Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 18, 2018

စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အခွန်


 Eleven ဆောင်းပါးမှ ကောက်နုတ်ချက်

NLD အစိုးရ လက်ထက်မှာ အခွန် Base ချဲ့မယ်ဆိုပြီး တောရောမြို့ပါ ဆိုင်အသေးလေးတွေကအစ အခွန်မရရအောင် ကောက်ခံလာတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အခွန်ရှောင်ခဲ့တဲ့၊ ငွေမည်းတွေနဲ့ တိုင်းပြည်ကို နာမည်ပျက်စေခဲ့တဲ့ မူးယစ်ဆေးဝါး ဖောက်ကားမှု မထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးမှာ အခွန်ထမ်းနေရတဲ့ ပြည်သူတွေကို မျက်နှာသာ မပေးဘဲ
အခွန်ရှောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ် ဟောင်းတွေ၊ ခရိုနီတွေကို မျက်နှာသာပေးချင်တဲ့

စည်းကြပ်မှုမှ လွတ်ကင်းနေသော
ဝင်ငွေအပေါ် အခွန်ဆိုပြီး
အခွန်နှုန်း သုံးရာခိုင်နှုန်းအထိ လျှော့ချလိုက်ခြင်းဟာ

အခွန်ထမ်းနေတဲ့ ပြည်သူတွေကို ငါတို့က အခွန်ထမ်းနေရတာ မမျှတဘူးဆိုတဲ့ အမြင်ကိုပဲ ဖြစ်လာစေပြီး အခွန်မဆောင်တော့ဘူး၊ အခွန်ဆောင်ရင် ၂၅ ရာခိုင်နှုန်း ပေးရပြီး အခွန်ရှောင်ရင် သုံးရာခိုင်နှုန်းပဲ ပေးရတယ်ဆိုတဲ့ စိတ်မျိုးပဲ ဖြစ်လာစေပါမယ်။

တာဝန်သိသိ အခွန်ထမ်းနေတဲ့ ငါတို့ကိုက တုံးနေတာဆိုတဲ့ ခံစားချက်မျိုးကို ဒီငွေမည်းခ၀ါချစေနိုင်တဲ့ ဥပဒေ ပုဒ်မ ၂၅ က ဖြစ်စေမှာဖြစ်ပြီး
ဒီလို“မမျှတတဲ့ ဥပဒေတွေအောက်မှာ အခွန်မဆောင်ဘူး” ဆိုတဲ့ အသင်းအဖွဲ့တွေ ပေါ်မလာဖို့၊
တာဝန်သိသိ အခွန်ဆောင်ခဲ့တဲ့ ပြည်သူတွေက မမျှတတဲ့ ဥပဒေတွေကြောင့် အခွန်ဆောင်မှု သပိတ်မှောက်မှ အခွန်ရှောင်တယ်ဆိုပြီး စစ်ဆေးအရေးယူမှုတွေ ဖြစ်မလာဖို့ဆိုရင် ဒီအခွန်နှုန်းကို ပြင်ဆင်ပယ်ဖျက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

No comments:

Post a Comment