Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 18, 2018

က​လေးငယ်​​လေး​တွေ ချွဲကျပ်​တာ​ချောင်းဆိုးတာ မကြာခဏကြား​နေရလို့ နည်းလမ်း​ကောင်း​လေးတစ်​ခုမျှ​ဝေ​ပေးပါရ​စေ



အခုတ​လော က​လေးငယ်​​လေး​တွေ ချွဲကျပ်​တာ​ချောင်းဆိုးတာ မကြာခဏကြား​နေရလို့ နည်းလမ်း​ကောင်း​လေးတစ်​ခုမျှ​ဝေ​ပေးပါရ​စေ ကိုယ်​တိုင်​လည်း သားသားချွဲကျပ်​တုန်းက သုံးကြည့်​ခဲ့ဖူးပြီး တကယ်​​ပျောက်​ကင်းခဲ့လို့ပါ သားသားချွဲထတုန်းကဆို အထူးကုနဲ့​တောင်​သွားပြခဲ့ရတာပါ အခု​တော့ ဘာချွဲသံမှမကြားရ​တော့ဘူး
ဆေးနည်းအတွက်​ ပျားရည်​ ၊ဂျုံမှုန့်​၊အုန်းဆီ နဲ့ပိတ်​ပါးစတစ်​ခုလိုပါတယ်​ အုန်းဆီလဖက်​စားဇွန်းတစ်​ဇွန်းခန့်​ကို ခပ်​​နွေး​နွေးဖြစ်​​အောင်​အပူ​ပေးပါ ပြီး​တော့ ဂျုံမှုန့်​ ပျားရည်​တို့နဲ့​ရောပြီး ခပ်​ပျစ်​ပျစ်​အ​နေအထားရ​အောင်​နယ်​​ပေးပါ
အတိုင်းအဆကအတိအကျဖြစ်​ဖို့မလိုပါဘူး လက်​နဲ့ပုံ​ဖော်​လို့ရတဲ့ ခပ်​ပျစ်​ပျစ်​အ​နေအထားဆိုရပါတယ်​ အဲဒါကို ပိတ်​ပါးစ ဒါမှမဟုတ်​ လက်​ကိုင်​ပဝါအပါး​ပေါ်မှာဖြန့်​တင်​ပါ အဲ​ဒီပိတ်​စကို က​လေးရင်​ဘတ်​​ပေါ်ကပ်​ပြီး မကွား​အောင်​အ​ပေါ်က တိတ်​အကြည်​နဲ့ကပ် ဒါမှမဟုတ်​​ ပတ်တီးစနဲ့ပတ်ထားပါ
က​လေးဆို သုံးနာရီ​လောက်​ကပ်​ရင်​ရပါတယ်​ နှစ်​ခါသုံးခါ​လောက်​လုပ်​​ပေးရင်​ တကယ်​သက်​သာပါတယ်​ ဒါ​ပေမဲ့ ​ခြောက်​လ​အောက်​က​လေး​တော့ မလုပ်​ရဘူး​ပြောတယ်
သားသား​တော့ နှစ်​ခါပဲလုပ်​ရတယ်​ ချက်​ချင်းသက်​သာသွားပါတယ် လက်ေ​တွ့​ပျောက်​ကင်းတဲ့နည်းလမ်းမို့ ကိုယ့်​လိုမိခင်​​တွေအတွက်​ ပြန်​လည်​မျှ​ဝေ​ပေးတာပါရှင့်​ တစ်​နှစ်​အထက်​က​လေး​တွေဆိုရင်​ ​ချောင်းဆိုးချွဲကျပ်​တဲ့အခါ ပျားရည်​နည်းနည်းဆီတိုက်​​ပေးတာလည်းသက်​သာပါတယ်
မူရင်းpostတင်​သူကို​တော့ မမှတ်​မိ​တော့ပါ
War War Win Shwe



No comments:

Post a Comment