Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 18, 2018

ထန်းလျှက်လည်းကျွေးရသေးတယ် အသက်လည်းပေးလိုက်ရသေးတယ်


ထန်းလျှက်လည်းကျွေးရသေးတယ်
အသက်လည်းပေးလိုက်ရသေးတယ်

ကျမအမျိုးသားရဲ့ညီ နာမည်က ကိုဇော်ဝမ်း-ပါ
စက်မှု့လုပ်ငန်းရှင်တစ်ဦးပေါ့

သူငယ်စဉ်တောင်ကျေး ကလေးဘဝကတည်း မြင်မြင်သမျှ
တိရိစ္ဆာန်လးတွေကို အလွန်ချစ်တတ်တဲ့
အမြဲပြုံးနေတတ်တဲ့ မောင်လေးပေါ့

သူ့လုပ်ငန်းခွင်ထဲမှာလည်း
ခွေးလေး'တွေ'ကြောင်လေး'တွေကို မွေးထားလေ့ရှိတယ်

လွန်ခဲ့တဲ့ (၁)လလောက်က
သူ့လုပ်ငန်းခွင်ထဲမှ ခွေးမကြီးတကောင်က သားသုံးကောင်ပေါက်တယ်

အဲ့ဒီတော့ သူ့ရဲ့ ထုံးစံအတိုင်း ရက်သားခွေးလေးတွေကို ထန်းလျှက်ခဲလေး ကျွေးလိုက် --သူစားနေကြ ကွမ်းယာလေးထုတ်ဝါးလိုက်နဲ့-- ခွေးလေးတွေကိုချစ်တဲ့စိတ်နဲ့ သူ့ရဲ့လုပ်ငန်းခွင်ထဲမှာ ပင်ပန်းနွမ်းနယ် နေခဲ့သမျှ ခွေးလေးတွေကိုကြည့်ပြီး
သဘောကျနေခဲ့တယ်

တစ်နေ့ သူ ခရီးထွက်ပြီးအပြန်
ကိုယ်လက်တွေ အလွန်နာလာတယ်
မခံမရပ်နိုင်အောင် ခန္ဓာကိုယ်အောက်ပိုင်း အဓိက နာလာတယ်
ဒါနဲ့ ပုဂ္ဂလိကဆးရုံတစ်ရုံက ပါရဂူတစ်ဦးနဲ့ သွားရောက်ပြသရာ
စမ်းသပ်ပီး "ခွေးကိုက်ခံရဘူးလား" ဟု ပါရဂူကြီးက မေးမြန်းရာ
ထန်းလျှက်ကျွေးစဉ်က ရက်သားပဲရှိသော ခွေးလေးတွေက အစာလုစားရင်း သူ့လက်ကိုအမှတ်မထင် သွားဖြင့်ခြစ်မိသွားတာကို
သတိရပြီး
"ဟာ"
ဟု စားပွဲကို ပုတ်လိုက်ပြီး "ခွေးသွားလေးနဲ့ ခြစ်မိဘူးတယ် "ဟု

သူပြောလိုက်ပြီး သူခေါင်းငိုက်စိုက် ကျသွားပြီး ချက်ချင်း လုပ်ငန်းခွင်ထဲသို့ ဖုန်းဆက်ပီး ခွေးလေးတွေ အခြေအနေကို မေးမြန်းရာ လွန်ခဲ့သော တပတ်ခန့်က အလိုလို သေဆုံးသွားတယ်ဟု သိရသောအခါ ---

တုန်လှုပ်သွားသည် သူ့ရောဂါကလည်း ပိုပိုဆိုးလာတယ် ရေ လေး တစ်စက်သောက်ဖို့ကို ခက်ခဲလာတယ်
Passport သက်တမ်းတိုးဖို့ ဓါတ်ပုံရိုက်ခံ တဲ့အခါ မီးလင်းသွားတာ မြင်တဲ့အခါမှာလည်း သူအလွန်ခြောက်ခြားသွားတယ်

ဒီအဖြစ်အပျက်တွေကို ဆရာဝန်ကြီးနဲ့ သူ့အသိုင်းအဝိုင်း အားလုံးက ရိပ်မိသွားပီး ဒါက ခွေးကလေးကြောင်ကလေးတွေမှာ ဖြစ်တတ်တဲ့ရောဂါ
"ကုရာနတ္ထိဆေးမရှိတဲ့ရောဂါ"

ကမ္ဘာပါတ်ကုဖို့ကြိုးစားကြရင်း ရောဂါကလည်း တဖြည်းဖြည်းတရိပ်ရိပ်ပြလာပြီး သုံးရက်မြောက်နေ့မှာ တိရိစ္ဆာန်တွေကိုချစ်တဲ့သူဟာ သူ့ရဲ့ ခန္ဒာကိုယ်ကို ထားခဲ့ပြီး သူချစ်တဲ့ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ လူ့လောကကြီး

ဝေးရာ ဝေးရာ

ဟိုအဝေးတနေရာ သို့

လှူဒါန်းမှု အစုစု နှင့် အမြဲပြုံးတတ်သော သူ့ရဲ့စိတ်ရင်းလေးကြောင့် ကောင်းရာသုဂတိ လားပါစေ...
ကာကွယ်ဆေးထိုးကြဖို့ မမေ့လျော့ကြပါနှင့်....
မေတ္တာဖြင့်...
ဒေါ်မြလေးခင် (UD GROUP)
Daw Mya Lay Khin



No comments:

Post a Comment