CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 10, 2017
ပေးဆပ်သူတို့ နှလုံးသား
'' ပေးဆပ်သူတို့ နှလုံးသား ''
---------------------------------
တချို့ က အမေစု ကိုအရမ်း ချစ်ကြတယ်။ တချို့က အရမ်းအားကျကြတယ်။တချို့ က လေးစားကြတယ်။တချို့က အမေအရင်း တယောက်လို့ချစ်ကြတယ်။
ကျွန်တော်လည်း တချို့ဆိုတဲ့ လူတွေ ထဲကတစ်ယောက်ပါ။အရည်အချင်း ရှိတဲ့ လူဆိုရင် အမျိုးသား အမျိုးသမီးအကုန် လေးစားတတ်တာ ကျွန်တော် ပင်ကိုယ်စရိုက်ပါ။
ဒါပေမဲ့ ဒီနေရာမှာ တစ်ခုလောက် ပြောပြပါရစေ။ ကျွန်တော် မနာလိုတာထက် အားကျရတဲ့ လူတယောက် အကြောင်း ပေါ့။
သူကတော့ တခြားလူမဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် နဲ့ အနီး ကပ်ဆုံး မှာ အမြဲတမ်းတွေ့ရတဲ့ ဦးစိုးဝင်း ကိုပါပဲ။
သူမ ရဲ့ သက်တော်စောင့်ပေါ့။ကိုယ်ခံပညာ အကုန် တတ်ပါတယ်။
သူမ ရဲ့ ခရီးစဉ်တိုင်းမှာ သူ့ကို သတိထားပြီး စောင့်ကြည့်မိတယ်။သူဟာ ဒေါ်အောင်ဆန်းစုကြည် ဘေးနားကပ်လာသူ မှန်သမျှ ကို သံသယ မျက်လုံး ဆိုတာ ထက် လုံခြုံရေး မျက်လုံး နဲ့ ခြေထောက်ကနေ ခေါင်းအဆုံး ကြည့်တတ်ပါတယ်။
သူပြုံးတာ ကျွန်တော် တခါမှ မမြင်ဖူးပါဘူး။
ဒါကြောင့်မို့ သူဘယ်အချိန်တွေမှာ ပြုံးတတ်လဲ သူ့ကို ပျော်ရွှင် မှုပေးတာ ဘယ်အရာလဲတွေလဲလို့ သတိထားပြီးလေ့လာခဲ့ပါတယ်။
အဖြေကတော့
သူမ ခရီးစဉ်တွေမှာ မိန့်ခွန်းပြောပြီးတိုင်း ပြည်သူ နဲ့ အပေးအယူမျှတဲ့အချိန် သူမပြုံးတတ်ပါတယ်။ သူမ ပြုံးပြီဆိုတာ နဲ့ ၂၄ နာရီမှာ ၂၅ နာရီ ရုပ်တည်တည် နဲ့ နေတဲ့ ဦးစိုးဝင်း ဟာ လိုက်ပြုံးတတ်ပါတယ်။
နောက်တစ်ခု သူ့ကို ပျော်ရွှင် မှုပေးတဲ့ အရာ ဘာလဲ ကျွန်တော် ရှာတွေ့ခဲ့တယ်။
အဲ့ဒါ ဟာ သူမ လမ်းကြောင်းတွေ ကို သက်စွန့် စံဖျား လိုက်ရတဲ့ အချိန်တွေပါပဲ။
သူမ ရဲ့ လုံခြုံရေးကို ယူထားရတဲ့အချိန် ဟာ သူ့အတွက် ထမင်းမေ့ဟင်းမေ့။ လမ်းကြောင်း ပြီးဆုံးလို့ သူမ ရဲ့ လုံခြုံရေး စိတ်ချရပြီဆိုမှ နဖူးက ကျနေတဲ့ ချွေးတွေကို သုတ်ပြီး။ သူမ ကို လှမ်းကြည့်တတ်ပါတယ်။
ဒီလိုပါပဲ သူမဟာ တိုင်းပြည်အတွက် အရေးပါတဲ့ အစည်းအဝေးတွေ လုပ်တဲ့ အခါတိုင်း သူမ တို့ နာရီအတော်ကြာအောင် ထိုင်နေသည့်တိုင်အောင် သူကတော့ သူမ နဲ့ လေးပေအကွာ မတ်တပ်ရပ်လျှက်ပါပဲ။
ဦးစိုးဝင်း ရဲ့ သား ကိုမင်းစိုးနိုင် နဲ့ ကျွန်တော်ဟာ သူငယ်ချင်းတွေပါ။ ဒါကြောင့် ကိုမင်းစိုးနိုင် နဲ့တွေ့တဲ့အခါတိုင်း သူ့အကြောင်းတွေကို မေးဖြစ်ခဲ့ပါတယ်။
ဦးစိုးဝင်း ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အရေးတော်ပုံ အတွက် သူသိပ်ချစ်ရတဲ့ မိသားစု ကိုစွန့်ခွာပြီး ယနေ့အထိ အမေစု ဘေးမှာ အလုပ်လုပ်နေခဲ့တယ်လို့ ပြောပြပါတယ်။
ဒါဆို အိမ်ထောင်ဦးစီးတစ်ယောက် အိမ်မှာ မရှိဘဲ အစ်ကိုတို့ မိသားစု ဘဝ ရပ်တည်ခဲ့တာ အဆင်ပြေလား လို့မေးတဲ့ အခါ အဖေ တူသား က ကျွန်တော် ကိုပြုံးပြပါတယ်။
ပြုံးနေရင်းနဲ့ ဖြေပါတယ်
'' အခက်အခဲတွေ့တာပေါ့။ ပိုဆိုးတာက မိဘ က နိုင်ငံရေး သမားဆိုတော့ အဲ့ဒီအချိန် က အခက်အခဲ များစွာ ကို ကိုယ်တို့ မိသားစု ရုန်းကန်ခဲ့ရတယ် ညီ ''
သူမဖြေခင် ကတည်းက ကျွန်တော် အဖြေကိုကြို သိထားခဲ့ပါတယ်။
ဦးစိုးဝင်း ရဲ့ ဘဝ ဇာတ်ကြောင်း ကိုရိုက်ကူး ဖို့ ဆောင်းပါးတွေ ရေးသားဖို့ အတွက် ပြည်တွင်းပြည်ပ သတင်းထောက်တွေ နည်းမျိုးစုံ နဲ့ ကြိုးစားခဲ့ကြပေမဲ့ သူက လက်မခံခဲ့ပါဘူး။
ထင်ပေါ်ချင်လို့ မဟုတ်ဘဲ စင်ပေါ်မတက် ဇာတ်စင်ဘေးက သူမအတွက် လုံခြုံရေး ယူပေးထားတဲ့ ဦးစိုးဝင်း အပါအဝင် အမေစု သက်တော်စောင့်များ အားလုံးကို ကျွန်တော် က ပေးဆပ်သူတို့ နှလုံးသား လို့ တင်စား လိုက်ချင်တာပါ။
ဦးစိုးဝင်း အပါအဝင် အမေစုဘေးက သက်တော် စောင့်များအားလုံး ကျန်းမာချမ်း သာ ဘေးရန်ကင်းကြပါစေ။
မင်းရသ
ပေးဆပ်သူတို့ နှလုံးသား
Reviewed by MP4 YoU
on
December 10, 2017
Rating: 5
Reviewed by MP4 YoU
on
December 10, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment