CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 11, 2018
အဂတိလိုက်စားမှုနှင့်အခြားကိစ္စရပ်များကြောင့် တစ်ကြိမ်တစ်ခါမှ တိုင်ကြားခံရဘူးခြင်း မရှိသော်လည်း သစ်တောဝန်ကြီးတာဝန်မှ ရပ်ဆိုင်းခံရ
ပဲခူး ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တော သယံဇာတနှင့်သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်မင်းစံ ကို အဂတိလိုက်စားမှုနှင့်အခြားကိစ္စရပ်များကြောင့် တစ်ကြိမ်တစ်ခါမှ တိုင်ကြားခံရဘူးခြင်း မရှိသော်လည်း နိုင်ငံရေးဆုံးဖြတ်ချက်ကြောင့် ဟုဆိုကာ တာဝန်မှ ရပ်ဆိုင်းရန် NLD ပါတီ ဗဟိုမှ ညွှန်ထားကြောင်းသိရသည်။
ဝန်ကြီး တာဝန်မှ ရပ်ဆိုင်းရန် NLD ပါတီ တိုင်းတာဝန်ခံက ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က နှုတ်ဖြင့် ညွှန်ကြားခဲ့သည့် အပြင် NLD ပါတီဗဟိုမှ ဦးဝင်းထိန် ကလည်း နိုင်ငံရေးဆုံးဖြတ်ချက်ကြောင့် ဟုဆိုကာ တာဝန်မှ ရပ်ဆိုင်းကြောင်း ညွှန်ကြားသောကြောင့် ဝန်ကြီးဦးကျော်မင်းစံက ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၄ နာရီတွင် တရားဝင် နုတ်ထွက်စာ တင်ခဲ့ခြင်းဖြစ်သည်။
" ပါတီက တာဝန်ရှိသူရဲ့ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ကြောင့်ဆိုတာကို ပြောစရာ မရှိဘူး။ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကိုလဲ စောဒက မတက်လိုဘူး။ သိုပေမယ့် ကျနော့်ကို ဝန်ကြီး တာဝန်မှ ရပ်ဆိုင်းဖို့ အတွက် ပါတီက ဆုံးဖြတ်တယ်ဆိုရင် ဆုံးဖြတ်ချက်တွေကို စာနဲ့ တရားဝင် ရေးသားထားဖို့ လိုတယ်။ ကျနော်ကိုလဲ စာနဲ့ တရားဝင်ပေးပို့မယ် ဆိုရင် ပိုပြီး ပွင့်လင်းမြင်သာမယ်။ ဒီမိုကရေစီ အခြေခံသဘောတရားနဲ့လဲ ပိုပြီးပီပြင်မယ်" ဟု ဝန်ကြီးဦးကျော်မင်းစံက Myanmar Update News Agency သို့ပြောသည်။
" လူ့အခွင့်အရေး အခြေခံ ဥပဒေ အပိုဒ် (၁၁)အရ တစ်စုံတစ်ယောက်ကို စွပ်စွဲမယ်ဆိုရင် စွပ်စွဲချက်ခိုင်မာအောင်လို့ မြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။ပါတီမှာဆိုလဲ တိုင်ကြားခံရတွေ ရှိလာရင် မှန်သလား မှားသလား စစ်ဆေးရတာတွေရှိတယ်။ ပြီးမှ ဆုံးဖြက်ရတာ ဖြစ်ပါတယ်။
ကျနော်က အဂတိလိုက်စားမှုနဲ့ အခြားကြောင့် တိုင်ကြားခံခဲ့ရတာမရှိဘူး။ အခု ဝန်ကြီးတာဝန်က ရပ်ဆိုင်းခံရပေမယ့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်ဆက်ရှိနေပြီး လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို ဆက်လက် လုပ်ဆောင်နေမှာပါ" ဟု ၎င်းကပြောသည်။
ပဲခူးတိုင်းသစ်တောဝန်ကြီး ဦးကျော်မင်းစံနှင့်အတူ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်လွင်ကိုလည်း ဝန်ကြီးတာဝန်မှ ရပ်ဆိုင်းကြောင်းပါတီမှ ညွှန်ကြားထားသော်လည်း ၎င်းတို့နှစ်ဦးကို နိုင်ငံတော် သမ္မတမှ နုတ်ထွက်ခွင့်ပြုကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း မရှိသေးပေ။
ဝန်ကြီးဦးမောင်မောင်လွင်သည် တင်ဒါကိစ္စများနှင့် ပက်သက်၍ အဂတိ လိုက်စားသည်ဟုဆိုကာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပါတီ ဗဟို သို့ ယခင်က တိုင်ကြားခံထားသူဖြစ်သည်။
ဝန်ကြီးဦးကျော်မင်းစံ တာဝန်မှ ရပ်ဆိုင်းခံရခြင်းကြောင့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ၎င်းကို ထောက်ခံသော လူထုလှုပ်ရှားမှု ပဲခူးတွင် ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် ဧရာဝတီတိုင်းဝန်ကြီချုပ် ၊ ဧရာဝတီတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ၊ မကွေး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီး ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနဝန်ကြီး တို့ တာဝန်မှ နှုတ်ထွက်ထားပြီး ဖြစ်သည်။
By - နေထက် (ပဲခူး)
#MUNA
အဂတိလိုက်စားမှုနှင့်အခြားကိစ္စရပ်များကြောင့် တစ်ကြိမ်တစ်ခါမှ တိုင်ကြားခံရဘူးခြင်း မရှိသော်လည်း သစ်တောဝန်ကြီးတာဝန်မှ ရပ်ဆိုင်းခံရ
Reviewed by MP4 YoU
on
January 11, 2018
Rating: 5
Reviewed by MP4 YoU
on
January 11, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment