နဲ့တိုင်ပင်ပါ ကလေး တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်မတူကြပါဘူး မေမေအချင်းချင်းမေးပြီး ဆေးမတိုက်ကြပါနဲ့ အိမ်နားက အဒေါ်ကြီးလဲ မမေးကြပါနဲ့ အားဆေးတိုက်မယ်ဆိုရင် ကလေးဆရာဝန်ကသာ အသိဆုံးပါ

ကလေးနဲ့လိမ်းဆေးများ

ဒါကိုတော့ မေမေတိုင်းနီးပါးလိမ်းကြပါလိမ့်မယ် ရင်လူးဆေးအမျိုးမျိုးပေါ့ တခုသတိထားစရာက ကလေးရဲ့ အရေပြားက သိပ်နုပါတယ် ဆေးများသွားရင် အရေပြားလောင်တတ်ပါတယ် သားသားဆို မုန်ညင်းဆီတောင် လိမ်းမရပါဘူး ထက်လင်းနဲ့ဆရာခိုဆို တခါမှ မလိမ်းပါဘူး အရေပြားနုလို့ပါ ဒါ့အပြင် allergyရှိတဲ့ မေမေရဲ့ကလေးဆို ပိုသတိထားရပါတယ် ဒီဆေးတွေမကောင်းဘူးလို့မပြောပါဘူး အများကြီးမလိမ်းသင့်ကြောင်းနဲ့ မတည့်သောကလေးများရှိကြောင်း သိစေချင်ပါတယ် မိမိကလေးနဲ့တည့်ရင်တောင် တခြားကလေးတည့်ချင်မှတည့်ပါလိမ့်မယ်

ကလေးနဲ့ဖြည့်စွက်စာ

ကလေး၆လထိ မိခင်နို့တမျိုးတည်းသာ တိုက်သင့်ကြောင်း ကမ္ဘ္ဘာအရပ်ရပ်မှာ ခုနောက်ဆုံးလက်ခံထားကြပါတယ် မိခင်နို့ကလွဲပြီး ဘာမှ မကျွေးရ မတိုက်ရ
ဘာဆေးမှုန့်မှ မခွံ့ရပါ သူငယ်နာအမည်တပ်ပြီး ဆေးခွံ့ချင်သော လူကြီးများကို ကလေးတို့ဖွံ့ဖြိုးမှုလေးတွေဖြစ်ကြောင်း နားလည်အောင်ပြောပြပါ စိတ်ပူရင် ဆေးပညာနားလည်သူများ (တိုင်းရင်းဆေး အင်္ဂလိပ်ဆေး) နဲ့တိုင်ပင်ပါ ရမ်းမကုပါနဲ့ ကလေးဆိုတာ အစမ်းသပ်ခံမဟုတ်ပါ

အဆိုးဆုံးက ကလေးဝမ်းပျက်ရင်မှောက်ချင်လို့ လေးဘက်သွားချင်လို့ မတ်တပ်စမ်းချင်လို့ဆိုပြီး ပြောကြခြင်းပါပဲ လုံးဝ မဟုတ်ပါ ကျွန်မသားသားတခါမှ ဝမ်းမပျက်ခဲ့ပါဘူး ဝမ်းပျက်ရင် ဆေးခန်းပြပါ တကြံတကျပ်တို့ပြောသမျှ မယုံကြပါနဲ့

ကလေးနဲ့ ပေါင်ဒါ

ကလေးကိုပေါင်ဒါလိမ်းပေးချင်ရင် ငယ်တုန်းမသင့်တော်ပါဘူး ပေါင်ဒါမှုန့်တွေဟာ ကလေးရဲ့ ပါးစပ် မျက်လုံး နှာခေါင်းနဲ့ အောက်ပိုင်းအဂါ ၤ တွေကတဆင့် ကိုယ်တွင်းဝင်နိုင်ပါတယ် ကလေးရဲ့ အရေပြားဟာနုနယ်တော့ မတည့်တာများဖြစ်ခဲ့ရင် အနီပိန့်တွေထွက်ကာ ဆေးကုမှပျောက်တဲ့အထိ ဆိုးဝါးတတ်ပါတယ် ဒါ့အပြင် ကလေးပေါင်ဒါမှာတောင် မမြင်နိုင်တဲ့ပိုးမွှားလေးတွေ ကပ်တွယ်ခိုအောင်းနေတတ်ပါတယ် ဒါကြောင့် လိမ်းချင်ရင် ကလေးအသက် ၆ လလောက်မှလိမ်းသင့်ပါတယ် သားသားကိုတော့ လုံးဝမလိမ်းပေးတာ ခုထိပါ

ကလေးကျောပူခေါင်းပူ

ကလေးငယ်လေးတွေဟာ အပူချိန်ကို ထိန်းညှိပေးနိုင်ခြင်းအားနည်းနေပါသေးတယ် ဒါကြောင့် ခေါင်းပူတာ ကျောပူတာဖြစ်တတ်ပါတယ် ဒါဟာ ဘာမှစိတ်ပူစရာမလိုပါဘူူး ကလေးကို အပူအအေးမျှတအောင်ထားပေးရင် အဆင်ပြေပါတယ် အသက် ၆လနောက်ပိုင်းမှ တဖြေးဖြေး သက်သာလာမှာပါ လူကြီးတယာက်က ပူအိုက်တယ်လို့ခံစားရရင် ကလေးငယ်ဟာ ပိုပြီးပူအိုက်နေတတ်ကြောင်းသတိထား
သင့်ပါတယ်

တချို့သောမေမေများ ကလေးကိုလှစေချင်လို့ ဝတ်ပေးတဲ့ အဝတ်အစားကလဲ ကလေးသက်တောင့်သက်သာမရှိပဲ စိတ်အိုက်နေတတ်ပါတယ် ကလေးလေးကို ပွပွချောင်ချောင်အထည်လေးတွေပေးဝတ်တာ ပိုကောင်းပါတယ် ခေါင်းကချွေးထွက်ရင်သုတ်ပေးပါ အအေးမိတတ်ပါတယ် သိပ်ဆံပင်ထူရင် ညှပ်ပေးသင့်ပါတယ် ဗမာဆေးအမှုန့်တွေ ခွံ့ခြင်းကိုတော့ အားမပေးချင်ပါဘူး မေမေစိတ်ပူရင် ကွမ်းရွက်တစ်ရွက်ကို သေချာရေဆေး ရေနွေးမှာ ထည့်ချေကာ အရေလေးကို ချိုးရေ ထဲထည့်ချိုးပေးနိုင်ပါတယ် အဓိက ကတော့ ကလေးကို အပူအအေးမျှတအောင်သာ ဂရုစိုက်ပါ

ကလေးလေးဝမ်းသွားခြင်း

မိခင်နို့တိုက်တဲ့ ကလေးငယ်ဟာ ပုံမှန်ဝမ်းသွားလေ့မရှိပါဘူး တနေ့ထဲ ၆ခါလောက်သွားတတ်သလို တပတ်လောက်ထိလဲ မသွားပဲ နေတတ်ပါတယ် စိတ်ပူစရာမရှိပါ အမေက ရေများများသောက် အသီးအရွက်များများစားပေးပါ ကလေးလန်းနေရင် ဘာမှ လုပ်ပေးစရာမလိုပါဘူး ကွမ်းရိုးတွေ ရင်လူးဆေးတွေလဲ မလိုပါဘူး သိပ်စိတ်ပူရင် ဆရာဝန်သာပြပါ လိုအပ်တဲ့ ဆေးပေးပါလိမ့်မယ် နို့ဘူးကလေးများကတော့ ဝမ်းမာတတ်ပါတယ် ဝမ်းချုပ်တာဟာ နို့မှုန့်နဲ့ရေ အချိုးမမှန်တာ ကြောင့်လဲဖြစ်တတ်ပါတယ် ကလေးကို ရေတိုက်ပေးပါ မေမေနို့စို့တဲ့ကလေးကတော့ ဘာမှမလိုပါဘူး ၆ လအထက်ကလေးဆိုရင်တော့ လိမ္မော်သီးလေးအရည်ညှစ်ပြီး ဆားနည်းနည်းထည့်တိုက်ပေးပါ ဖြည့်စွက်စာ စတင်တာနဲ့ ဝမ်းသွားပုံပြောင်းလာမှာပါ ဖြည့်စွက်စာ စကျွေးပြီဆိုတာနဲ့ ရေများများတိုက်ဖို့ အသီးအရွက်ကျွေးဖို့ ဂရုစိုက်ပါ နဂါးမောက်သီး မုန်လာဥနီ သဘောၤသီး သရက်သီး ကန်စွန်းရွက်တွေဟာ ဝမ်းပျော့စေပါတယ်

ကလေးနဲ့နို့မှုန့်

လိုရင်းကိုသာ ပြောပါရစေ
မိခင်နို့သာအကောင်းဆုံးပါ ဘာနို့မှုန့်မှ မတိုက်လေ ကောင်းလေပါ မိခင်နို့ မစို့ရရှာသောကလေးများကိုသာ နို့မှုန့်တိုက်ပါ
မိခင်နို့ဟာ ကလေးတို့အတွက်အကောင်းဆုံးပါ

ကလေးလေးရဲ့ နို့နို့

ကလေးလေးတွေရဲ့ နို့သီးခေါင်းလေးမှာ အဖြူစက်လေးရှိနေတတ်ပါတယ် ဒါဟာ ဘာမှ အန္တရာယ်မရှိပါဘူး တချို့က ဒါကို မညှစ်ရင် ကလေးမှာ ရင်သားကင်ဆာဖြစ်လာတတ်တယ်ဆိုတာမျိုး သားသားလေးဆိုလဲ ညှစ်မပေးရင် ရင်သားကြီးနေတတ်တယ်ဆိုတာမျိုး ပြောတတ်ကြပါတယ် ဒါဟာ လုံးဝမှားယွင်းတဲ့ အယူအဆဖြစ်ပါတယ် ခပ်ဝဝကလေးလေးရဲ့ နို့သီးခေါင်းလေးတွေဆူနေတာကလဲ ကလေးသဘာဝသာဖြစ်ပြီး ဘာမှလုပ်ပေးစရာမလိုပါ

ဘေးက ရွှေဉာဏ်ရှင်တွေက ဝိုင်းညှစ်ခိုင်းလို့ မေမေတို့က ညှစ်ထုတ်လိုက်ရင်တော့ ပြသနာစပါပြီ ကလေးရဲ့အသားနုနုလေးဟာ ညှစ်ကြတဲ့ လက်ကပိုးတွေကြောင့် ယောင်လာတတ်ပါတယ် ယောင်နေတဲ့အခါမှာ ဆေးတိုက်ဖို့ငယ်သေးတဲ့ကလေးကို ဆေးထိုးဖို့လိုလာပါပြီ ဆေးထိုးရုံနဲ့သက်သာလာရင် အတော်ကံကောင်းတာလို့ပြောနိုင်ပေမယ့် တချို့သော ကလေးများမှာတော့ ပြည်တည်တာမျိုးထိ ဖြစ်လာတတ်ပါတယ် ပြည်တည်လာပြီဆိုရင်တော့ မေ့ဆေးပေးကာ ခွဲထုတ်ရမှာပါ သူ့နဂိုက ဒီတိုင်းလေးထားလိုက်ရင် ဘာပြသနာမှမပေးပဲ အလိုလို ပျောက်သွားမယ့် ကိစ္စလေးတခုကို ဘေးစကားနားယောင်တာနဲ့ အပ်နဲ့ထွင်းရမယ့်အစား ပုဆိန်နဲ့ပေါက်ရတာတွေဖြစ်လာတတ်ပါတယ် ဒီတော့ ကလေးရဲ့ နို့နို့ကို ဘာဆိုဘာမှ သွားမထိကြဖို့ပြောပါရစေ ကလေးတခုခုဖြစ်လာခဲ့ရင် ဝိုင်းမြှောက်ပေးကြတဲ့ ဘေးက ဂျီးဒေါ်တွေ ကလေး ၅ယောက်အမေအဒေါ်ကြီးတွေ ဘာမှ မခံစားရပဲ ကလေးနဲ့ ကလေးမိဘသာခံစားကြရမှာဖြစ်ပါတယ်
မိဘရဲ့ ကျန်းမာရေးအသိကြောင့် ကလေးမှာ အဆိုးရော အကောင်းပါဖြစ်လာတတ်တာမို့ မိဘအားလုံး စာများများဖတ်ကြဖို့သာ တိုက်တွန်းချင်မိပါတယ် ငါတို့လဲ ညှစ်ထုတ်လာတာဘာမှမဖြစ်ပေါင်ဆိုတဲ့ အဒေါ်ကြီးများကို ပိုးဝင်လို့ ဆေးရုံပေါ်မှာ ဆေးသွင်းနေရတဲ့ကလေးလေးကိုပြချင်မိပါတယ်

ကလေးနဲ့ သန်ချဆေး

ကလေးသန်ချဖို့ဆိုတာ မေမေတွေသိချင်ကြတဲ့ ကိစ္စတခုပါပဲ ကလေးမှာ သန်ရှိနေရင် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သန်ချလို့ရပါတယ် ဆရာဝန်က စမ်းသပ်ကာ သန်အနေအထားကြည့်ပြီး လိုအပ်ရင် ဝမ်းစစ်ကာ သန်ချဆေးတိုက်ပါလိမ့်မယ် အသက် ၂နှစ်ထိ သန်မချရသေးရင်တော့ ၂နှစ်အရွယ်ကစလို့ ၆လ တခါ သန်ချရပါလိမ့်မယ် သန်ချချိန်မှာ မိသားစုအားလုံး တအိမ်လုံး တရက်တည်း သန်ချဆေးသောက်ရင်ပိုကောင်းပါတယ် သန်ချဆေးကို ညအိပ်ကာနီး အစာနဲ့ တနာရီလောက်ခြားကာ သောက်သင့်ပါတယ် မနက်မှာေ့တာ့အိပ်ယာခင်း စောင် ခြင်ထောင်တွေကို ရေနွေးဆူဆူနဲ့ပြုတ်ကာလျှော်သင့်ပါတယ် ကလေးကိုတော့ ဆရာဝန်က သင့်တော်တဲ့အကြိမ်အရေအတွက်နဲ့ ဆေးတိုက်ပါလိမ့်မယ် လူကြီးရော ကလေးပါ ပုံမှန် ၆လတခါ သန်ချသင့်ပါတယ် သန်ချဆေးဟာ ကလေးရဲ့ အူကစုပ်ယူတာမဟုတ်ပဲ သန်ဆီကိုသာတန်းရောက်တာမို့ ပူတဲ့အချိန်မှာသန်ချလို့လဲရပါတယ်
ကိုယ်ဝန်ဆောင်မိခင်လောင်းကတော့ သန်ချဆေးမသောက်သင့်ပါဘူး

*ကလေးတို့ အယူအဆအမှားတွေမှ ကင်းဝေးကြပါစေ*
Mitu Baby Care
.......................................................................

No comments:

Post a Comment