Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 13, 2018

ကချင်ပြည်နယ်ဖွား တိုင်းရင်းသားတစ်ဦးရဲ့ ရင်ဖွင့်သံ


စစ်တပ်ဘယ်မှာ
စခန်းရှိလဲ KIAသိတယ်။ KIAဘယ်မှာ တပ်ထိုင်သလဲ စစ်တပ်သိတယ်။

စစ်တပ်ရော KIAရော ဆောက်ရမ်းသတ္တိရှိနေကြရင် မသေမချင်းချကြ။ ဘယ်နှစ်လ ချမလဲပြော။
ငါတို့ပြည်သူတွေဖယ်ပေးမယ်။ အေး ကလေး ဆော့သလို အခုပစ်လိုက် ပြန်ဆွေးနွေးလိုက်
ငြိမ်းချမ်းရေးယူလိုက် ပြန်ပစ်လိုက်နဲ့
မိန်းမတွေလို လုပ်မနေကြနဲ့။ တစ်ကယ်ချမယ်ဆိုပြည်သူတွေကို ကတိပေး ဘယ်နှစ်လချမလဲ။
ဖယ်ပေးမယ် ငါတို့ပြည်သူတွေ။ ဒါပေယ့် ချပြီဟေ့ဆိုတာနဲ့ မသေမချင်းတွယ်ကြ မရပ်နဲ့။ မင်းတို့ အကုန်မသေရင်တောင် တစ်ဖွဲ့သေရင်လည်း
တော်တော်သက်သာတယ်။ အခုက
နှစ်ဖွဲ့ရှိ နှစ်မျိုးပေးနေရတာ။

အခုတနိုင်းမှာလည်း ချရင်အပြတ်ချကြ။ KIAနိုင်ရင် KIAယူ။ စစ်တပ်နိုင်ရင် စစ်တပ်ယူ။ ဟိုလိုလို ဒီလိုလိုနဲ့ ဖားကန့်လို ပေါင်းခိုးစားမယ်တော့ မလုပ်နဲ့။

စစ်တပ်ကလည်း
ဘာတဲ့ တနိုင်းကို ထိုးစစ်ဆင်တာဟာ သယံဇာတတွေ ခိုးထုတ်နေမှုကို
နှိမ်နှင်းသတဲ့လား။ လခွမ်း ၁၉၆၂ကစပြီး
တစ်နိုင်ငံလုံးက သယံဇာတတွေ မင်းတို့ပဲခိုးနေတဲ့ဟာ။ အခုလည်း တနိုင်းမှာ ဝေစားမျှစားမတည့်လို့ တွယ်တာလို့ ပေါ်တင်ပြောစမ်းပါ။ ဖားကန့်မှာဆို
မင်းတို့ ဒီလောက်တည့်နေကြတဲ့ဟာ။

စစ်တပ်နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းတွေ--ကုမ္ပဏီထောင် ကျောက်တူး စစ်တပ်ကို လာဘ်ထိုး KIAကို ဆက်ကြေးထည့် ရသမျှကျောက် တရုတ်ပြည်ခိုးထုတ်
မင်းတို့ ထိုင်ကြည့်နေကြတာပဲလေ။ တကယ် သယံဇာတတွေကို
စောက်ရမ်းကာကွယ်ချင်ရင်ဖားကန့်က မတရားခိုးထုတ်နေတဲ့ ကျောက်ကုမ္ပဏီ တစ်ခုလောက်ကို
ပိတ်နိုင်အောင် အရင်လုပ်ပါကွာ။
မင်းတို့ ဘယ်လုပ်ရဲမလဲ မင်းတို့တွေ မျိုစို့နေရတာကိုး။

တစ်ဖက်ကလည်း တော်လှန်ရေး တစ်ဖက်ကလည်း သယံဇာတတွေ ကာကွယ်သတဲ့။ ဘူဘူခြင်း
တစ်လုပ် နေကြတာ ---
ဝေစားမျှစားမတည့်လို့ ထချနေကြတာ။

အလှမ်းဝေး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းလို့ မိုးတွင်းအချိန်ဆို ခရမ်းချည်သီးတစ်ပိသာကို
လေးငါးထောင်
ဓာတ်ဆီတစ်ဂါလံ တစ်သောင်းဝန်းကျင်
ဆန်တစ်အိပ်ကို သိန်းနီးနီး ဖြစ်လာနေပြီ--

ပြည်သူဆိုတာ မင်းတို့လို ဆက်ကြေးလေး
ကောက်ယုံနဲ့ ပိုက်ဆံရနေတဲ့ အမျိုးမဟုတ်ဘူး။
ဘယ်ရွာက ဘယ်လောက်လာပို့ကွာဆိုပြီး
ရာဇသံပို့ပြီး ရိက္ခာရနေတဲ့အမျိုးမဟုတ်ဘူး။
နဂိုကတည်းက မဖွံ့ဖြိုးပါဘူးဆိုမှ မင့်တို့လုပ်တာ
နူရာဝဲဆွဲ လဲရာသူခိုးထောင်းဖြစ်ရပြီ။

စစ်ပြေးကြရတာ အဖိုးအဖွားတွေ ကလေးတွေ အမျိုးသမီးတွေ ကြုံတဲ့နေရာအိပ် ကြုံနဲ့နေရာစား
ဖြစ်သလိုထွက်ပြေးလာကြရတဲ့ ပြည်သူတွေဘဝ
ဘယ်လောက်သနားဖို့ကောင်းလဲ။ ဘာလက်နက်မှမရှိဘူး ဘာမှပြန်မလုပ်နိုင်ဘူး သေနတ်ကိုင်ထားတဲ့
မအေလိုးတွေ လုပ်သမျှ မျက်ရည်နဲ့ မျက်ခွက် ခံစားကြရတာ။ အံတွေကြိတ် တောက်တွေခေါက် ဘာမှမတက်နိုင်ပဲ ခေါင်းငုံ့ခံနေကြရတာ။ နင်းပြားဘဝဆိုတာ ငါတို့ပြည်သူစစ်စစ်တွေရဲ့ ဘဝ---*

့ လူမချမ်းသာရင်နေပါစေ---
စိတ်အေးအေးချမ်းချမ်းနဲ့
ရှာဖွေစားသောက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းလေး
ဘဝကိုက ရှင်သန်ဖြတ်သန်းချင်လှပါပြီ-ကွာ---

သံပါးစပ်

No comments:

Post a Comment