Latest News

Monday, March 5, 2018

ဒါဖတ်ပြီးမှ ဝိတ်ချမယ်


++++++++++++++

မြန်မာတွေ ဝိတ်ချတယ်ဆိုပြီး ဘာ့ကြောင့်မပိန်သေးတာလဲ။ ပိန်အောင်လုပ်ချင်သူ၊ကြိုးစားချင်သူတွေ အများကြီးထဲမှာမှ တကယ်ဝိတ်ချနိုင်တဲ့ဦးရေက ဘာ့ကြောင့်နည်းရတာပါလဲ။ လူတော်တော်များများစဉ်းစားရကျပ်တဲ့ မေးခွန်းတခုကို ပြန်မေးမိ တယ်။ သေချာလေ့လာကြည့်တဲ့အခါ နံပါတ်တစ်တွေ့တာက ဝိတ်ချနည်းကို ကောင်းကောင်းမသိလို့။ အသုံးမချတတ်လို့ပါ။ ဘယ်လိုဝိတ်ချရင်ကျမလဲ။ စနစ်တကျမလုပ်တတ်သေးလို့ဆိုတာ တွေ့တယ်။ နောက်တချက်က ဝိတ်ကျဆေးတွေ ဈေးကြီးပေးဝယ်သောက်ရင်ပျောက်မယ်ထင်နေကြသူတွေ တနေ့တခြားများလာလို့ဆိုလည်း မမှားဘူး။ အများစုက ဆေးအပေါ်မှာ အားကိုးမှီခိုလွန်းတယ်။ တချို့ကျတော့ ထမင်းတနပ်လျှော့စားရင် ဝိတ်ကျမယ်ထင်သူတွေလည်း ရှိသေးတယ်။ တကယ်တမ်းလျှော့စားကြည့်တဲ့အခါ သိပ်ကြာကြာမခံဘူးဆိုတာ တွေ့ရပါတယ်။ ပိုဆိုးတာက ညစာတော့ရှောင်ပါရဲ့။ အစာပြေအာလူးချောင်းကြော်တထုပ် စားမိလိုက်တယ်။ ဝင်လာတဲ့ ကယ်လိုရီကို သတိမထားမိဘူး။ ကစီဓာတ်၊အဆီဓာတ်၊အသားဓာတ်တွေရဲ့ အခြေခံအကြောင်းအရာကို နားမလည်သေးရင် ဝိတ်ချရတာ ခက်တယ်။

ဝိတ်ချသူတွေထဲမှာမှ စားနိုင်သောက်နိုင်၊ချမ်းသာသူတွေအတွက် ဝိတ်ချရတာ အခက်ခဲဆုံးဖြစ်နေကြတယ်။ တကယ်က သူတို့ရဲ့ နေထိုင်စားသောက်ပုံကြောင့်ပါ။ လေ့လာကြည့်ရင် နေ့စဉ် လှုပ်ရှားမှုအလွန်နည်းတယ်။ ပိုဆိုးတာက လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းတောင် မလုပ်မိဘူး။ အလုပ်စားပွဲမှာပဲ အချိန်ကုန်တာများတယ်။ စိတ်ဖိစီးမှု သူများထက် ပိုတယ်။ အစားအသောက်မှာလည်း အတူတူပဲ။ စားပွဲသောက်ပွဲတွေက ပေးလိုက်တဲ့ အဆီတွေလည်း မနည်းလှဘူး။ ဘီယာ၊အရက်ကိုလည်း လူတန်းစေ့နေနိုင်အောင် သောက်တယ်။ သက်တမ်းစေ့အောင် မနေရတာ သတိမထားမိဘူး။ ဒါတွေကို သတိထား ပြုပြင်ရမယ်။

နိုင်ငံတနိုင်ငံရဲ့ အစားအသောက်၊လူနေမှုပုံစံတွေက အဲဒီနိုင်ငံသားတွေရဲ့ ကျန်းမာရေးပေါ် အဓိကသက်ရောက်စေတယ်။ မြန်မာလူမျိုးတွေမှာ သူ့တို့ရဲ့ ကိုယ်ပိုင် အစားအသောက်၊ကိုယ်ပိုင်လူနေမှုပုံစံရှိပါတယ်။ မြန်မာတွေ ဘာနဲ့စားကြလဲ။ ထမင်းစားတယ်လို့ အများစုဖြေလိမ့်မယ်။ အဲဒါက သမားရိုးကျတွက်ချက်သူတွေ ပြောတဲ့စကားဖြစ်တယ်။ တကယ်က မြန်မာတွေလောက် ဆီစားတာ ကမ္ဘာမှာ မရှိဘူး။ ထမင်းဆို ဆီဆမ်း၊ဟင်းဆိုလည်း ဆီပြန်၊လက်ဖက်ဆိုလည်း ဆီရွဲရွဲလေးနဲ့မှ စားကြတာ မြန်မာလူမျိုးအများစုရဲ့ နေထိုင်စားသောက်ပုံဖြစ်တယ်။ နေ့စဉ်ပုံမှန်စားသောက်နေတဲ့ အစားအသောက်တွေထဲမှာ ဆီနဲ့ကင်းတာ ဘာတခုမှမရှိပါဘူး။ အိမ်တိုင်းမှာ ဆီပြန်ဟင်းချက်ကြတယ်။ ကြက်သားဆီပြန်၊ဝက်သားဆီပြန်ချက်လေးလည်း ပါမှ ထမင်းမိန်တယ်။ ဒါ့ကြောင့် မြန်မာတွေ ဝလာတယ်။

ပိုဆိုးတာရှိသေးတယ်။ ပြန်ကြော်ဆီတွေကို သိမ်းထားပြီး နောက်ရက်တွေမှာ ပြန်သုံးနေတာဖြစ်ပါတယ်။ ကြော်ပါများတော့ ပြည့်ဝဆီတွေဖြစ်လာတယ်။ ပြည့်ဝဆီနဲ့ကြော်ထားတဲ့ ဆီကြော်စာတွေက လူတွေကို ပိုဝလာစေတယ်။ ဆိုင်ကဝယ်တဲ့ အကြော်တွေက အရင်ရက်က သုံးထားတဲ့ဆီအကျန်တွေ မဟုတ်ပါလား။ ကျန်းမာရေးဖက်ကကြည့်တော့ အဆိုးဖက်ကချည်းပဲ။ နောက်ဆက်တွဲ အဆီဖုံးတာ၊သွေးကြောပိတ်တာတွေ ဖြစ်လာတယ်။ မြန်မာမိဘတွေက သင်ပေးထားတဲ့ အလေ့အကျင့်တခုရှိသေးတယ်။ အစားစားရင် ကုန်အောင်စား၊မကျန်စေနဲ့ဆိုတာမျိုး။ ဒီလိုသင်ကြားမှုတွေက ကိုယ့်ကလေးတွေကို လိုတာထက်ပိုစားတတ်အောင်၊ရောဂါထူပြောလာအောင် သင်ပေးနေတယ်ဆိုတာ သတိမပြုမိကြဘူး။ တကယ်သင်ပေးရမှာက အစားကို သင့်တင့်မျှတရုံ စားတတ်ဖို့၊ဗိုက်ပြည့်ရုံစားတတ်ဖို့ ဖြစ်တယ်။ ဒီအကြောင်းရာတွေက မြန်မာလူမျိုးတွေ သတိမထားမိဘဲ ဝနေရတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။

ဝိတ်တက်တဲ့ သီအိုရီက ရိုးရှင်းပါတယ်။ ဝင်လာတဲ့ calorie(အစားအသောက်)က သုံးစွဲတဲ့ calorie(လှုပ်ရှားမှု)ထက် များနေလို့ဖြစ်ပါတယ်။ အသားတင် calorie 3500လောက် ပိုလျှံတိုင်း ဝိတ်တပေါင်စီတက်မှာ ဖြစ်ပါတယ်။ ဒီတော့ လုပ်စရာက (၂)မျိုးပဲ ရှိတယ်။ အစားလျှော့စားမလား။ လေ့ကျင့်ခန်း လုပ်မလား။ မေးစရာရှိတာက ဘယ်လောက်ထိ အစားလျှော့စားရမှာလဲ။ သာမန်လူတယောက်က ဘယ်လောက်ထိ အစားရှောင်နိုင်မလဲ တွက်ချက်ဖို့တော့ လိုပါတယ်။ ကယ်လိုရီ(၂၅၀၀)နေ့စဉ် လိုအပ်သူတယောက်ဟာ နေ့စဉ် ကယ်လိုရီ(၅၀၀)လျှော့စားလို့ရတယ်။

အဲဒီမှာ ထည့်တွက်ရမယ့်အချက်က ဗိုက်ဆာတဲ့ဖြစ်စဉ်အတွက် အရေးပါတဲ့ leptinဆိုတဲ့ ဓာတ်ဖြစ်ပါတယ်။ ဒီဓာတ်က ဗိုက်ပြည့်နေပြီဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတယ်။ ၂၀၁၃တုန်းက ဗိုက်ဆာတဲ့ဖြစ်စဉ်နဲ့ leptin လက်ခံဆဲလ်(leptin receptor)တွေရဲ့ ပြောင်းလဲမှုကို လေ့လာကြည့်တဲ့အခါ အဆီအစားများသူတွေရဲ့ အစာအိမ်မှာရှိတဲ့ leptin လက်ခံဆဲလ်တွေက သိပ်အလုပ်မလုပ်တော့တာ တွေ့ရတယ်။ အဲဒီဖြစ်စဉ်ကြောင့် အဆီအစားများသူတွေဟာ ဗိုက်ပြည့်နေပြီဆိုတဲ့ ခံစားမှုမျိုးမရှိတာပါ။ အဲဒီမှာ စားပြီးရင်းစားချင်၊ဝိတ်တက်ပြီးရင်း တက်လာတာဖြစ်တယ်။ ဒါ့ကြောင် အဆီစားများသူတွေဟာ ဝိတ်ချရခက်ခဲသူများ ဖြစ်လာပါတယ်။ ပိုဆိုးတာက ဝိတ်ကျရင်တောင် ဒီပြောင်းလဲမှုက ကြာရှည်ခံနေတာ ဖြစ်တယ်။

နောက်တွေ့တာတခုက လေ့ကျင့်ခန်းလုပ်ပါဆိုလို့ လုပ်ပါတယ်။ အလွယ်ဆုံးနဲ့ အသက်သာဆုံးနည်းဖြစ်တဲ့ လမ်းလျှောက်ကြတယ်။ ကောင်းပါတယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက်လျှောက်သလားဆိုတော့လည်း မလျှောက်ပါဘူး။ တပတ်(သို့) တလလောက်နေတော့ နားလိုက်တယ်။ ပိုဆိုးတာက လမ်းလျှောက်ပြီးအပြန် မနက်စာတောင် ဝင်စားသေးတယ်။ စားတော့လည်း အဆီများတဲ့ ဆီကြော်စာ၊မုန့်တီစတာတွေမှ ရွေးစားကြတယ်။ ဒီလိုအစားအသောက်တွေကနေ ကယ်လိုရီ(၃၀၀-၅၀၀) ကြားဝင်သွားတာ သတိမပြုမိကြဘူး။ အဲဒါက ဘာကိုပြလဲဆိုတော့ ကယ်လိုရီရဲ့ သဘောတရားတွေကို မသိသေးဘူး။ စနစ်တကျဝိတ်မချတတ်သေးဘူး ဆိုတာ ရှင်းပါတယ်။

ဝိတ်ကျဖို့ ဘယ်လေ့ကျင့်ခန်းတွေကောင်းလဲ။ ကယ်လိုရီ(၁၀၀)ကုန်ဖို့ ဘယ်လေ့ကျင့်ခန်းကို ဘယ်လောက်လုပ်ရင် ရမလဲ သိထားသင့်တယ်။ ဥပမာ နာရီဝက်လမ်းလျှောက်တိုင်း ကယ်လိုရီ(၁၀၀)ကုန်တယ်။ ၁၅မိနစ်လောက် ပြေးရင် ကယ်လိုရီ(၁၀၀)ကုန်တယ်။ ဒါတွေသိရမယ်။ ဝိတ်ကျဖို့ ကယ်လိုရီများများဖြုန်းတဲ့ လေ့ကျင့်ခန်းသာ အကောင်းဆုံးပါ။ ပင်ပင်ပန်းပန်းလုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးက မြန်မြန်ကျတဲ့ လေ့ကျင့်ခန်းလို့ ယေဘုယျမှတ်ပါ။ ဗိုက်အဆီပြင်များသူတွေအတွက် အိပ်ထမတင် လေ့ကျင့်ခန်းမျိုး လိုပါတယ်။ ဒါဆိုလေ့ကျင့်ခန်းမလုပ်ချင်သူများအတွက် နည်းမရှိဘူးလား။ အဆီစုပ်တာ၊အဆီချေတာမျိုးတွေ တချို့လုပ်ကြတယ်။ ဒါပေမယ့် သေချာတယ်။သိပ်ကြာကြာမခံပါဘူး။ဘာကြောင့်လဲဆိုတော့ ဝိတ်မြန်မြန်ကျသူဟာ ဝိတ်မြန်မြန်တက်ဖို့ အခွင့်အလန်းပိုများလို့ဖြစ်တယ်။ နောက်ပြီး နေထိုင်စားသောက်ပုံကို မပြုပြင်သရွေ့ ရေရှည်ဝိတ်ကျဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာပါ။

ဝိတ်ချရတာ အပြောလွယ်သလောက် တကယ်လုပ်တဲ့အခါ ခက်ခဲပါတယ်။ ဝိတ်ကျချင်ပါတယ် စိတ်ထဲကအော်နေရုံနဲ့တော့ မရဘူး။ လက်တွေ့လုပ်ဆောင်မှုက အရေးကြီးတယ်။ နည်းနည်းလောက် ဝိတ်ကျသွားပြီဆိုတိုင်း မပြီးသေးဘူး။ ဆက်လုပ်ရမှာတွေ ရှိသေးတယ်။ ထူးထူးခြားခြား သိသိသာသာ ပိန်ဖို့ အနည်းဆုံး အချိန် (၃)လလောက်လိုအပ်တယ်။ ပိန်ပြီဆိုတိုင်း ဝမ်းမသာပါနဲ့ဦး။ ပိန်ပြီး တနှစ်လောက်ထိ ဝိတ်ထိန်းနိုင်မှ တကယ်စိတ်ချရတယ်။ တကယ်တော့ ဝိတ်ချတယ်၊ဝိတ်ထိန်းတယ် ဆိုတာ အဆက်မပြတ်လုပ်ဆောင်ရမယ့် လုပ်ဆောင်မှုမျိုး ဖြစ်တယ်။ မြန်မာတွေ ပိန်ဖို့၊ ဝိတ်ကျဖို့ဆိုရင် အထက်မှာဖော်ပြထားတဲ့ အချက်တွေကို သတိထားပြုပြင်ဖို့ လိုအပ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၂၀.၈.၁၆

ကျန်းမာသော နေထိုင်စားသောက်မှု အတွက်အခြေခံသိသင့်သော ကယ်လိုရီ၊ လှုပ်ရှားမှုနှင့် လောင်ကျွမ်းမှုများ
--------------------------------------------------------------

လှုပ်ရှားမှု / မိနစ် ၃၀ အတွင်း လောင်ကျွမ်းသွားသော ကယ်လိုရီ Kcal

- လေ့ကျင့်ခန်း -

1) ထိုင်ထ / 411 Kcal
2) ရေကူး / 375 Kcal
3) ကြိုးခုန် / 333
4) ဘောလုံး / 321
5) ဘတ်စကတ်ဘော / 273
6) တစ်နာရီ 12မိုင်နှုန်း စက်ဘီးစီး / 273
7) တစ်နာရီ 5မိုင်နှုန်း ပြေးခုန် / 273
8) တင်းနစ်၊ထွေပစ်၊အားကစား / 273
9) အေရိုးဗစ်အက / 258
10) ကြက်တောင်ရိုက် / 153
11) ဂေါက်သီး / 153
12) စားပွဲတင်တင်းနစ် / 138 Kcal
13) ယောဂကျင့်စဉ် / 117
14) ဘိုးလင်းပစ် / 102

-နေ့စဉ်လှုပ်ရှားမှု-

a) လှေကားတက် / 273
b) ခြံစိုက်ပေါင်းသင်/ 153
c) တစ်နာရီ 3မိုင်နှုန်း လမ်းလျှောက် / 120
d) တံမြက်စည်းလှည်း / 84
e) ပေါ့ပါးသောအလုပ် / 69
f) ထိုင်ခြင်း / 60
g) အိပ်ခြင်း / 33 Kcal

အစားအသောက်တွင် ပါဝင်သော ကယ်လိုရီ%
-----------------------------------------------------------

အစားအသောက် / ပါဝင်သော ကယ်လိုရီ

1) ထမင်း ၁ပန်းကန်လုံး (6ဇွန်း) / 187.5 Kcal
2) ထမင်း ၁ပန်းကန်ပြား (9ဇွန်း) / 275
3) ကြက်သားဒံပေါက် (13ဇွန်း) / 708
4) ။ ။ (9ဇွန်း) / 525
5) ကြက်သားခေါက်ဆွဲကြော် (14ဇွန်း) / 594
6) ။ ။ (9ဇွန်း) / 396
7) ပဲပြုတ်ထမင်းဆီဆမ်း (9ဇွန်း) / 435
8) ပဲပြုတ်ထမင်းကြော် (9ဇွန်း) / 426
9) ထမင်းပေါင်း ၁ပွဲ (12ဇွန်း) / 475
10) တို့ဟူးသုပ် ၁ပွဲ / 195
11) ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး အစုံသုပ် ၁ပွဲ / 373
12) နန်းကြီးသုပ် ၁ပွဲ / 735
13) ရှမ်းခေါက်ဆွဲ ၁ပွဲ / 747
14) မုန့်ဟင်းခါး ၁ပွဲ / 268.5
15) အုန်းနို့ခေါက်ဆွဲ ၁ပွဲ / 466
16) ရခိုင်မုန့်တီ ၁ပွဲ / 126.5
17) ကြက်သား ဆီချက်ခေါက်ဆွဲ ၁ပွဲ / 475
18) ကြေးအိုး ၁ပွဲ ကြက်သား / 1588 Kcal
19) ။ ။ ၁ပန်းကန်လုံး / 553
20) ဘယာကြော်၁ခု / 194
21) စမူဆာ ၃ခု / 91
22) ဘူးသီးကြော် ၁ခု / 70
23) ကော်ပြန့်စိမ်း / 76
24) ကော်ပြန့်ကြော် / 200
25) ပေါင်မုန့် ၂ချပ် / 150
26) ။ ထောပတ်သုပ် ၁ချပ် / 119
27) ကိတ်မုန့် ၁ချပ် / 118
28) ၾကက္သား ဟမ္ဘာဂါ / 580
29) ဒိုးနတ် ၁ခု / 210.5
30) ချိစ် ဆန်းဒွစ်(ခ်ျ)/ 130
31) နံပြား ၁ချပ် / 226
32) ဝက်သားပေါက်စီ ၁လုံး / 340
33) ပဲပလာတာ ၁ချပ် / 377
34) အီကြာကွေး ၁ / 314
35) ဆီထမင်း ပန်းကန်ပြားသေး ၁ / 187
36) ပဲပြုတ်ကောက်ညှင်းပေါင်း သေး ၁ / 217
37) မုန့်ကျွဲသဲ / 56
38) ထန်းသီးမုန့် / 120
39) မုန့်လင်မယား / 73
40) ဘိန်းမုန့် / 286.4
41) သာကူ မုန့်ဖက်ထုပ် / 121
42) အာလူးကြော် ၂၀ခု / 177.5
43) ငါးမုန့်ကြော် ၃ခု / 140
44) ကြက်ဥကြော် ၁ / 129
45) ကြက်ဥပြုတ် ၁ / 80
46) ပြောင်းဖူးပြုတ် ၁ / 350
47) ဂေါ်ရခါးသီးပြုတ် ၁ / 27
48) ရုံပတီသီး + ပုဇွန်ခြောက်ကြော် / 130
49) ကန်စွန်းရွက်ကြော် ၃ ဇွန်း / 41.2
50) ကြက်သား + ဘူးသီး / 95
51) ခရမ်းသီး + ပုဇွန်ခြောက် / 156 Kcal
52) ငှက်ပျောသီး သီးမွှေး / 140
53) စပျစ်သီး / 83
54) နာနတ်သီး ၁ပန်းကန်လုံး / 75
55) ဖရဲသီး ၁ပန်းကန်လုံး / 38
56) သရက်သီးမှည့် ၁ပန်းကန်လုံး / 128
57) သင်္ဘောသီး ၁ပန်းကန်လုံး / 63
58) ကျွဲကောသီး ၁ပန်းကန်လုံး / 40
59) လက်ဖက်သုပ် ၁ပွဲ / 467
60) ။ ။ ၁ဇွန်း / 78
61) ဂျင်းသုပ် ၁ပွဲ / 512
62) ခရမ်းချဉ်သီးသုပ် ၁ပွဲ / 117
63) ငါးဖယ်သုပ် ၁ပွဲ / 130
64) ငါးကြင်းကြော် / 116
65) ငါးလေးဟင်း / 180
66) ဘဲဥဟင်း / 125
67) ပုဇွန်ဟင်း / 98
68) ဝက်သားဟင်း / 202
69) ကြက်သားဟင်း / 216

70) နို့ ၁ဖန်ခွက် / 168
71) ကော်ဖီ ၁ခွက် / 84
72) ကိုလာ ၁ဗူး / 103
73) လိမ္မော်ရည် ၁ခွက် / 115
74) စတော်ဘယ်ရီယို ၁ဇွန်း / 23.2
75) ထောပတ် ၁ ဇွန်း / 76 Kcal

(နံနက်စာ)
a) ကော်ဖီ+ပေါင်မုန့်ကြက်ဥကြော် / 393 Kcal
b) ကော်ဖီ+ပေါင်မုန့်ထောပတ်သုပ် / 452
c) ကော်ဖီ+ပဲပြုတ်ထမင်းကြော် / 511
d) ကော်ဖီ+ပဲပြုတ်ထမင်းဆီဆမ်း / 519
e) ကော်ဖီ+မုန့်ဟင်းခါး / 353
f) ကော်ဖီ+အုန်းနို့ခေါက်ဆွဲ / 550

(နေ့လည်စာ)
• ထမင်း+ဝက်သားဟင်း+ ကန်စွန်းရွက်ကြော်+သီးစုံ ချဉ်ရည်ဟင်း +သရက်သီးမှည့် / 725 Kcal
• ထမင်း+ကြက်သားဟင်း+ပဲသီးကြော်+ချဉ်ပေါင်ဟင်း+ဖရဲသီး / 706 Kcal
• ထမင်း+ငါးဖယ်သုပ် +ဗူးညွန့်ကြော်ချက် +ပဲကြီးဆူးပုတ်ဟင်း +စပျစ်သီး / 654 Kcal

