Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 13, 2017

လက်ဆောင် ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် နိုင်ငံတော် သမ္မတရုံး၏ လမ်းညွန်ချက်



(နေပြည်တော်၊ ၂၀၁၆ ခုနှစ် ဧပြီလ ၄ ရက်)

■ နိုင်ငံတော်သမ္မတရုံးက လက်ဆောင် ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွန်ချက် ထုတ်ပြန် ■

နေပြည်တော်၊ ဧပြီ ