CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, March 5, 2018
လူငယ်စုံတွဲ ကြိုးဆွဲချ သေဆုံး
ဘားအံ မတ်လ ၎
ကရင်ပြည်နယ်၊ နောင်ပလိန်ကျေးရွာအုပ်စု၊ တံတားဦးကျေးရွာအနီး တောင်ဝိုင်းတောင်ခြေတွင် မတ်လ ၄ ရက်နေ့ ယနေ့ နံနက် ၁၁း၀၀ နာရီအချိန်ခန့်က လူငယ်စုံတွဲ ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ နောင်ပလိန် ကျေးရွာအုပ်စု တံတားဦး ကျေးရွာနေမောင်စောသန်းဦး (ခ) ကျော်ဖိုးအဲ (သ) ၁၈ နှစ်သည် မတ်လ ၃ ရက်နေ့ ညနေပိုင်းတွင် ၎င်းနှင့် ရီးစားဖြစ်နေသူ နောင်ပလိန် ကျေးရွာအုပ်စု၊ နောင်ဖလဲ ကျေးရွာနေ နန်းဝါဝါခိုင် (ခ) နော်ကလောင်ကလိုင်း (သ) ၁၇ နှစ်အား ပွဲကြည့်ရန်ဟုပြောဆိုခေါ်ယူ၍ ထွက်သွားရာမှ တစ်ညလုံး ပြန်ရောက်လာခြင်းမရှိပဲ မတ်လ ၄ ရက်နေ့ ၁၁ အချိန်ခန့်တွင် တောင်ဝိုင်းတောင်ခြေရှိ သေဆုံးသူ စောသန်းဦး၏ အဒေါ်ဖြစ်သူ ဒေါ်အော်လေးမြိုင်၏ တောင်ဝိုင်းတောင်ခြေရှိ ဈေးဆိုင် ထုတ်တန်းတွင် ငါးမူးလုံးခန့်ရှိ နိုင်လွန်ကြိုးဖြင့် နှစ်ဦးလုံး ချည်နှောင်ကာ လိုက်ကာဖြင့်ကွယ်၍ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ နယ်မြေခံရဲစခန်းသို့ သတင်းပို့ အကြောင်းကြားပြီး နယ်မြေခံရဲစခန်းမှ လိုအပ်သော စစ်ဆေးမှုများပြုလုပ်ကာ စောသန်းဦး(ခ)ကျော်ဖိုးအဲနှင့် နန်းဝါဝါခိုင်(ခ)နော်ကလောင်ကလိုင်းတို့နှစ်ဦး သေဆုံးခြင်းအပေါ် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
PWS/MT
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin/
လူငယ်စုံတွဲ ကြိုးဆွဲချ သေဆုံး
Reviewed by MP4 YoU
on
March 05, 2018
Rating: 5
Reviewed by MP4 YoU
on
March 05, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment