Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, May 3, 2018

၇ ရက္သားသမီးမ်ားအတြက္ ေမလ ေဟာစတမ္း

တနဂၤေနြ သားသမီးမ်ားအတြက္
➖➖➖➖
ဒီလအတြင္းေတာ့ အလုပ္အကိုင္ ေကာင္းမလုိလုိနဲ႕ အခက္အခဲနဲ႕ ၾကံဳေတြ႕ ရတတ္ပါတယ္။ မိမိ၏ လုပ္ငန္းတြင္ စေန၊ အဂၤါ သားသမီး (သို႕) လက္ေအာက္ ငယ္သား တစ္ေယာက္ေၾကာင့္ အဆင္မေျပ ႀကံံ့ၾကာ မႈမ်ား ျဖစ္ေနတတ္ပါတယ္။ လုပ္ငန္းကိစ ထင္သေလာက္ျဖစ္ မလာျခင္းမ်ား ႀကံဳရတတ္ပါတယ္။ အိမ္ ၊ ျခံ ၊ ေျမ အေရာင္းအ၀ယ္လုပ္သူမ်ား ခ်ိန္းျပီး မွ ပ်က္တတ္ပါတယ္။
အိမ္ေထာင္ဘက္ ခရီးထြက္သြားျခင္း ၊ အေ၀း ေရာက္ေနျခင္း မ်ား ျဖစ္တတ္ပါသည္။ အိမ္ေထာင္ဘက္နွင့္ ပတ္သက္ျပီး စိတ္အေႏွာက္အယွက္ ျဖစ္ရ တတ္ပါသည္။

အခ်စ္ေရးနဲ႕ ပတ္သက္လုိ႕ ေရွ႕တုိးလုိ႕ မရ ၊ ေနာက္ဆုတ္လုိ႕ မျဖစ္တဲ့ အေနအထားမ်ိဳးကုိ ၾကံဳရတတ္ပါတယ္။ စေန ၊ အဂၤါ ၊ ဗုဒၵဟူး ခ်စ္သူရွိပါက ၄င္းတုိ႕နဲ႕ ပတ္သက္ျပီး စိတ္ဆင္းရဲ ရတတ္ပါတယ္။ လမ္းခြဲသြားျခင္းမ်ိဳးလည္း ျဖစ္ရတတ္ ပါတယ္။ တစ္ကိုယ္တည္း အထီးက်န္သလုိ ခံစားရတတ္ေသာ ကာလျဖစ္ပါသည္။
ေငြအ၀င္နည္းျပီး ေငြအထြက္ မ်ားေနမည္။ က်န္းမာေရးႏွင့္ ပတ္သက္လို႕ ဆိုးဆုိး၀ါး၀ါး မရွိေသာ္လည္း စိတ္ေသာက ျဖစ္ျခင္း ၊ စိတ္အလို မက်ျခင္း တုိ႕ ျဖစ္တတ္ပါသည္။ အမ်ိဳးသား၏ ေဆြမ်ိဳးသားျခင္းေၾကာင့္လည္း စိတ္ညစ္ရ တတ္ပါသည္။ စပ္တူလုပ္ငန္း မလုပ္ပါနွင့္ ဆံုးတတ္ပါတယ္။ ေငြအလိမ္ခံ ရတတ္ပါသည္။ ေရႊထြက္ကိန္း ရွိသည္။ လက္ေအာက္ငယ္သား ၊ ကုိယ့္ထက္ငယ္ေသာ ေဆြမ်ိဳးသားခ်င္း နဲ႕ပတ္သက္ျပီး စိတ္ညစ္ရတတ္ပါသည္။ လုပ္ငန္းၾကန္႕ၾကာ တတ္ပါတယ္။ တ ဌ ထ ဒ ဓ န အမည္စ ေသာသူမ်ား အလုပ္ထြက္ သြားတတ္ပါတယ္။ ခရီးထြက္ ရ ကိန္း ရွိသည္။ ေကာင္းေသာ ခရီးျဖစ္တတ္ပါတယ္။ ထီေပါက္ကိန္းမရွိေသးပါ။
ယၿတာ= သေျပ (၁၁) ညြန္႕လွဴေပးပါ။
ဖေယာင္းတိုင္(၁၁) တိုင္ အေမႊးတိုင္ (၁၁) တိုင္ ပူေဇာ္ေပးပါ။
—————-
တနလၤာ သားသမီးမ်ားအတြက္
➖➖➖➖
ဒီလအတြင္း ခရီးသြားလုပ္ငန္း ၊ ဟုိတယ္လုပ္ငန္း ၊ သစ္လုပ္ငန္း ၊ ေရႊလုပ္ငန္း လုပ္သူမ်ား ေအာင္ျမင္မႈရမည္။ ထြက္ထားေသာ ေရႊမ်ား ျပန္၀င္ ကိန္း ရွိပါသည္။ ေဆးခန္း ၊ ဆုိင္ခန္း ကိစၥ အဆင္ေျပ ေအာင္ျမင္မည္။ စက္ပစၥည္း ၀င္ကိန္း ရွိပါသည္။
ေဆြမ်ိဳးသားခ်င္း ၊ အၾကီးအကဲ ေၾကာင့္ စိတ္အေႏွာက္အယွက္ ျဖစ္ရတတ္ပါသည္။ တနဂၤေနြ ၊ ၾကာသပေတး သားသမီး မ်ားကုိ ေငြမေခ်းပါႏွင့္ ဆံုးတတ္ပါသည္။ မိမိ မိတ္ေဆြမ်ားထဲမွ ၾကာသပေတး၊ တနဂၤေႏြသားသမီး တစ္ဦး ေငြေၾကးအဆင္မေျပ သည့္ သတင္းၾကား ရတတ္ပါသည္။ အေဖ က်န္းမာေရး ညံ့တတ္ပါတယ္။
ေငြ မ်ားေနမည္။ စပ္တူကိစၥ ၊ စက္ပစၥည္း ကိစၥ သတိထား ေဆာင္ရြက္ပါ။ ဆံုးရံႈးကိန္း က်န္႕ၾကာကိန္း ရွိပါသည္။ အက်ိဳးအျမတ္မရႏုိင္ေသးပါ။ အိမ္ေထာင္ရွိသူမ်ား အိမ္ေထာင္ဘက္ စန္းပြင့္လုိ႕ စိတ္ညစ္ရတတ္ပါတယ္။

