Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 18, 2018

ကျောက်ဆို_ကြောက်ကိုမကြောက်တော့တာ


ကျောက်ဆို_ကြောက်ကိုမကြောက်တော့တာ

*သူရှိနေလို့ ခါးနာခါးအောင့် ဖြစ်နေတာ
အခုတော့ သူ ထွက်ကျလာခဲ့ပါပြီ

*အချိန်က ယနေ့ ည ၁၁နာရီ၁၀မိနစ်ခန့်ကဖြစ်သည်
ဘယ်ဘက်က ခါးတစ်ခြမ်း ကိုက်နေတာ နှစ်လသုံးလ
လောက် ရှိနေပါပြီ

*ဆီကျောက်တည်ရောဂါနဲ့ ရင်ပါးနေပြီ ဖြစ်သောကြောင့်
မကြောက်ရွံ့တော့ပေ

*ဒီကျောက်ကြီး ရှိနေမှန်း သိနေတာတော့ သုံးလေးလခန့်
ရှိနေပါပြီ ဒီတစ်ခါ ကျောက်က အသက်ရှုရင်တောင်
အောင့်အောင့် လာတယ်
ခါးအောင့်အောင့်နေလို့ ဘယ်ဘက်ကို စောင်းအိပ်လို့
မရဖြစ်နေပါတယ်

*သူရှိနေရင် ခါးကတင်းပြီး နာနေတယ်
ဘယ်ဘက်ခြမ်း ဆီးခုံကို လက်နဲ့ အဖိမခံနိုင်ဘူး
တော်တော်နာပါတယ်

*ဆေးရုံသွား ဓာတ်မှန်ရိုက်ကြည့်တော့ သေချာပေါက်
သူ့ကို တွေ့သည် ဆရာဝန်က ချေဖို့ သို့မဟုတ် ခွဲထုတ်ဖို့
ပြောပါသည် ကြီးလွန်းလို့ သူ့ဘာလို မထွက်ကျနိုင်ကြောင်း
ပြောပြပါသည်

*နေလို့ရရင် နေနေလိုက်သည်
နေလို့မရအောင် နာလာရင်တော့ လက်သုံးဆေးကို
အသုံးပြုရတော့သည်

#ထိုဆေးက_လွယ်လွယ်လေးပါ
ကျောက်ဖရုံသီးကို သခွါးခြစ်နဲ့ခြစ်ပြီး
ရှာလကာရည်အနည်းငယ်ထည့်၍ 
အလယ်တည်ပန်းကန်နဲ့
တစ်ဝက်လောက်ကို တစ်ရက် နှစ်ရက်နဲ့ 
အကုန်စားပေးလိုက်ရုံပါပဲ

*အဲဒီလို သုံးခါလောက် လုပ်စားလိုက်တာနဲ့
အခုမြင်တွေ့ရတဲ့ ကျောက်ကြီးလည်း
မနေနိုင်တော့ပဲ ဒလိမ့်ခေါက်ခွေး ထွက်ကျခဲ့ရတော့
တာပါပဲ

*ရံဖန်ရံခါ အုန်းရေလဲ အဝ သောက်ပေးဖို့ လိုပါသည်

*ကျောက်တည်တတ်တဲ့ ဝေဒနာရှင်များအတွက်
ူသတင်းကောင်း ပေးလိုက်ပါတယ်

*ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ကျောက်ထွက်ကျလာလို့
ပုံနှင့်တကွ ရေးတင်ခဲ့ဘူးတာ ရှိပါတယ်

*ကျောက်ဖရုံသီးနဲ့ ရှာလကာရေနဲ့ ရောစပ်ထားတာပါ
ဟင်းစားဇွန်းနဲ့ မောက်မောက်ခပ်၍ တစ်နေ့ သုံးကြိမ်လောက် စားပေးပါ စားလို့ ကောင်းပါတယ်

မေတ္တာဖြင့်…

#MiMiTun

#CREDIT - Original Uploader

No comments:

Post a Comment