Blog Archive

Shwe Hmone Yati

Tags

၊ ဇရစ်ချောင်ကျေးရွာ ၊ သထုံမြို့နယ် ၊ အင်းတိုင်စုကျေးရွာ ၀က်လက် ၀တ္တု ၀တ်မှုံရွှေရည် ၀မ်းတွင်း ၀မ့်ဟိုင်း ၀ါးခယ်မ ၀ိုင်းစုခိုင်သိန်း ၀ိုင်းမော် ၀ိုင်းစုခိုင်သိန်း ၅၉(စ) 7 July 8888 88gens AA ABSDF accident ad advice Afghan Africa AI ALD ALP amaze America America's Got Talent Angelina jolie Anonymous ANP arak Arakan Archaelogy Argentina Army ARSA art article Astronomy attakyaw Aung San Suu Kyi Australia Austria Bagan Bago Bangladesh Bank BCP beau beauty Belgium BGF bingal Bingali Bobby Soxer (ထက်ထက်) Bogyoke Aung San Bomb book Border Bosnia Botswana Brazil British Brunei buddhi Buddhism Buddhist Burmese Movieclips Trailers Burundi business Butan c Cambodia camera Cameroon Canada car cartoon celebs Chicken Soup Chile Chin China chinese Christian CIA city City Life Buffalo cival war CNF Colombia Congo Cook couple CPB crime Criticism Crony CRPP cssu Cuba Daily Popular Dailymotion dance DASSK Days Denmark dhamma DKBA Donation DPNS DR.Tint Swe Dutch earth Ecuador Education Egypt EindraKyawZin ele Election ElSalvador Embassy Eng England entertainment environment essay Ethiopia Ethnic EU eurpoe Exile Facebook News fashion fashion show fb FDA feature FIFA Fiji for sale Foreign Affairs France Free Burma Rangers(FBR) funny Gambia game GandaWin gay general general knowledge Generation Wave Georgia Germany Ghana ghost story go gossip column Gov greece Guatemala Gwa Ha Ha health herbal Heritage Hindu History HIV Hluttaw Hong Kong Htet Htet Moe Oo htun koko HumanRight Hungary ICC Iceland IMF India Indonesia interview Iran Iraq Ireland Irrawaddy ISIS Islam Israel Italy Ivory Coast J. Krishnamurti Japan Jewellery JMC job Jobs joke Jordan ju justin bieber Kachin KAF Karen Kayah Kazakhstan KBC Keanu Reeves Kenya khaingHninWai KhinLayNwe) KHRG KIA KIO KNDO KNPC KNPP KNSO KNU KPP KSDP Kuwait Labadawn Ladyboy learning english Lebanon LEBT letter lettr Libya Liechtenstein lifestyle link LNDP london lottery love Luxembourg M Seng Lu Ma Millar Hniang mafia magic Magway mal Malaysia Mali mandalay Manny Pacquiao Maths Maungdaw Mauritania MCDF MDCF Me N Ma Girls medel media medicine Memory Mexico MFOCN MH 370 miss Miss People MissAmerica MissButtBrazil MissGrandInternational MissInternational MissInternationalQueen MissSupranational MissTourismInternational MissUniverse MissUniversityMyanmar MissWorld MissWorldMuslimah MisterInternationalMyanmar MMCG MNDAA model Model Contest Mon mone money Monthly Popular Morocco movie MP4YOU TUBE MPC MPT MPU MSF MSM music muslim myanmar Myanmar Idol MyaThanTint myint myat NATO nature NCA NCCT ND-Burma NDF NED Nepal new new year newgens news Newzeland NGO Niagara Falls Nicki Minaj nicky Niger Nigeria NLD NMSP NNER NorthKorea Norway Nothern Novel Number obama OIC Opinion osama binladin pagoda Pakistan Palestine Paraguay Party People Peru Phillipines Philosophy photo phyu phyu kyaw thein PJS PoDarli poem Poland Police Politic Political Prisoner PopularPost pp programmer Project PSLF/TNLA Puerto Rico QandA Qatar Quote R.ဇာနည် rates RCSS/SSA Real Estate RebcaWin Records Refugee Religious report Research Riot RNDP Rohingya Romania RSO Russia Rwanda Rဇာနည် Saffron Satire Saudi Science Science & Tech scotland SEA Game Serbia sexeducation Shakira Shan show Shwe Dagon Siberia Sierra Leone Singapore singer SNDP SNLD Soe soldier Somalia song sound SouthAfrica SouthKorea Spain Speech sport Sri Lanka SSA SSPP stock Store story Sudan suu foundation Sweden Switzerland Syria Taipei Taiwan Tanzania tatto tech terrorist Thailand ThaZin ThinGyan ThinZarWintKyaw Tibet Tips TNLA tourism Trailer Travel Traverse America true story Tunisia Turkey Turkmenistan U Ko Ni U Thant UAE UEC Uganda Ukrain UN UNA Unesco UNFC UNHCR UNICEF UNODC UPWC Uruguay USAID USDP UWSA UWSP Venezuela vi video vietnam vn War way weather Wedding WFP WHO wonder worker world accident World Bank world celebs world crime World Heritage world history world singer worldn WorldNews yangon YCDC Yemen YHT YIT yoon yoon YunMiOo Zimbabwe က၀ ကချင် ကချင်ပြည်နယ် ကနီ ကန် ့ဘလူ ကန်ပိုက်တီး ကန်ကြီးထောင့် ကံမ ကမန် ကမာရွတ် ကယန်း ကယား ကယားပြည်နယ် ကရင် ကရင်နီ ကရင်ပြည်နယ် ကရင်ပြည်သူ့ ပါတီ ကွတ်ခိုင် ကွတ်ခိုင်မြို့နယ် ကွမ်းခြံကုန်း ကွမ်းလုံ ကျွန်းစု ကျွန်းလှ ကျွဲပွဲ ကလလတ ကသာ ကာမိုင်း ကာရံချို ကားမောင်းသူတွေအတွက် ကိုးကန့်  ကိုကိုးကျွန်း ကိုထက် ကိုမြအေး ကိုအံ့ကြီး ကိုဝေလု ကိုးကန့်  ကူမဲ ကလေး ကလေးဝ ကလော ကျန်းမာရေး ကျိုက်ထို ကျိုက်ထီးရိုး ကျိုက်မရော ကျိုက်လတ် ကျိုင်းတုံ ကျုံထော် ကျုံပျော် ကျုံဒိုး ခင်ညွန့်  ခင်ဘုဏ်း ခင်ဝင့်ဝါ ခင်သဇင် ခင်ဦး ခန့် စည်သူ ခရစ်ဆီ ၀ဏ္ဏ ခရမ်း ခိုင်သင်းကြည် ခိုင်သဇင်ငုဝါ ခိုလမ် ခူမီး ခမောက်ကြီး ချင်း ချင်းတွင်းမြစ် ချင်းပြည်နယ် ချင်းရွှေဟော် ချစ်စနိုးဦး ချစ်သုဝေ ချစ်ဦးညို ချစ်ဗေဒင် ချမ်းချမ်း ချမ်းမြသာစည် ချမ်းမြသာစည်မြို့နယ် ချမ်းအေးသာစံ ချီဗွေ ခန္တီး ဂန့် ဂေါ ဂမ္ဘီရ ဂုတ်ထိပ် ဂျင်မီ ဂျီလတ် ဂျူး ငပုတော ငဖဲ ငါန်းဇွန် ငါးသိုင်းချောင်း ငါ့သရောက် စကု စက်စဲ စင်္ကာပူ စစ်ကိုင်း စစ်ကိုင်းတိုင်း စစ်တွေ စတီဗင်ဦး စနဲမြို့  စမ်းချောင်း စမ်းချောင်း စံရတီမိုးမြင့် စွမ်းအားရှင် စလင်း စဥ့်ကိုင် စဥ့်ကူး စာပေဟောပြောပွဲ စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး စိုင်းစိုင်းခမ်းလှိုင် စိုးစန္ဒာထွန်း စိုးပြည့်သဇင် စိုးမြတ်နန္ဒာ စိုးမြတ်သူဇာ စိုးသူ စီးပွားရေး စုစုနွေး စလေ စန္ဒီမြင့်လွင် ဆင်ဘို ဆင်ပေါင်ဝဲ ဆွမ်ပရာဘွမ် ဆွာမြို့ ဆလုံ ဆားလင်းကြီး ဆိပ်ဖြူ ဆိုတေး ဆီဆိုင် ဆီရာလီယွန်း ဆုပန်ထွာ ဇင်ဝိုင်း ဇန်နူး ဇဗ္ဗူသီိရိ ဇမ္ဗူသီရိ ဇွန်သင်ဇာ ဇွန်သံစဉ် ဇလွန် ဇာဂနာ ဇာနည်ထူးထူး ဇိုမီး တကသ တင်ဇာမော် တင့်တင့်ထွန်း တင်းတိတ် တစည တံတားဦး တနင်္သာရီ တနင်္သာရီတိုင်း တန့် ဆည် တန့် ယန်း တပ်ကုန်း တမူး တရား တွန်းဇံ တွံတေး တလုပ် တအာင်း(ပလောင်) တာချီလိတ် တာမွေ တာလေ တိုက်ကြီး တီကျစ် တီးတိန် တိုက်ကြီး တူနီးရှား တနိုင်း တနိုင်း ထက်ထက်ဝင့် ထက်ထက်မိုးဦး ထန်းကုန်း ထန်းတပင် ထန်းပင်ကုန်း ထွန်းထွန်း ထွန်းအိန္ဒြာဗို ထားထက်ထက် ထားဝယ် ထီးချိုင့် ထီးလင်း ထုံးတပိုကျေးရွာ ထူးဆန်းထွေလာ ထူးဆ် ထူးကြီး ထူးအိမ်သင် ဒက္ခိဏသီရိ ဒဂုံ ဒဂုံဆိပ်ကမ်း ဒဂုံမြို့ သစ် ဒလ ဒလိုင်းလားမား ဒါးက ဒါရိုက်တာဝိုင်း ဒါရိုက်တာမိုက်တီး ဒိုက်ဦး ဒီပဲယင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒီမောဆို ဓနုဖြူ နတ္တလင်း နတ်တလင်း နတ်မောက် နန်းခင်ဇေယျာ နန်ဆန့်  နန်းဆုရတီစိုး နမ္မတီး နမ္မတူ နမ့်ခမ်း နမ့်စမ် နမ့်ဆမ် နမ့်လန် နယ်သာလန် နာဂ နားဟိုင်းလုံ နာရေး နာရေးကူညီမှုအသင်း နီနီခင်ဇော် နန္ဒာလှိုင် ပက်ထရစ်ရှာ ပခုက္ကူ ပင်းတယ ပင်လည်ဘူး ပင်လုံ ပင်လောင်း ပန်ဝါ ပန်ဆိုင်း ပန်းတနော် ပန်းဘဲတန်း ပန်းတောင်း ပွင့်နဒီမောင် ပွင့်ဖြူ ပလက်ဝ ပလိပ် ပိုင်ကျုံ ပိုလန် ပီကင်း ပုဂံ ပုဇွန်တောင် ပုဏ္ဏားကျွန်း ပုပ္ပါး ပုံပါကျင် ပုဗ္ဗသီရိ ပုလဲ ပုသိမ် ပုသိမ်ခရိုင် ပုသိမ်ကြီး ပုလောမြို့  ပူတာအို ပလောင် ပဲခူး ပဲခူးတိုင်း ပျဉ်းမနား ဖယ်ခုံ ဖရူဆို ဖွာထောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖလမ်း ဖားကန့်  ဖာပွန် ဖားဆောင်း ဖုန်ကြားရှင်း ဖျာပုံ ကြက်ယက် ကျေးရွာ ကြံခင်း ကြည်ဖြူ သျှင် ကြည့်မြင်တိုင် ကြည့်မြင်တိုင် ကြာအင်းဆိပ်ကြီး ကြို့ ပင်ကောက် ကြူကုတ် ဗကပ ဗကသ ဗန်းမောက် ဗန်းမော် ဗဟန်း ဗိုလ်ချုပ် ဂွမ်မော် ဗိုလ်ချုပ်ဟောင်းထွန်းကြည် ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်တထောင် ဗိုလ်ကြင်မောင် ဗိုလ်မှူးကြီးစောဆန်းအောင် ဗိဿ နိုး ဗီယက်နမ် မြိုင်မြို့ မြိုင်ကြီးငူဆရာတော် ဘင်္ဂါလီ ဘယ်လ်ဂျီယံ ဘားအံ ဘားအံမြို့နယ် ဘိုကလေး ဘီးလင်း ဘုတလင် ဘုတ်ပြင်း ဘုရားကြီး ဘုရားသုံးဆူ ဘိုကလေး ဘူးသီးတောင် မက္ကဆီကို မကွေးတိုင်း မချမ်းဘော့ မင်္ဂလာဒုံ မင်္ဂလာပွဲ မင်္ဂလာတောင်ညွန့်  မင်းကင်း မင်းကွန်း မင်းကိုနိုင် မင်းတပ် မင်းတုန်း မင်းဘူး မင်းပြား မင်းလှ မင်းအုပ်စိုး မင်းမော်ကွန်း မင်းသွေးသစ် မင်းအောင်လှိုင် မင်းအောင်လှိုင် မတၱရာ မတူပီ မထက္ မန္စီ မန္တလေးတိုင်း မန်းဂျော်နီ မဘသ မဘိမ်း မယ်စဲ့ မယ်လ မယ်လိုဒီ မရမ်းကုန်း မွန် မွန်ပြည်နယ် မွန်ပြည်သစ် မွန်အမျိုးသားပါတီ မွန်းအောင် မလှိုင် မလွှကုန်း မွန်ပြည်နယ် မွဲ ့ မဟန မဟာအောင်မြေ မအီ မအူပင် မာန်အောင် မာယာလူမျိုး အကြောင်း မာရီနာ မာရီလင်မွန်ရိုး မိစန္ဒီ မိတ္ထီလာ မိတီ်္ထလာ မိတ္ထီလာ မိတ်ကပ် မိန့် ခွန်း မိုးကုတ် မိုင်းကိုင် မိုင်းခတ်မြို့နယ် မိုင်းခုတ် မိုင်းဆတ် မိုင်းတုံ မိုင်းထား မိုင်းပန် မိုင်းပွန် မိုင်းယန်း မိုင်းပြင်း မိုင်းဖြတ် မိုင်းရှူး မိုင်းလား မိုင်းနောင် မိုင်းယောင်း မိုးညှင်း မိုးညို မိုးနဲ မိုးမိတ် မိုးယုစံ မိုးဗြဲ မိုးသီးဇွန် မိုးကောင်း မိုးဇေညိမ်း မိုးမောက် မိုးဟေကို မိုးအောင်ရင် မုံးကိုး မုဏ်း မုဒုံ မုန်းဝန်း မုန်းကို မုံရွာ မုံရွာမြို့ မိုင်းခတ်မြို့နယ် မိုးညှင်းမြို့နယ် မူဆယ် မကွေး မကွေးတိုင်း မလေးရှား မျိုးစောင့်ဥပဒေ မန္တလေး မန္တလေးတိုင်း ယင်းမာပင် ယန်ဟီးလီ ယမုံမိုး ယွန်းယွန်း ယီမင် ယုသန္တာတင် ယူကရိန်း ပြင်သစ် ပြင်ဦးလွင် ပြဇာတ် ပြည် ပြည်ခိုင်ဖြိုး ပြည်ကြီးတံခွန် ပြည်ကြီးတံခွန် ပြည်သူ့ ဂုဏ်ရည် ပြွန်တန်ဆာ ဖြိုးကြီး ဖြိုးဖြိုးအောင် ဖြိုးငွေစိုး ဖြူး ဖြူဖြူကျော်သိန်း မြ၀တီ မြင်းမူ မြင်းခြံ မြင့်မြတ် မြစ်ကျိုး မြစ်ဆုံ မြစ်ကြီးနား မြစ်သား မြတ်ကေသီအောင် မြန်မာမလေးများ မြန်မာမလေးများvideo မြန်မာ့ရိုးးရာ ပန်းးပုပညာ မြန်အောင် မြဝတီ မြသန်းစံ မြိတ်ထားဝယ် မြို့ သစ် မြိုင် မြိုင်ကြီးငူ ရခိုင်ပြည်နယ် ရခိုင်အမျိုးသားပါတီ ရခိုင်အမျိုးသားပါတီ ရတနာမိုင် ရတာနာ ရန်ကင်း ရန်ကုန် ရန်ကုန်စက်မှုတက္ကသိုလ် ရန်ကုန်တိုင်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက် ရန်ကုန်တိုင်း ရပ်စောက် ရမည်းသင်း ရမ်းဗြဲ ရွာငံ ရှင်ဆန္ဒာဓိက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ရှမ်းနီ ရှမ်းပြည်နယ် ရှားတော ရှီဘုယဇာနည ရိုဟင်ဂျာ ရုရှား ရသေ့တောင် ရဲတိုက် ရဲထွဋ် ရဲလေး လက်ပံတန်း လက်ပံတောင်း လက်ဝှေ့  လင်းခေး လပွတ္တာ လမ်းမတော် လယ်သမား လယ်သိမ်းမြေသိမ်း လယ်ဝေး လွယ်လင် လွိုင်လင် လွိုင်ကော် လှည်းကူး လှည်းတန်း လွှတ်တော် လှာကာကျေးရွာ လှိုင်သာယာ လသာ လဟယ် လားရှိုး လာအို လွိုင်လင် လွိုင်ကော် လှိုင် လှိုင်းဘွဲ လှိုင်သာယာ လိုင်ဇာ လှိုင်းဘွဲ့မြို့နယ် လီဆူ လုံးခင်း လုလုအောင် လူမင်း လူပျောက်ကြော်ငြာ လဲချား လွှတ်တော် ဝတ်မှုန်ရွှေရည် ဝိုင်းစုခိုင်သိန်း ဝိုင်းမော် ဝိုင်းလေး