ခ်စ္သူ ရည္းစားမ်ား အေနနဲ႕ ခ်စ္သူ၏ စားျပီးနားမလည္ လုပ္တာမ်ိဳး ခံရတတ္ပါသည္။ လက္ထပ္ဖုိ႕ ကိစၥ ေန႕ေရႊ႕ည ေရႊ႕ လုပ္ေနတတ္ပါတယ္။ ရပ္ေ၀းေရာက္ေနေသာ ခ်စ္သူမ်ား မေမွ်ာ္လင့္ပဲ ျပန္လည္း ဆံုေတြ႕ရ တတ္ပါသည္။
ယၿတာ =သၾကားနဲ႕ ဆြမ္းကပ္လွဴေပးပါ။ ေသာက္ေတာ္ေရ (၅)ခြက္ လွဴေပးပါ။
ဘာသာေရးမ်ားမ်ား လုပ္ေပးပါ။ ေမြးေန႔အပတ္တိုင္း 5 ပတ္တိတိ သက္သတ္လြတ္ စားေပးပါ။
————–
အဂၤါ သားသမီးမ်ားအတြက္
➖➖➖➖
ေငြေၾကးကံ ေကာင္းေန တတ္ပါသည္။ ေခ်းထားေသာေငြမ်ား ရ ရန္ရွိေသာ ေငြမ်ား ျပန္ရတတ္ပါသည္။ ၀န္ထမ္း လုပ္သူမ်ားအေနနဲ႕ ရာထူးတုိး ရတတ္ပါသည္။ အလုပ္အကိုင္ ေျပာင္းရေတာ့ မလုိလုိနွင့္ မေျပာင္းျဖစ္ပဲ ရွိေနတတ္ပါသည္။
ႏိုင္ငံျခားနဲ႔ ပတ္သက္ေသာ လုပ္ငန္း ၊ ေငြ ၊ ေက်ာက္ ၊ ကား ၊ ကြန္ပ်ဴတာ ၊ ခရီးသြားလုပ္ငန္း၊ ထီး ဖိနပ္ ၊ သံ သြပ္ သစ္ လုပ္ငန္းမ်ား အက်ိဳးေပး ေအာင္ျမင္မည္ ။ အိမ္ေထာင္ရွိသူမ်ား အိမ္ေထာင္ဘက္ႏွင့္ ပတ္သက္ျပီး မၾကာခဏ စကားမ်ားရတတ္ပါတယ္။
အိမ္ေဆာက္မည့္သူမ်ား လုပ္မည္ ဟု စီစဥ္ထားၿပီး ၾကံံ႕ၾကာတတ္ပါသည္။ ခ်စ္သူရွိသူမ်ား ခ်စ္သူနဲ႕ ကေတာက္ က ဆ တတ္ပါသည္။ တနဂၤေနြ ၊ ဗုဒၵဟူး သား ခ်စ္သူရွိလွ်င္ ခ်စ္သူ၏ ရည္းစားေဟာင္းမ်ား ေနွာက္ယွက္ျခင္း ခံရတတ္ပါတယ္။ မထင္မွတ္ပဲ ခရီးထြက္ျဖစ္တတ္ပါသည္။ စိတ္ခ်မ္းသာ စရာ ေကာင္းေသာ ခရီးျဖစ္ပါသည္။

ဆရာသမား၊ အၾကီး အကဲ ညိဳညင္တာ ခံ ရတတ္ပါသည္။ တနဂၤေနြ ၊ ဗုဒၵဟူးသားသမီး မ်ားကို ေငြမေခ်းပါႏွင့္ ။ အလုပ္နွင့္ပတ္သက္လုိ႕ ကုိယ့္ကုိ မနာလုိ သူ မ်ားေၾကာင့္ စိတ္အေႏွာက္အယွက္ ျဖစ္ရတတ္ပါသည္။
စက္ပစၥည္းနဲ႔ ပတ္သတ္ေသာ လုပ္ငန္း ၊ စာသင္ေသာအလုပ္ ၊ ဆုိင္လုပ္ငန္း ၊ ေဆးလုပ္ငန္း ၊ စပ္တူလုပ္ငန္းမ်ား သင္တန္းလုပ္ေသာသူမ်ား ၀င္ေငြ အားနည္းေနမည္။ အလကားေနရင္ စိတ္ရႈပ္ေနမႈ ၊ စိတ္ေလေနမႈမ်ား ျဖစ္ေနတတ္ပါသည္။ အလုပ္မလုပ္ခ်င္ မကုိင္ခ်င္ ျဖစ္ေနတတ္ပါတယ္။ က်န္းမာေရးကေတာ့ ေခါင္းမူးတာ ဗုိက္ေအာင့္တာ ျဖစ္တတ္ပါသည္။
ယၾတာ = ခေရ ညြန္႕ ၈ ညြန္႕ ဘုရားလွဴေပးပါ။ ပန္းအဝါေရာင္ ၈ ပြင့္ အေမႊးတိုင္ ၈တိုင္ ပူေဇာ္ေပးပါ။
————–
ဗုဒၶဟူး သားသမီးမ်ား အတြက္
➖➖➖➖➖

