Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 9, 2018

လူမႈကြန္ယက္မွာ မိုက္ရိုင္း ဆဲဆိုေနတဲ႕ ”စစ္ေမဦး” အေကာင့္ပိုင္ရွင္ကို အေရးယူႏိုင္ဖို႔ စကၤာပူက ျမန္မာေတြ စတင္လႈပ္ရွား

စကၤာပူႏိုင္ငံ႐ွိ လူမႈကူညီေရး အဖြဲ႔အစည္းမွ အမုန္းစကား ျဖန္႔ေဝေနေသာ “စစ္ေမဦး”အမည္႐ွိ အေကာင့္ပိုင္႐ွင္အား အေရးယူႏိုင္ရန္ တာဝန္႐ွိသူမ်ားႏွင့္ ေဆြးေႏြးတိုင္ပင္

စစ္ေမဦး အမည္ျဖင့္ သံုးစြဲေနေသာ Fbအေကာင့္ပိုင္႐ွင္အား အမုန္းစကား ျဖန္႔ေဝမႈျဖင့္ စကၤာပူႏိုင္ငံ အေျခစိုက္ လူမႈကူညီေရး အဖြဲ႔အစည္းမွ စကၤာပူႏိုင္ငံ တရားဥပေဒနဲ႔အညီ အေရးယူႏိုင္ေရး တာဝန္႐ွိသူမ်ားႏွင့္ ေဆြးေႏြးတိုင္ပင္ခဲ့ၿပီလို႔ သိရပါတယ္။

ဒီသတင္းအေျခအေနကို Daily Newsမွ ဆက္သြယ္ေမးျမန္းခဲ့တဲ့အခါ အေရးယူႏိုင္ေရး ဦးေဆာင္သူျဖစ္တဲ့ ကိုေက်ာ္စိုးမွ ယခုကဲ့သို႔ ေျဖၾကားခဲ့ပါသည္။

ကိုေက်ာ္စိုး ။ ။ ဟုတ္ကဲ့ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ရတဲ့အေၾကာင္းအရာကေတာ့ လက္႐ွိစကၤာပူမွာ အလုပ္လုပ္ကိုင္ေနတဲ့ စစ္ေမဦးဆိုတဲ့တစ္ေယာက္ဟာ Social Network ကိုအသံုးျပဳၿပီး ျမန္မာျပည္မွာ႐ွိတဲ့ တိုင္းရင္းသား ညီအစ္ကို ေမာင္ႏွမအခ်င္းခ်င္း စိတ္ဝမ္းကြဲေစမည့္ ဘာသာေရး လူမ်ိဳးေရး အစ႐ွိသည့္ အမုန္းစကားေတြကို ျဖန္႔ေဝေနလို႔ပါပဲ။

သူက Liveကေလး ခဏလႊင့္ၿပီး ေျပာသြားေပမယ့္ သက္ဆိုင္ရာ တိုင္းရင္းသားေတြမွာ အရမ္းကို ေဒါသထြက္ၿပီး စိတ္မခ်မ္းေျမ့စရာေတြ ျဖစ္ၾကရပါတယ္။
အဲ့ဒီအတြက္ေၾကာင့္ ဒီေန႔ညေနပိုင္းမွ အဖြဲ႔အစည္းထဲ ပါဝင္သူတစ္ခ်ိဳ႕ရယ္ စကၤာပူႏိုင္ငံ႐ွိ တာဝင္႐ွိသူေတြရယ္ ေတြ႔ဆံုေဆြးေႏြးခဲ့သလို စကၤာပူႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးကိုလည္း အေရးယူႏိုင္ေရး ဖုန္းဆက္အသိေပးထားၿပီျဖစ္ေၾကာင္း ကိုေက်ာ္စိုးမွ Daily News ကို ေျဖၾကားခဲ့ျခင္း ျဖစ္ပါသည္။
Credit: Daily news

#Unicode Version#
စင်္ကာပူနိုင်ငံရှိ လူမှုကူညီရေး အဖွဲ့အစည်းမှ အမုန်းစကား ဖြန့်ဝေနေသော “စစ်မေဦး”အမည်ရှိ အကောင့်ပိုင်ရှင်အား အရေးယူနိုင်ရန် တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်

စစ်မေဦး အမည်ဖြင့် သုံးစွဲနေသော Fbအကောင့်ပိုင်ရှင်အား အမုန်းစကား ဖြန့်ဝေမှုဖြင့် စင်္ကာပူနိုင်ငံ အခြေစိုက် လူမှုကူညီရေး အဖွဲ့အစည်းမှ စင်္ကာပူနိုင်ငံ တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေး တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပြီလို့ သိရပါတယ်။

ဒီသတင်းအခြေအနေကို Daily Newsမှ ဆက်သွယ်မေးမြန်းခဲ့တဲ့အခါ အရေးယူနိုင်ရေး ဦးဆောင်သူဖြစ်တဲ့ ကိုကျော်စိုးမှ ယခုကဲ့သို့ ဖြေကြားခဲ့ပါသည်။

ကိုကျော်စိုး ။ ။ ဟုတ်ကဲ့ ကျွန်တော်တို့ လုပ်ဆောင်ရတဲ့အကြောင်းအရာကတော့ လက်ရှိစင်္ကာပူမှာ အလုပ်လုပ်ကိုင်နေတဲ့ စစ်မေဦးဆိုတဲ့တစ်ယောက်ဟာ Social Network ကိုအသုံးပြုပြီး မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း စိတ်ဝမ်းကွဲစေမည့် ဘာသာရေး လူမျိုးရေး အစရှိသည့် အမုန်းစကားတွေကို ဖြန့်ဝေနေလို့ပါပဲ။

သူက Liveကလေး ခဏလွှင့်ပြီး ပြောသွားပေမယ့် သက်ဆိုင်ရာ တိုင်းရင်းသားတွေမှာ အရမ်းကို ဒေါသထွက်ပြီး စိတ်မချမ်းမြေ့စရာတွေ ဖြစ်ကြရပါတယ်။
အဲ့ဒီအတွက်ကြောင့် ဒီနေ့ညနေပိုင်းမှ အဖွဲ့အစည်းထဲ ပါဝင်သူတစ်ချို့ရယ် စင်္ကာပူနိုင်ငံရှိ တာဝင်ရှိသူတွေရယ် တွေ့ဆုံဆွေးနွေးခဲ့သလို စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုလည်း အရေးယူနိုင်ရေး ဖုန်းဆက်အသိပေးထားပြီဖြစ်ကြောင်း ကိုကျော်စိုးမှ Daily News ကို ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
Credit: Daily news

No comments:

Post a Comment