ဝီရသူ ကြည့်မြင်တိုင် သက္ကလ သက်မွန်မြင့် သခင်တင်မြ သံဃာ သင်္ဃန်းကျွန်း သင်ဇာဝင့်ကျော် သင်ဇာနွယ်ဝင်း သဇင် သံတွဲ သတိပေးချက် သထုံ သထုံ သနပ်ပင် သန်လျင် သန်းရွှေ သပိတ်ကျင်း သံဖြူဇရပ် သင်္ကြန် သံဖြူဇရပ် သရက် သံလျင် သဉ္ဖာနွယ်ဝင်း သာစည် သားညီ သာယာဝတီ သာကေတ သာပေါငး သာပေါင်းမြို့ နယ် သိန်းစိန် သိန်းနီ သိန္နီ သီတဂူဆရာတော် သီဟ၀င်းတင် သီပေါ သုဝဏ္ဏ သုဝဏ္ဏ၀တီ သုံးခွ သုံးဆယ် သူရဦးတင်ဦး သူရဦးရွှေမန်း သူရဦးအောင်ကို သူရရွှေမန်း သူရဲကောင်း သံတောင်ကြီးမြို့  သရော်စာ သဲကုန်း သဉ္ဇာနွယ်ဝင်း ဟန်ဝင်းအောင် ဟန်ထူးလွင် ဟန်သီ ဟင်္သာတ ဟားခါး ဟာသ ဟိုင်းကြီးကျွန်း ဟိုပုံး ဟိုယာဒေသ ဟုမ္မလင်း ဟိုပန် ဟဲဟိုး အကယ်ဒမီ အကယ်ဒမီ၂၀၁၂ အင်္ဂပူ အင်ဂျလီနာ ဂျိုလီ အင်းစိန် အင်းတကော် အင်လုံရွာ အင်းတော် အင်းတော်ကြီး အင်းလေး အစ္စရေး အဆိုအမိန့်  အမရပူရ အမ်း အမျိုးသမီးပါတီ အမျိုးသားကွန်ဂရက်ပါတီ အမျိုးသားဒီမိုကရေစီပါတီသစ် အမျိုးသားပါတီ အမြန်လမ်း အရာတော် အရိုင်း အလှပြင်မယ် အလုံ အသုတ် အာဆီယံ အာဇာနည်နေ့  အိမ်မဲ အိချောပို အိန္ဒိယ အီရန် အီသီယိုးပီးယား အုတ်တွင်း အကောက်တောင် အဖျောက် အမေရိကန် အခြေခံဥပဒေ အလောင်းတော်ကဿ ပ ဥတ္တရသီရိ ဦးဝင်းတင် ဦးဝီရသူ ဦးဂမ္ဘီရ ဦးထင်လင်းဦး ဦးထင်ကျော် ဦးထင်ကျော် ဦးနု ဦးပိုင် ဦးဖိုးကျား ဦးမြင့်ဆွေ ဦးဝင်းချို ဦးဝင်းတင် ဦးဝင်းထိန် ဦးသန့်  ဦးတေဇ ဦးနေ၀င်း ဧရာဝတီ ဧရာဝတီတိုင်း ဧရာဝတီ ဧဝရတ်တောင် ဧဝံမေသုတံ ဝေဠုကျော် ဝေါ ကေတုမတီ ကေအိုင်အို ကော့ကရိတ် ကောင်းပြည့် ကော့မှူး ကောလင်း ကော့သောင်း ကော်နီ ကျေးသီးမြို့  ကျောက်ဆည် ကျောက်တံခါး ကျောက်တံတား ကျောက်တန်း ကျောက်ပန်းတောင်း ကျောက်ပန်းတောင်းမြို့နယ် ကျောက်ကြီး ကျောက်မဲ ကျောက်ဖြူ ကျောက်တော် ကျောက်မြောင်း ကျောင်းကုန်း ကျောင်းသားလှုပ်ရှားမှု ကျောင်းသားသပိတ် ကျော်ကိုကို ကျော်သူ ကျော်ဟိန်း ကျော်ကျော်ဗို ချောက် ချောင်းဆုံ ချောင်းသာ ချောင်းဦး ချောရတနာ ဂျေညီညီ ဂျောက်ဂျက် ငွေမှုန်ရတီ ငွေဆောင် စေတုတ္တရာ စောဘွဲ့မှူး ဆော ဆော့လော် ဇေယျဝတီ ဇေယျာသီရိ ဇေရဲထက် ဇော်ဝင်းထွဋ် ဇော်သက်ထွေး ညောင်တုန်း ညောင်ဦး ညောင်ခြေထောက် ညောင်ရွှေ ညောင်လေးပင် တောကျွဲအင်း တောင်ကုတ် တောင်ငူ တောင်တွင်းကြီး တောင်ဒဂုံ တောင်ကြီး တောင်ပြိုလက်ဝဲ တောင်ပြုံး တောင်သမန် တောင်သာ တောင်ဥက္ကလာ ထောက်ကြန့်  ဒေါ်ကြိုင်ကြိုင် ဒေါ်အောင်ဆန်းစုကြည် ဒေးဒရဲ ဒေါက်တာညိုညိုသင်း ဒေါက်တာတင့်ဆွေ ဒေါက်တာထွန်းလွင် ဒေါက်တာမြင့်ထွေး ဒေါက်တာရန်မျိုးသိမ်း ဒေါက်တာလှကျော်ဇော ဒေါက်တာသန်းထွန်း ဒေါပုံ နေတိုး နေမျိုးဇင် နေမျိုးဝေ နေပြည်တော် နောင်ချို နောင်ဒွန်းကျေးရွာ နောင်လုံး အုပ်စု နော်အုန်းလှ ပေးစာ ပေးစာ - ဗိုလ်ချုပ်မြ၀င်း (သို့) ဗိုလ်မြ၀ါး ပေါက် ပေါက်ခေါင်း ပေါက်တော ပေါင် ပေါင်းတည် ပျော်ဘွယ် ဖွေးဖွေး ဖောင်ကြီး ဖောင်းပြင် ကြေးမုံဦးသောင်း ကြော်ငြာ ဗေဒင် ဗေလုဝ ဘောလခဲ မေ မေခလာ မေစံပယ်ညို မှော်ဘီ မေသက်ခိုင် မေသန်းနု မောက်မယ် မောချီး မောင်ဆောင်းခ မောင်တော မောင်မောင်ဝမ်း မော့စ် မော်ချီး မော်လမြိုင် မော်လိုက် မော်လ်ဒိုဗာ ပြေတီဦး မြေပုံ မြောက်ဒဂုံ မြောက်ဥက္ကလာ မြောက်ဦး မြောင် မြောင်းမြ ရေး ရေစကြို ရေစကြိုမြို့နယ် ရေတာရှည် ရေနီ ရေနံချောင်း ရေကြည် ရေဖြူ ရွှေဘိုမြို့  ရွှေမှုန်ရတီ ရွှေပြည်သာ ရေဦး ရွှေဝါရောင် ရွှေကူ ရွှေကျင် ရွှေစက်တော် ရွှေည၀ါဆရာတော် ရွှေတိဂုံ ရွှေဘို ရွှေမှုန်ရတီ ရွှေပြည်သာ ရွှေလီ ရွှေညောင် ရွှေတောင် ရွှေပေါက္ကံ ရွှေသောင်ယံ လေးမျက်နှာ လေးဖြူ လှော်ကား လောက်ကိုင် လောင်းလုံ လောပိတ ဝေါမြို့နယ် အေးချမ်းမြတ်မိုး အေးမြတ်သူ အေသင်ချိုဆွေ အောင်ဆန်းဦး အောင်ပန်း အောင်မင်း အောင်ရဲလင်း အောင်လံ အောင်မြေသာစံ အောင်သောင်း အော်စကာ နွားထိုးကြီး နိုင်ငံရေးအကျဉ်းသား နိုင်မွန်ချမ်း

Labels

Recent Post