Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, May 3, 2018

သြားၾကဦးမလား.. ရိုးရိုးခန္း 1500 ရွယ္ခန္း 3000 နဲ႔ နာမည္ႀကီးေနတဲ့ ေခၽြးထုတ္ခန္း…


ေခ်ြးထုတ္ခန္း…သြားၾကမလား !!!

တေန ့ေသာအခါ လူငယ္တစ္ေယာက္ ျမိဳ့တျမိဳ့သို့ေရာက္ရွိလာကာ ေလ်ွာက္ လည္ပတ္ေနသည္။

ထိုစဥ္ “ေခ်ြးထုတ္ခန္း” ဟုေရးသားထားေသာ ဆိုင္းဘုတ္ႀကီး ကိုေတြ႕မိ၍ ေမာ့ႀကည့္လိုက္သည္။

စပ္​စုလို​ေသာ​ေၾကာင္​့ ထိုေခ်ြးထုတ္ခန္းထဲဝင္ရန္ အေရွ ့တြင္ထိုင္ေနေသာ လူႀကီးကို ေမးလိုက္သည္။

“ဘယ္ေလာက္လဲဗ်။ေခ်ြးတခါ ထုတ္”

” ရိုးရိုးေခ်ြးထုတ္ခန္းက 1500။

ရွယ္ ခန္းက 3000 ပါ ညီေလး”

“ဒါဆို ရိုးရိုးခန္းဝင္ၾကည္​့မယ္ဗ်ာ။

အခ်ိန္က ဘယ္ေလာက္ရမလဲ ”

“ရိုးရိုးခန္းက 15 မိနစ္။ ရွယ္ခန္းဆိုရင္​ မိနစ္ 30”

“ဟုတ္ကဲ့ဗ်။ ေရာ့ 1500”

လူႀကီးက အခန္းတစ္ခန္းကိုဖြင့္ေပးျပီး ျပန္ပိတ္သြားသည္။ အခန္းသည္ 12ေပ ခန့္က်ယ္ဝန္းျပီး ကုတင္တစ္လုံးက ကန့္လန့္ျဖတ္ခ်ထားသည္။

အခန္းထဲတြင္ အဝတ္အစားမလုံ႔တလုံႏွင့္ေကာင္မေလးတစ္ေယာက္က သူ ့ကို ျပံဳးျပျပီး…

“လာ မိေအာင္လိုက္ဖမ္း။ မိရင္ ႀကိဳက္တာလုပ္။ ကုတင္ေပၚ ျဖတ္မ​ေျပးရဘူး ​ေနာ္​။

ကဲ..စျပီ လိုက္ေတာ့”

စကားဆုံးသည္ႏွင့္ေကာင္မေလး ေရွ့ကေျပး သူကေနာက္ကလိုက္ႏွင့္ ခ်က္​ျခင္​း ဖမ္​းမမိႏိုင္​ဘဲ ေခ်ြးေတြ ထြက္လာသည္။

ထိုစဥ္ျဖဳန္းခနဲ တံခါးပြင့္သြားျပီး လူႀကီး အခန္​းထဲ ဝင္​လာသည္​။

“အခ်ိန္ေစ့သြားျပီ ညီေလး”

သူနာရီႀကည့္လိုက္ေတာ့ ဟုတ္​ေနသည္။

အခ်ိန္က..ဘာမ်ွမရွိလိုက္သလို။

မိလုမိခင္အေနအထားမွာ အခ်ိန္​ျပည္​့ သြားသည္​ကိုး ။

ေနာက္ထပ္သုံး ေလး မိနစ္ေလာက္ဆိုရင္ မိျပီ။

စိတ္​တိုင္​းက် ျဖစ္​ၿပီ​ေလ။

သူမေက်နပ္ဘူး။ ဒါနဲ႔..​ေနာက္​တစ္​ခါဆို အဆင္​သင္​့ျဖစ္​​ေအာင္​ အက်ီ ၤကိုပါ ခ်ြတ္ခ်လိုက္ျပီး …

“ေရာ့…ဦး​ေလး။ ဒီတခါ ရွယ္ခန္းဝင္မယ္။ ​ေငြ 3000”

“လာ…ညီေလး လာ”

ေျပာေျပာဆိုဆို အခန္းတခုကို ဖြင့္ေပးလိုက္သည္္။

အခန္းထဲေရာက္ေတာ့ မီးမွိန္မွိန္ေလး ထြန္းထားသည္။

မ်က္စိက်င့္သားရသြားတဲ့အခ်ိန္ေရာက္ေတာ့ ႏႈတ္ခမ္းေမြးစစနဲ့ဗလေတာင့္ေတာင့္ လူႀကီးတစ္ေယာက္။

ခါးေတာင္းကို ေျမာင္ေနေအာင္က်ဳိက္ထားသည္။

သူ့ကိုျပံဳးျပလိုက္​ၿပီး…

“ကဲ …ညီ​ေလး​ေရ။

လြတ္ေအာင္ေျပး မိရင္ေတာ့ နာျပီသာမွတ္ စျပီ​ေဟ့။

မိနစ္​ ၃၀”

0ာိန္​…0ာိန္​… 🙂 🙂 0ာိန္​…0ာိန္​…
Credit: Original

#Unicode Version#
ချွေးထုတ်ခန်း…သွားကြမလား !!!

တနေ့သောအခါ လူငယ်တစ်ယောက် မြို့တမြို့သို့ရောက်ရှိလာကာ လျှောက် လည်ပတ်နေသည်။

ထိုစဉ် “ချွေးထုတ်ခန်း” ဟုရေးသားထားသော ဆိုင်းဘုတ်ကြီး ကိုတွေ့မိ၍ မော့ကြည့်လိုက်သည်။

စပ်စုလိုသောကြောင့် ထိုချွေးထုတ်ခန်းထဲဝင်ရန် အရှေ့တွင်ထိုင်နေသော လူကြီးကို မေးလိုက်သည်။

“ဘယ်လောက်လဲဗျ။ချွေးတခါ ထုတ်”

” ရိုးရိုးချွေးထုတ်ခန်းက 1500။

ရှယ် ခန်းက 3000 ပါ ညီလေး”

“ဒါဆို ရိုးရိုးခန်းဝင်ကြည့်မယ်ဗျာ။

အချိန်က ဘယ်လောက်ရမလဲ ”

“ရိုးရိုးခန်းက 15 မိနစ်။ ရှယ်ခန်းဆိုရင် မိနစ် 30”

“ဟုတ်ကဲ့ဗျ။ ရော့ 1500”

လူကြီးက အခန်းတစ်ခန်းကိုဖွင့်ပေးပြီး ပြန်ပိတ်သွားသည်။ အခန်းသည် 12ပေ ခန့်ကျယ်ဝန်းပြီး ကုတင်တစ်လုံးက ကန့်လန့်ဖြတ်ချထားသည်။

အခန်းထဲတွင် အဝတ်အစားမလုံ့တလုံနှင့်ကောင်မလေးတစ်ယောက်က သူ့ကို ပြုံးပြပြီး…

“လာ မိအောင်လိုက်ဖမ်း။ မိရင် ကြိုက်တာလုပ်။ ကုတင်ပေါ် ဖြတ်မပြေးရဘူး နော်။

ကဲ..စပြီ လိုက်တော့”

စကားဆုံးသည်နှင့်ကောင်မလေး ရှေ့ကပြေး သူကနောက်ကလိုက်နှင့် ချက်ခြင်း ဖမ်းမမိနိုင်ဘဲ ချွေးတွေ ထွက်လာသည်။

ထိုစဉ်ဖြုန်းခနဲ တံခါးပွင့်သွားပြီး လူကြီး အခန်းထဲ ဝင်လာသည်။

“အချိန်စေ့သွားပြီ ညီလေး”

သူနာရီကြည့်လိုက်တော့ ဟုတ်နေသည်။

အချိန်က..ဘာမျှမရှိလိုက်သလို။

မိလုမိခင်အနေအထားမှာ အချိန်ပြည့် သွားသည်ကိုး ။

နောက်ထပ်သုံး လေး မိနစ်လောက်ဆိုရင် မိပြီ။

စိတ်တိုင်းကျ ဖြစ်ပြီလေ။

သူမကျေနပ်ဘူး။ ဒါနဲ့..နောက်တစ်ခါဆို အဆင်သင့်ဖြစ်အောင် အကျီ ၤကိုပါ ချွတ်ချလိုက်ပြီး …

“ရော့…ဦးလေး။ ဒီတခါ ရှယ်ခန်းဝင်မယ်။ ငွေ 3000”

“လာ…ညီလေး လာ”

ပြောပြောဆိုဆို အခန်းတခုကို ဖွင့်ပေးလိုက်သည်။

အခန်းထဲရောက်တော့ မီးမှိန်မှိန်လေး ထွန်းထားသည်။

မျက်စိကျင့်သားရသွားတဲ့အချိန်ရောက်တော့ နှုတ်ခမ်းမွေးစစနဲ့ဗလတောင့်တောင့် လူကြီးတစ်ယောက်။

ခါးတောင်းကို မြောင်နေအောင်ကျိုက်ထားသည်။

သူ့ကိုပြုံးပြလိုက်ပြီး…

“ကဲ …ညီလေးရေ။

လွတ်အောင်ပြေး မိရင်တော့ နာပြီသာမှတ် စပြီဟေ့။

မိနစ် ၃၀”

0ာိန်…0ာိန်… 🙂 🙂 0ာိန်…0ာိန်…
Credit: Original

No comments:

Post a Comment