Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 5, 2018

ေရွာက္ေရေႏြး ေသာက္ရျခင္း၏ အက်ိဳးေက်းဇူးမ်ား


မနက္အိပ္ရာထခါစမွာ ေရေႏြး မတ္ခြက္တစ္ခြက္ထဲကို ေရွာက္သီးတစ္စိတ္ညႇစ္ၿပီး ေသာက္ေပးရင္ ေအာက္ပါအက်ဳိး ေက်းဇူးေတြ ရရွိႏိုင္ပါတယ္။

၁။ ခုခံအားစနစ္ ျမႇင့္တင္ႏုိင္ျခင္း

ေရွာက္သီးမွာ ဗီတာမင္ C နဲ႔ ပိုတက္စီယမ္ေတြ မ်ားစြာ ပါဝင္ပါတယ္။ ဗီတာမင္ C ဟာ အေအးမိေဝဒနာကို တြန္းလွန္ႏုိင္ၿပီး ပိုတက္စီယမ္မွာမူ ဦးေႏွာက္ႏွင့္ အာ႐ံုေၾကာ လုပ္ငန္းေဆာင္တာအတြက္ လႈံ႕ေဆာ္ႏုိင္ၿပီး ေသြးဖိအားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။

၂။ ခႏၶာကိုယ္၏ pH ဓာတ္ ညီမွ်ေစျခင္း

ေရွာက္သီးဟာ အက္စစ္ဓာတ္ပါဝင္ ေနေပမယ့္ ခႏၶာကိုယ္တြင္းမွာ သူတုိ႔ဟာ အယ္လ္ကာလီ ျဖစ္ေနတတ္ပါတယ္။ စီထရစ္အက္စစ္ျဖစ္တဲ့ ေရွာက္သီးဟာ ခႏၶာကိုယ္တြင္း ဇီဝ႐ုပ္ျဖစ္စဥ္မွာ အက္စစ္ဓာတ္ ျဖစ္ေအာင္ ဖန္တီးလုိ႔မရႏိုင္တာေၾကာင့္ပါ။ ခႏၶာကိုယ္တြင္ အယ္လ္ကာလီျဖစ္ေနတာဟာ က်န္းမာေရးေကာင္းဖုိ႔အတြက္ ေသာ့ခ်က္ပါ။

၃။ ကိုယ္အေလးခ်ိန္က်ဆင္းဖုိ႔ ကူညီႏိုင္ျခင္း

ေရွာက္သီးမွာ အမွ်င္ဓာတ္ေတြမ်ားစြာ ပါဝင္တာေၾကာင့္ ဆာေလာင္မႈ မျဖစ္ေအာင္ ကာကြယ္ႏုိင္ပါတယ္။ ဒါ့အျပင္ အယ္ကာလီ အစားအစာကို စားသံုးသူေတြဟာ ကိုယ္အေလးခ်ိန္ က်ဆင္းႏႈန္း ျမန္ဆန္ တတ္ပါတယ္။

၄။ အစာေျခဖ်က္မႈကုိ ကူညီႏုိင္ျခင္း

ေရေႏြးဟာ အစာအိမ္နဲ႔ အူလမ္းေၾကာင္းတြင္း လႈံ႕ေဆာ္မႈေပးႏုိင္တာေၾကာင့္ အူနံရံမွ ႂကြက္သားေတြ လႈပ္ရွားလာေစပါတယ္။ ေရွာက္သီးနဲ႔ သံပရာသီးမွာ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ မ်ားစြာပါဝင္တာေၾကာင့္ အစာေျခလမ္းေၾကာင္းအတြင္း အဆိပ္အေတာက္ေတြကို ဖယ္ရွားႏုိင္ပါတယ္။

၅။ သဘာဝဆီးေဆး ျဖစ္ေစျခင္း

ေရွာက္ရည္ဟာ ဆီးထြက္မ်ားေစတာမို႔ ခႏၶာကိုယ္အတြင္း မလုိလားအပ္တဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားပစ္ႏုိင္ပါတယ္။

၆။ အသားအေရ ၾကည္လင္ဝင္းပေစျခင္း

ဗီတာမင္ C ဟာ အေရးေၾကာင္းေတြကုိ ေလ်ာ့နည္းေစႏိုင္ၿပီး အသားအေရ ဝင္းပေစႏိုင္ပါတယ္။ ေရွာက္ရည္ဟာ ေသြးထဲမွ အဆိပ္ေတြကို ဖယ္ရွားႏုိင္တာေၾကာင့္ အသားအေရ သန္႔ရွင္းမႈ ရွိေစႏိုင္ပါတယ္။

Credit:ေဒါက္တာခင္မုိးမုိး

#Unicode Version#
မနက်အိပ်ရာထခါစမှာ ရေနွေး မတ်ခွက်တစ်ခွက်ထဲကို ရှောက်သီးတစ်စိတ်ညှစ်ပြီး သောက်ပေးရင် အောက်ပါအကျိုး ကျေးဇူးတွေ ရရှိနိုင်ပါတယ်။

၁။ ခုခံအားစနစ် မြှင့်တင်နိုင်ခြင်း

ရှောက်သီးမှာ ဗီတာမင် C နဲ့ ပိုတက်စီယမ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် C ဟာ အအေးမိဝေဒနာကို တွန်းလှန်နိုင်ပြီး ပိုတက်စီယမ်မှာမူ ဦးနှောက်နှင့် အာရုံကြော လုပ်ငန်းဆောင်တာအတွက် လှုံ့ဆော်နိုင်ပြီး သွေးဖိအားကို ထိန်းချုပ်နိုင်ပါတယ်။

၂။ ခန္ဓာကိုယ်၏ pH ဓာတ် ညီမျှစေခြင်း

ရှောက်သီးဟာ အက်စစ်ဓာတ်ပါဝင် နေပေမယ့် ခန္ဓာကိုယ်တွင်းမှာ သူတို့ဟာ အယ်လ်ကာလီ ဖြစ်နေတတ်ပါတယ်။ စီထရစ်အက်စစ်ဖြစ်တဲ့ ရှောက်သီးဟာ ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ်စဉ်မှာ အက်စစ်ဓာတ် ဖြစ်အောင် ဖန်တီးလို့မရနိုင်တာကြောင့်ပါ။ ခန္ဓာကိုယ်တွင် အယ်လ်ကာလီဖြစ်နေတာဟာ ကျန်းမာရေးကောင်းဖို့အတွက် သော့ချက်ပါ။

၃။ ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီနိုင်ခြင်း

ရှောက်သီးမှာ အမျှင်ဓာတ်တွေများစွာ ပါဝင်တာကြောင့် ဆာလောင်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အယ်ကာလီ အစားအစာကို စားသုံးသူတွေဟာ ကိုယ်အလေးချိန် ကျဆင်းနှုန်း မြန်ဆန် တတ်ပါတယ်။

၄။ အစာခြေဖျက်မှုကို ကူညီနိုင်ခြင်း

ရေနွေးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတွင်း လှုံ့ဆော်မှုပေးနိုင်တာကြောင့် အူနံရံမှ ကြွက်သားတွေ လှုပ်ရှားလာစေပါတယ်။ ရှောက်သီးနဲ့ သံပရာသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တာကြောင့် အစာခြေလမ်းကြောင်းအတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။

၅။ သဘာဝဆီးဆေး ဖြစ်စေခြင်း

ရှောက်ရည်ဟာ ဆီးထွက်များစေတာမို့ ခန္ဓာကိုယ်အတွင်း မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

၆။ အသားအရေ ကြည်လင်ဝင်းပစေခြင်း

ဗီတာမင် C ဟာ အရေးကြောင်းတွေကို လျော့နည်းစေနိုင်ပြီး အသားအရေ ဝင်းပစေနိုင်ပါတယ်။ ရှောက်ရည်ဟာ သွေးထဲမှ အဆိပ်တွေကို ဖယ်ရှားနိုင်တာကြောင့် အသားအရေ သန့်ရှင်းမှု ရှိစေနိုင်ပါတယ်။

Credit:ဒေါက်တာခင်မိုးမိုး

No comments:

Post a Comment