Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 18, 2018

ဖမ်းမိသောကလေးသူခိုး ဖော်ထုတ်ချက်အရ ဓါတုဗေဒစီမံထားသောအရုပ်များနှင့် ခိုးယူကြောင်းသိရသည်


ဇန္နဝါရီလ ၁၇

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့တွင် ဇန္နဝါရီလ(၉)ရက်နေ့ကဖမ်းမိသော ကလေးသူခိုး၅ဦးအနက်
ခေါင်းဆောင်ဖြစ်သူ ရှမ်းလေး(ခ)အိုက်ပု၏ဝန်ခံချက်အရ တရုတ်နိုင်ငံမှ ကျောက်ကပ်
ကလီစာ အစားထိုးခွဲစိပ်ကုသသောမှောင်ခိုဆရာဝန်များက Clorocinicalဓာတ်ပါသော
ဆေးရည်များ သုတ်လိမ်းထားသည့်ကလေးကစားစရာအရုပ်များကို
မြန်မာနိုင်ငံနယ်စပ်ရှိ ကလေးခိုးဂိုဏ်များထံတရားမဝင် တင်ပို့ပြီး မြန်မာနိုင်ငံမှ
ကလေးငယ်များကို ခိုးယူရန် စီမံခဲ့ကြောင်းသိရပါသည်။

အဆိုပါအရုပ်များကို ကျောင်း ၊ဈေး နှင့်လူစည်ကားရာ နေရာများတွင် လမ်းများပေါ်၌
အရုပ်များကို ချထားပြီး ကျောင်းဆင်းအပြန်ကလေးငယ်များက ကောက်ယူကိုင်မိသောအခါ
ဓါတုဗေဒတမျိုးနှင့်ထိတွေ့မိပြီး အသိဥာဏ်ပျောက်ဆုံးကာ ကလေးခိုးဂိုဏ်မှ ခေါ်ယူခဲ့ကြောင်း
တရားခံ ရှမ်းလေး(ခ)အိုက်ပု၏ဝန်ခံချက်တွင်ထွက်ဆိုသွားပါသည်။

တရားမဝင် တရုတ်ပြည်ဈေးကွက်တွင်ကျောက်ကပ်တစုံကို ယွမ်ငါးထောင်မှနှစ်သောင်းထိ
ပေါက်ဈေးရှိပြီး အသဲမှာ ယွမ်တစ်သောင်းခွဲမှယွမ်ငါးသောင်းထိ ဈေးကွက်တွင် ဝယ်လိုသူများက
အပြိုင်အဆိုင် ကမ်းလှမ်းမှုများရှိကြောင်းသိရပါသည်။

မိဘများအနေဖြင့် မိမိတို့သားသမီးများကိုလမ်းတွင်တွေ့သော အရုပ်များ ကစားစရာများကို
မကောက်မိစေရန် လက်ကမ်းစာစောင်များကိုယခုအခါ မူဆယ် နမ့်ခမ်းမြို့များတွင်
ဖြန့်ဝေပေးနေပြီဟု စုံစမ်းသိရှိရပါသည်။

လားရှိုးလူငယ်များပရဟိတအဖွဲ့

No comments:

Post a Comment