ဒီလထဲတြင္ ေငြမ်ားမ်ား ဝင္ကိန္း ႐ွိသည္။နိုင္ငံျခားနဲ႕ ပတ္သက္ေသာကိစၥ ၊ လူမ်ိဳးျခား နဲ႕ပတ္သက္ေသာ ကိစၥမ်ား အဆင္ေျပ ေအာင္ျမင္မည္။ ရပ္ေ၀းခရီး ၊ ႏုိင္ငံျခားခရီး သြားရတတ္ပါသည္။
အိမ္ေထာင္ရွိသူမ်ား စန္းပြင့္ေနတတ္ပါသည္။ မိတ္ရင္းေဆြရင္း ေငြေပးေငြယူ သတိထားပါ။ ကခဂဃင သဟ အကၡရာနဲ႕ စေသာသူမ်ားကုိ ေငြေခ်းျခင္း အာမခံျခင္းျပဳပါက စိတ္ညစ္ရမည္။ ေငြေၾကး အ၀င္ၾကမ္း အထြက္ ၾကမ္းျဖစ္ ေနတတ္သည္။ အေဆာက္အဦးနဲ႕ ပတ္သက္ေသာကိစၥ လုပ္သူမ်ား၊ စပ္တူ ရွယ္ယာလုပ္မည့္သူမ်ား တုိ႕လုိ႕ တန္းလန္းနဲ႕ ၾကံၾကာေနတတ္ပါသည္။
ရပ္ေ၀းမွ မိတ္ေဆြမ်ား နွင့္ လုပ္ငန္း စပ္တူလုပ္ရန္ အခြင့္ေကာင္း ေပၚတတ္ပါသည္။ ၀င္ထားေသာ ေရႊမ်ား ျပန္ထြက္ကိန္း ရွိပါသည္။ ငယ္ရြယ္သူမ်ား ပညာအသစ္ရျခင္း ၊ သင္းတန္းတက္ရျခင္းမ်ား ၾကံဳမည္။ ခ်စ္သူရွိသူမ်ား ကုိယ့္ခ်စ္သူနဲ႕ပတ္သက္ျပီး စိတ္ပ်က္ စိတ္ရႈပ္ရတတ္ပါသည္။ တနလၤာသား ခ်စ္သူနဲ႕ ဆုိ အဆင္မေျပျဖစ္ကိန္းရွိပါသည္။ လက္ရွိအလုပ္မွ ေျပာင္းလုိ ေရႊ႕လုိ စိတ္ျဖစ္တတ္ပါသည္။ က်န္းမာေရး အေနနဲ႕ အေၾကာ၊ ေၾကာေအာင့္ျခင္း ၊ ေလေအာင့္ ၊ ေလးဘက္နာ ၊ အဆစ္အျမစ္ကိုက္ျခင္း ျဖစ္တတ္ပါသည္။ အမ်ိဳးသမီးမ်ား သာအိ္မ္ ၊ မီးယပ္နဲ႕ပတ္သက္ျပီး က်န္းမာေရး ဂရုစိုက္ေပးပါ။
ယၿတာအေနနဲ႕ ။ ။ဘုရားမွာ နွင္းဆီပန္း (၁၇)ပြင့္ လွဴေပးပါ။ ငါး ၆ ေကာင္ ၊ စာကေလး ၆ ေကာင္ လႊတ္ေပးပါ။
————-

ရာဟု သားသမီးမ်ား အတြက္
➖➖➖➖
ဒီလအတြင္း ခရီးမ်ားေနတတ္ပါသည္။ ဟုိသြားခ်င္ ဒီသြားခ်င္ ျဖစ္ေန တတ္ပါသည္။ ခရီးသြားလုပ္ငန္း ၊ ဟုိတယ္လုပ္ငန္း ၊ သစ္လုပ္ငန္း ၊ ေရႊလုပ္ငန္း ၊ လုပ္သူမ်ား ေအာင္ျမင္မႈရမည္။ ပညာသစ္ရျခင္း၊ သင္တန္းတက္ရျခင္းတုိ႕ျဖစ္တတ္ပါတယ္။
ဆရာသမားမ်ား၏ အကူအညီကုိ ရတတ္ပါတယ္။ က်န္းမာေရးကေတာ့ ေကာင္းေနပါသည္။ ေငြထြက္မ်ားကိန္း ရွိပါသည္။ လူထုနဲ႕ပတ္သက္ေသာ လုပ္ငန္းမ်ား ေအာင္ျမင္ေနမည္။ ဖုန္းအသစ္၀င္တတ္ပါသည္။
အိမ္ေထာင္ရွိသူမ်ား အိမ္ေထာင္ေရး အဆင္ေျပေနမည္။ ခ်စ္သူရည္းစားမ်ား အေနနဲ႕ လက္ထပ္ဖုိ႕စုေဆာင္းၾကိဳးစား ရန္ တုိင္ပင္ျပီး အလုပ္ၾကိဳးစားေနရင္း စုလုိက္ ကုန္လုိက္ျဖစ္ေနေသာ ကာလျဖစ္ေပသည္။ ရပ္ေ၀းေရာက္ေနေသာ ခ်စ္သူမ်ား မေမွ်ာ္လင့္ပဲ ျပန္လည္း ဆံုေတြ႕ရတတ္ပါသည္။
ယၿတာအေနနဲ႕ကေတာ့ ။ ။ ေသာက္ေတာ္ေရ ၅ ခြက္ လွဴေပးပါ။ ဘုရားမွာ ေရႊသကၤန္း လွဴေပးလုိက္ပါ။
—————-
ၾကာသပေတး သားသမီးမ်ားအတြက္
➖➖➖➖➖
အခ်စ္ေရး ကံမေကာင္းပါ။ ခ်စ္သူေၾကာင့္ စိတ္ေသာက ေရာက္ရမည့္ ကာလျဖစ္ပါသည္။ ေငြ အထြက္မ်ားျပီး အာမ ခံ ေငြေၾကးမ်ား ကုိယ္က စုိက္ေလွ်ာ္ရတတ္သည္။ ခ်စ္သူနွင့္ ႏုတ္မဆက္ပဲ ရုတ္ရက္ လမ္းခြဲရျခင္း မ်ိဳးၾကံဳရတတ္ပါသည္။
ေျခလက္ ထိခုိက္မည့္ကိန္း ရွိပါသည္။ အလုပ္အကိုင္ ေကာင္းေသာလည္း အလုပ္ထဲ တြင္ စိတ္မပါ သလုိ ျဖစ္ေနတတ္ပါသည္။ တနလၤာေန႕၊ ေသာၾကာေန႕တြင္ ခ၇ီးေ၀းေရွာင္ပါ။
အထူးသျဖင့္ ၄င္းေန႕တြင္ အေရွ႕အရပ္ ေျမာက္အရပ္ ခရီး ကုိ ေရွာင္ပါ။ က ခ ဂ င သ ဟ အမည္ႏွင့္စေသာ ခ်စ္သူ ရွိသူမ်ား သတိထားပါ ။ မိမိအား လမ္းခြဲသြားတတ္ပါသည္။ ထီကံေကာင္းတတ္ပါသည္။ ၅ ၃ ၆ မ်ားမ်ား ပါေသာ ထီ ကို ထိုးေပးပါ။ မိတ္ေဆြ ဆရာသမ်ားမ်ား ကူညီမႈ ရမည္။ တနလၤာ ၊ ေသာၾကာသားသမီးမ်ား ကုိ ေငြမေခ်းပါႏွင့္ အာမ မခံပါႏွင့္ စိတ္ေသာက ေရာက္ရျခင္း ေငြဆံုးရံႈးရျခင္းတုိ႕ျဖစ္တတ္ပါသည္။
ယၿတာ ။ ။ ပိေတာက္ညြန္႕ ဘုရားလွဴေပးပါ။ ပိေတာက္သားပုတီးနဲ႕ ဗုေဒၶြြါ ဂုဏ္ေတာ္ကုိ တစ္ေန႕ ၃ ပတ္ စိတ္ေပးပါ။ ေမြးေန႔ အပတ္တိုင္း စိတ္ေပးပါ။
————-
ေသာၾကာ သားသမီးမ်ား အတြက္
➖➖➖➖
ဒီလ အတြင္း စိန္ထည္ပစၥည္း ၊ စက္ပစၥည္း ၀င္ကိန္းရွိပါသည္။ ဆုိင္ကိစၥ ၊ ဆုိင္ခန္းကိစၥမ်ား အဆင္ေျပ ေအာင္ျမင္မည္။ ေျပာင္းေရႊ႕ရျခင္းမ်ား ၾကံဳရတတ္ပါသည္။ အိမ္ ျပင္စရာ ဆင္စရာ ကိစၥေပၚမည္။
အိမ္ ေဆာက္သည့္ကိစၥ လုိအပ္သည္ထက္ ေငြကုန္ေၾကးက်မ်ား သြား တတ္ပါသည္။ မိတ္ရင္းေဆြရင္း ၊ ေၾကာင့္ ေငြပုိကုန္ရတတ္ပါသည္။ လူရင္း ဒုကၡေပးတတ္ပါသည္။ အိမ္ေထာင္ေရး အဆင္မေျပ ျဖစ္ေနသူမ်ား ျပန္လည္ အဆင္ေျပသြားတတ္ပါတယ္။
အခ်စ္ေရးကိစၥတြင္ ခ်စ္သူနဲ႕ အဆင္မေျပျဖစ္ ေနသူမ်ား အဆင္ေျပသြား တတ္ပါသည္ ။ႏုိင္ငံျခား လူမ်ိဳးျခား ႏွင့္ ပတ္သက္ေသာကိစၥ အဆင္ေျပေအာင္ျမင္မည္။ လက္ေအာက္ငယ္ ကူညီမႈကုိ ရတတ္ပါတယ္။ ခရီးထြက္စရာ ကိစၥမ်ားေပၚတတ္ပါတယ္။ ခရီးထြက္ျပီး ျပန္လာလွ်င္ ည့့ံေနတဲ့ကံမ်ား ေကာင္းသြားတတ္ပါသည္။ ေငြေၾကးနွင့္ ပတ္သက္လုိ႕ တနလၤာ ၊ ၾကာသပေတး သားသမီးေၾကာင့္ ၾကံ႕ၾကာေနတတ္မည္။ ေရႊထြက္ကိန္း ရွိပါတယ္။ ေျမကိစၥ ျပႆနာ အမႈအခင္း ျဖစ္တတ္ပါသည္။ က်န္းမာေရး အေနနဲ႕ အေၾကာ ၊ အစာအိမ္ ၊ ဗုိက္ နဲ႕ ပတ္သက္ျပီး က်န္းမာေ၇း ဂရုစုိက္ပါ ။
ယၿတာ ။ ။ ၾသဇာညြန္႕ (၂၁)ညြန္႕ လွဴေပးပါ။ ပန္းအျဖဴေရာင္ (၂၁) ပြင့္ ဖေယာင္းတိုင္(၂၁)တိုင္အေမႊးတိုင္ (၂၁)တိုင္ ပူေဇာ္ေပးပါ။
——————
စေန သားသမီးမ်ား အတြက္
➖➖➖➖
ဆံုးျဖတ္ရ ခက္ေနလိမ့္မယ္။ အရာရာ သတိထား ေဆာင္႐ြက္ပါ။ ေရွ႕တိုးေဆာင္႐ြက္မဲ့ ကိစၥမ်ား မိမိဆံုးျဖတ္ခ်က္ တစ္ခုတည္းနဲ႔ မဆံုးျဖတ္ပါနဲ႔။ အလုပ္နဲ႔ပက္သက္ၿပီး စိတ္ရႈပ္ေနရပါတယ္။
မသြားခ်င္တဲ့ ေနရာသြားရျခင္း၊ နယ္ေျပာင္းခံရျခင္းေတြ ႀကံဳေတြ႕ရပါလိမ့္မယ္။ အထက္လူႀကီးက မိမိအေပၚ အျမင္မၾကည္တာမ်ိဳးေတြလဲ ရွိေနပါတယ္။ စိတ္အရမ္း ညစ္ရတတ္တယ္။ အိမ္ေထာင္ဘက္ အခ်င္းခ်င္း စကားအေျခအတင္ မ်ားရတတ္တယ္။
မိသားစုနဲ႔ ခြဲခြာရတတ္ပါတယ္။ မိတ္ေဆြေကာင္းေတြရဲ႕ ကူညီမႈအမ်ားႀကီးရမဲ့ အခ်ိန္ပါပဲ။ က်န္းမာေရးလဲ အနည္းငယ္ အားနည္းေနပါတယ္။ ေနပူနည္းနည္းမိတာမ်ိဳး၊ အိပ္ေရးပ်က္တာမ်ိဳး ႀကံဳတာနဲ႔ ဖ်ားနာတတ္ပါတယ္။ စိတ္ေျပလက္ေပ်ာက္ ခရီးထြက္ျခင္း၊ ကေလးေတြကို ေပ်ာ္ေအာင္ လုပ္ေပးျခင္းျဖင့္ ကံေတြျပန္ျမင့္ လာပါလိမ့္မယ္။ အခ်စ္ေရးမွာ ခ်စ္သူနဲ႔ အေနေဝးဖို႔ အေၾကာင္း ဖန္လာလိမ့္မယ္။ ပညာေရးအတြက္ေတာ့ စိတ္ေအးခ်မ္းရမဲ့ အခ်ိန္ပါပဲ။
ယၾတာ = ပန္းအနီ (7) ပြင့္ ဖေယာင္းတိုင္ (7) တိုင္ အေမႊးတိုင္ (7) တိုင္ ပူေဇာ္ေပးပါ။ ႏြားႏို႔ (3) ခြက္ကပ္ေပးပါ ။
—————–
ခုႏွစ္ရက္သားသမီးမ်ားႏွင့္ မိတ္ေဆြမ်ား အားလံုး ကိုယ္စိတ္ႏွစ္ပါး ေအးခ်မ္းပါေစ
ေသာကဟူသမ်ွ ကင္ေဝးပါေစ ၊ ဆႏၵႏွင့္ဘဝ တထပ္တည္းၾကပါေစ ၊ ပို႔သေမတၱာ ရ႐ွိၿပီး ေန႔ရက္တိုင္း ေပ်ာ္ရႊင္ခ်မ္းေျမ့ ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္၊၊
Credit: ေဗဒင္ႏွင့္ လကၡဏာ ဆရာမင္းသုခ

#Unicode Version#
တနင်္ဂနွေ သားသမီးများအတွက်
➖➖➖➖
ဒီလအတွင်းတော့ အလုပ်အကိုင် ကောင်းမလိုလိုနဲ့ အခက်အခဲနဲ့ ကြုံတွေ့ ရတတ်ပါတယ်။ မိမိ၏ လုပ်ငန်းတွင် စနေ၊ အင်္ဂါ သားသမီး (သို့) လက်အောက် ငယ်သား တစ်ယောက်ကြောင့် အဆင်မပြေ ကြံံ့ကြာ မှုများ ဖြစ်နေတတ်ပါတယ်။ လုပ်ငန်းကိစ ထင်သလောက်ဖြစ် မလာခြင်းများ ကြုံရတတ်ပါတယ်။ အိမ် ၊ ခြံ ၊ မြေ အရောင်းအဝယ်လုပ်သူများ ချိန်းပြီး မှ ပျက်တတ်ပါတယ်။
အိမ်ထောင်ဘက် ခရီးထွက်သွားခြင်း ၊ အဝေး ရောက်နေခြင်း များ ဖြစ်တတ်ပါသည်။ အိမ်ထောင်ဘက်နှင့် ပတ်သက်ပြီး စိတ်အနှောက်အယှက် ဖြစ်ရ တတ်ပါသည်။

အချစ်ရေးနဲ့ ပတ်သက်လို့ ရှေ့တိုးလို့ မရ ၊ နောက်ဆုတ်လို့ မဖြစ်တဲ့ အနေအထားမျိုးကို ကြုံရတတ်ပါတယ်။ စနေ ၊ အင်္ဂါ ၊ ဗုဒ္ဒဟူး ချစ်သူရှိပါက ၎င်းတို့နဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲ ရတတ်ပါတယ်။ လမ်းခွဲသွားခြင်းမျိုးလည်း ဖြစ်ရတတ် ပါတယ်။ တစ်ကိုယ်တည်း အထီးကျန်သလို ခံစားရတတ်သော ကာလဖြစ်ပါသည်။
ငွေအဝင်နည်းပြီး ငွေအထွက် များနေမည်။ ကျန်းမာရေးနှင့် ပတ်သက်လို့ ဆိုးဆိုးဝါးဝါး မရှိသော်လည်း စိတ်သောက ဖြစ်ခြင်း ၊ စိတ်အလို မကျခြင်း တို့ ဖြစ်တတ်ပါသည်။ အမျိုးသား၏ ဆွေမျိုးသားခြင်းကြောင့်လည်း စိတ်ညစ်ရ တတ်ပါသည်။ စပ်တူလုပ်ငန်း မလုပ်ပါနှင့် ဆုံးတတ်ပါတယ်။ ငွေအလိမ်ခံ ရတတ်ပါသည်။ ရွှေထွက်ကိန်း ရှိသည်။ လက်အောက်ငယ်သား ၊ ကိုယ့်ထက်ငယ်သော ဆွေမျိုးသားချင်း နဲ့ပတ်သက်ပြီး စိတ်ညစ်ရတတ်ပါသည်။ လုပ်ငန်းကြန့်ကြာ တတ်ပါတယ်။ တ ဌ ထ ဒ ဓ န အမည်စ သောသူများ အလုပ်ထွက် သွားတတ်ပါတယ်။ ခရီးထွက် ရ ကိန်း ရှိသည်။ ကောင်းသော ခရီးဖြစ်တတ်ပါတယ်။ ထီပေါက်ကိန်းမရှိသေးပါ။
ယတြာ= သပြေ (၁၁) ညွန့်လှူပေးပါ။
ဖယောင်းတိုင်(၁၁) တိုင် အမွှေးတိုင် (၁၁) တိုင် ပူဇော်ပေးပါ။
—————-
တနင်္လာ သားသမီးများအတွက်
➖➖➖➖
ဒီလအတွင်း ခရီးသွားလုပ်ငန်း ၊ ဟိုတယ်လုပ်ငန်း ၊ သစ်လုပ်ငန်း ၊ ရွှေလုပ်ငန်း လုပ်သူများ အောင်မြင်မှုရမည်။ ထွက်ထားသော ရွှေများ ပြန်ဝင် ကိန်း ရှိပါသည်။ ဆေးခန်း ၊ ဆိုင်ခန်း ကိစ္စ အဆင်ပြေ အောင်မြင်မည်။ စက်ပစ္စည်း ဝင်ကိန်း ရှိပါသည်။
ဆွေမျိုးသားချင်း ၊ အကြီးအကဲ ကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတတ်ပါသည်။ တနင်္ဂနွေ ၊ ကြာသပတေး သားသမီး များကို ငွေမချေးပါနှင့် ဆုံးတတ်ပါသည်။ မိမိ မိတ်ဆွေများထဲမှ ကြာသပတေး၊ တနင်္ဂနွေသားသမီး တစ်ဦး ငွေကြေးအဆင်မပြေ သည့် သတင်းကြား ရတတ်ပါသည်။ အဖေ ကျန်းမာရေး ညံ့တတ်ပါတယ်။
ငွေ များနေမည်။ စပ်တူကိစ္စ ၊ စက်ပစ္စည်း ကိစ္စ သတိထား ဆောင်ရွက်ပါ။ ဆုံးရှုံးကိန်း ကျန့်ကြာကိန်း ရှိပါသည်။ အကျိုးအမြတ်မရနိုင်သေးပါ။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက် စန်းပွင့်လို့ စိတ်ညစ်ရတတ်ပါတယ်။

ချစ်သူ ရည်းစားများ အနေနဲ့ ချစ်သူ၏ စားပြီးနားမလည် လုပ်တာမျိုး ခံရတတ်ပါသည်။ လက်ထပ်ဖို့ ကိစ္စ နေ့ရွှေ့ည ရွှေ့ လုပ်နေတတ်ပါတယ်။ ရပ်ဝေးရောက်နေသော ချစ်သူများ မမျှော်လင့်ပဲ ပြန်လည်း ဆုံတွေ့ရ တတ်ပါသည်။
ယတြာ =သကြားနဲ့ ဆွမ်းကပ်လှူပေးပါ။ သောက်တော်ရေ (၅)ခွက် လှူပေးပါ။
ဘာသာရေးများများ လုပ်ပေးပါ။ မွေးနေ့အပတ်တိုင်း 5 ပတ်တိတိ သက်သတ်လွတ် စားပေးပါ။
————–
အင်္ဂါ သားသမီးများအတွက်
➖➖➖➖
ငွေကြေးကံ ကောင်းနေ တတ်ပါသည်။ ချေးထားသောငွေများ ရ ရန်ရှိသော ငွေများ ပြန်ရတတ်ပါသည်။ ဝန်ထမ်း လုပ်သူများအနေနဲ့ ရာထူးတိုး ရတတ်ပါသည်။ အလုပ်အကိုင် ပြောင်းရတော့ မလိုလိုနှင့် မပြောင်းဖြစ်ပဲ ရှိနေတတ်ပါသည်။
နိုင်ငံခြားနဲ့ ပတ်သက်သော လုပ်ငန်း ၊ ငွေ ၊ ကျောက် ၊ ကား ၊ ကွန်ပျူတာ ၊ ခရီးသွားလုပ်ငန်း၊ ထီး ဖိနပ် ၊ သံ သွပ် သစ် လုပ်ငန်းများ အကျိုးပေး အောင်မြင်မည် ။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့် ပတ်သက်ပြီး မကြာခဏ စကားများရတတ်ပါတယ်။
အိမ်ဆောက်မည့်သူများ လုပ်မည် ဟု စီစဉ်ထားပြီး ကြံံ့ကြာတတ်ပါသည်။ ချစ်သူရှိသူများ ချစ်သူနဲ့ ကတောက် က ဆ တတ်ပါသည်။ တနင်္ဂနွေ ၊ ဗုဒ္ဒဟူး သား ချစ်သူရှိလျှင် ချစ်သူ၏ ရည်းစားဟောင်းများ နှောက်ယှက်ခြင်း ခံရတတ်ပါတယ်။ မထင်မှတ်ပဲ ခရီးထွက်ဖြစ်တတ်ပါသည်။ စိတ်ချမ်းသာ စရာ ကောင်းသော ခရီးဖြစ်ပါသည်။

ဆရာသမား၊ အကြီး အကဲ ညိုညင်တာ ခံ ရတတ်ပါသည်။ တနင်္ဂနွေ ၊ ဗုဒ္ဒဟူးသားသမီး များကို ငွေမချေးပါနှင့် ။ အလုပ်နှင့်ပတ်သက်လို့ ကိုယ့်ကို မနာလို သူ များကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတတ်ပါသည်။
စက်ပစ္စည်းနဲ့ ပတ်သတ်သော လုပ်ငန်း ၊ စာသင်သောအလုပ် ၊ ဆိုင်လုပ်ငန်း ၊ ဆေးလုပ်ငန်း ၊ စပ်တူလုပ်ငန်းများ သင်တန်းလုပ်သောသူများ ဝင်ငွေ အားနည်းနေမည်။ အလကားနေရင် စိတ်ရှုပ်နေမှု ၊ စိတ်လေနေမှုများ ဖြစ်နေတတ်ပါသည်။ အလုပ်မလုပ်ချင် မကိုင်ချင် ဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးကတော့ ခေါင်းမူးတာ ဗိုက်အောင့်တာ ဖြစ်တတ်ပါသည်။
ယတြာ = ခရေ ညွန့် ၈ ညွန့် ဘုရားလှူပေးပါ။ ပန်းအဝါရောင် ၈ ပွင့် အမွှေးတိုင် ၈တိုင် ပူဇော်ပေးပါ။
————–
ဗုဒ္ဓဟူး သားသမီးများ အတွက်
➖➖➖➖➖

ဒီလထဲတွင် ငွေများများ ဝင်ကိန်း ရှိသည်။နိုင်ငံခြားနဲ့ ပတ်သက်သောကိစ္စ ၊ လူမျိုးခြား နဲ့ပတ်သက်သော ကိစ္စများ အဆင်ပြေ အောင်မြင်မည်။ ရပ်ဝေးခရီး ၊ နိုင်ငံခြားခရီး သွားရတတ်ပါသည်။
အိမ်ထောင်ရှိသူများ စန်းပွင့်နေတတ်ပါသည်။ မိတ်ရင်းဆွေရင်း ငွေပေးငွေယူ သတိထားပါ။ ကခဂဃင သဟ အက္ခရာနဲ့ စသောသူများကို ငွေချေးခြင်း အာမခံခြင်းပြုပါက စိတ်ညစ်ရမည်။ ငွေကြေး အဝင်ကြမ်း အထွက် ကြမ်းဖြစ် နေတတ်သည်။ အဆောက်အဦးနဲ့ ပတ်သက်သောကိစ္စ လုပ်သူများ၊ စပ်တူ ရှယ်ယာလုပ်မည့်သူများ တို့လို့ တန်းလန်းနဲ့ ကြံကြာနေတတ်ပါသည်။
ရပ်ဝေးမှ မိတ်ဆွေများ နှင့် လုပ်ငန်း စပ်တူလုပ်ရန် အခွင့်ကောင်း ပေါ်တတ်ပါသည်။ ဝင်ထားသော ရွှေများ ပြန်ထွက်ကိန်း ရှိပါသည်။ ငယ်ရွယ်သူများ ပညာအသစ်ရခြင်း ၊ သင်းတန်းတက်ရခြင်းများ ကြုံမည်။ ချစ်သူရှိသူများ ကိုယ့်ချစ်သူနဲ့ပတ်သက်ပြီး စိတ်ပျက် စိတ်ရှုပ်ရတတ်ပါသည်။ တနင်္လာသား ချစ်သူနဲ့ ဆို အဆင်မပြေဖြစ်ကိန်းရှိပါသည်။ လက်ရှိအလုပ်မှ ပြောင်းလို ရွှေ့လို စိတ်ဖြစ်တတ်ပါသည်။ ကျန်းမာရေး အနေနဲ့ အကြော၊ ကြောအောင့်ခြင်း ၊ လေအောင့် ၊ လေးဘက်နာ ၊ အဆစ်အမြစ်ကိုက်ခြင်း ဖြစ်တတ်ပါသည်။ အမျိုးသမီးများ သာအိမ် ၊ မီးယပ်နဲ့ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ပေးပါ။
ယတြာအနေနဲ့ ။ ။ဘုရားမှာ နှင်းဆီပန်း (၁၇)ပွင့် လှူပေးပါ။ ငါး ၆ ကောင် ၊ စာကလေး ၆ ကောင် လွှတ်ပေးပါ။
————-

ရာဟု သားသမီးများ အတွက်
➖➖➖➖
ဒီလအတွင်း ခရီးများနေတတ်ပါသည်။ ဟိုသွားချင် ဒီသွားချင် ဖြစ်နေ တတ်ပါသည်။ ခရီးသွားလုပ်ငန်း ၊ ဟိုတယ်လုပ်ငန်း ၊ သစ်လုပ်ငန်း ၊ ရွှေလုပ်ငန်း ၊ လုပ်သူများ အောင်မြင်မှုရမည်။ ပညာသစ်ရခြင်း၊ သင်တန်းတက်ရခြင်းတို့ဖြစ်တတ်ပါတယ်။
ဆရာသမားများ၏ အကူအညီကို ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းနေပါသည်။ ငွေထွက်များကိန်း ရှိပါသည်။ လူထုနဲ့ပတ်သက်သော လုပ်ငန်းများ အောင်မြင်နေမည်။ ဖုန်းအသစ်ဝင်တတ်ပါသည်။
အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး အဆင်ပြေနေမည်။ ချစ်သူရည်းစားများ အနေနဲ့ လက်ထပ်ဖို့စုဆောင်းကြိုးစား ရန် တိုင်ပင်ပြီး အလုပ်ကြိုးစားနေရင်း စုလိုက် ကုန်လိုက်ဖြစ်နေသော ကာလဖြစ်ပေသည်။ ရပ်ဝေးရောက်နေသော ချစ်သူများ မမျှော်လင့်ပဲ ပြန်လည်း ဆုံတွေ့ရတတ်ပါသည်။
ယတြာအနေနဲ့ကတော့ ။ ။ သောက်တော်ရေ ၅ ခွက် လှူပေးပါ။ ဘုရားမှာ ရွှေသင်္ကန်း လှူပေးလိုက်ပါ။
—————-
ကြာသပတေး သားသမီးများအတွက်
➖➖➖➖➖
အချစ်ရေး ကံမကောင်းပါ။ ချစ်သူကြောင့် စိတ်သောက ရောက်ရမည့် ကာလဖြစ်ပါသည်။ ငွေ အထွက်များပြီး အာမ ခံ ငွေကြေးများ ကိုယ်က စိုက်လျှော်ရတတ်သည်။ ချစ်သူနှင့် နုတ်မဆက်ပဲ ရုတ်ရက် လမ်းခွဲရခြင်း မျိုးကြုံရတတ်ပါသည်။
ခြေလက် ထိခိုက်မည့်ကိန်း ရှိပါသည်။ အလုပ်အကိုင် ကောင်းသောလည်း အလုပ်ထဲ တွင် စိတ်မပါ သလို ဖြစ်နေတတ်ပါသည်။ တနင်္လာနေ့၊ သောကြာနေ့တွင် ခရီးဝေးရှောင်ပါ။
အထူးသဖြင့် ၎င်းနေ့တွင် အရှေ့အရပ် မြောက်အရပ် ခရီး ကို ရှောင်ပါ။ က ခ ဂ င သ ဟ အမည်နှင့်စသော ချစ်သူ ရှိသူများ သတိထားပါ ။ မိမိအား လမ်းခွဲသွားတတ်ပါသည်။ ထီကံကောင်းတတ်ပါသည်။ ၅ ၃ ၆ များများ ပါသော ထီ ကို ထိုးပေးပါ။ မိတ်ဆွေ ဆရာသများများ ကူညီမှု ရမည်။ တနင်္လာ ၊ သောကြာသားသမီးများ ကို ငွေမချေးပါနှင့် အာမ မခံပါနှင့် စိတ်သောက ရောက်ရခြင်း ငွေဆုံးရှုံးရခြင်းတို့ဖြစ်တတ်ပါသည်။
ယတြာ ။ ။ ပိတောက်ညွန့် ဘုရားလှူပေးပါ။ ပိတောက်သားပုတီးနဲ့ ဗုဒ္ဓေွါ ဂုဏ်တော်ကို တစ်နေ့ ၃ ပတ် စိတ်ပေးပါ။ မွေးနေ့ အပတ်တိုင်း စိတ်ပေးပါ။
————-
သောကြာ သားသမီးများ အတွက်
➖➖➖➖
ဒီလ အတွင်း စိန်ထည်ပစ္စည်း ၊ စက်ပစ္စည်း ဝင်ကိန်းရှိပါသည်။ ဆိုင်ကိစ္စ ၊ ဆိုင်ခန်းကိစ္စများ အဆင်ပြေ အောင်မြင်မည်။ ပြောင်းရွှေ့ရခြင်းများ ကြုံရတတ်ပါသည်။ အိမ်ပြင်စရာ ဆင်စရာ ကိစ္စပေါ်မည်။
အိမ် ဆောက်သည့်ကိစ္စ လိုအပ်သည်ထက် ငွေကုန်ကြေးကျများ သွား တတ်ပါသည်။ မိတ်ရင်းဆွေရင်း ၊ ကြောင့် ငွေပိုကုန်ရတတ်ပါသည်။ လူရင်း ဒုက္ခပေးတတ်ပါသည်။ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေသူများ ပြန်လည် အဆင်ပြေသွားတတ်ပါတယ်။
အချစ်ရေးကိစ္စတွင် ချစ်သူနဲ့ အဆင်မပြေဖြစ် နေသူများ အဆင်ပြေသွား တတ်ပါသည် ။နိုင်ငံခြား လူမျိုးခြား နှင့် ပတ်သက်သောကိစ္စ အဆင်ပြေအောင်မြင်မည်။ လက်အောက်ငယ် ကူညီမှုကို ရတတ်ပါတယ်။ ခရီးထွက်စရာ ကိစ္စများပေါ်တတ်ပါတယ်။ ခရီးထွက်ပြီး ပြန်လာလျှင် ည့ံ့နေတဲ့ကံများ ကောင်းသွားတတ်ပါသည်။ ငွေကြေးနှင့် ပတ်သက်လို့ တနင်္လာ ၊ ကြာသပတေး သားသမီးကြောင့် ကြံ့ကြာနေတတ်မည်။ ရွှေထွက်ကိန်း ရှိပါတယ်။ မြေကိစ္စ ပြဿနာ အမှုအခင်း ဖြစ်တတ်ပါသည်။ ကျန်းမာရေး အနေနဲ့ အကြော ၊ အစာအိမ် ၊ ဗိုက် နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ပါ ။
ယတြာ ။ ။ သြဇာညွန့် (၂၁)ညွန့် လှူပေးပါ။ ပန်းအဖြူရောင် (၂၁) ပွင့် ဖယောင်းတိုင်(၂၁)တိုင်အမွှေးတိုင် (၂၁)တိုင် ပူဇော်ပေးပါ။
——————
စနေ သားသမီးများ အတွက်
➖➖➖➖
ဆုံးဖြတ်ရ ခက်နေလိမ့်မယ်။ အရာရာ သတိထား ဆောင်ရွက်ပါ။ ရှေ့တိုးဆောင်ရွက်မဲ့ ကိစ္စများ မိမိဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ အလုပ်နဲ့ပက်သက်ပြီး စိတ်ရှုပ်နေရပါတယ်။
မသွားချင်တဲ့ နေရာသွားရခြင်း၊ နယ်ပြောင်းခံရခြင်းတွေ ကြုံတွေ့ရပါလိမ့်မယ်။ အထက်လူကြီးက မိမိအပေါ် အမြင်မကြည်တာမျိုးတွေလဲ ရှိနေပါတယ်။ စိတ်အရမ်း ညစ်ရတတ်တယ်။ အိမ်ထောင်ဘက် အချင်းချင်း စကားအခြေအတင် များရတတ်တယ်။
မိသားစုနဲ့ ခွဲခွာရတတ်ပါတယ်။ မိတ်ဆွေကောင်းတွေရဲ့ ကူညီမှုအများကြီးရမဲ့ အချိန်ပါပဲ။ ကျန်းမာရေးလဲ အနည်းငယ် အားနည်းနေပါတယ်။ နေပူနည်းနည်းမိတာမျိုး၊ အိပ်ရေးပျက်တာမျိုး ကြုံတာနဲ့ ဖျားနာတတ်ပါတယ်။ စိတ်ပြေလက်ပျောက် ခရီးထွက်ခြင်း၊ ကလေးတွေကို ပျော်အောင် လုပ်ပေးခြင်းဖြင့် ကံတွေပြန်မြင့် လာပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးဖို့ အကြောင်း ဖန်လာလိမ့်မယ်။ ပညာရေးအတွက်တော့ စိတ်အေးချမ်းရမဲ့ အချိန်ပါပဲ။
ယတြာ = ပန်းအနီ (7) ပွင့် ဖယောင်းတိုင် (7) တိုင် အမွှေးတိုင် (7) တိုင် ပူဇော်ပေးပါ။ နွားနို့ (3) ခွက်ကပ်ပေးပါ ။
—————–
ခုနှစ်ရက်သားသမီးများနှင့် မိတ်ဆွေများ အားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေ
သောကဟူသမျှ ကင်ဝေးပါစေ ၊ ဆန္ဒနှင့်ဘဝ တထပ်တည်းကြပါစေ ၊ ပို့သမေတ္တာ ရရှိပြီး နေ့ရက်တိုင်း ပျော်ရွှင်ချမ်းမြေ့ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်၊၊
Credit: ဗေဒင်နှင့် လက္ခဏာ ဆရာမင်းသုခ

No comments:

Post a Comment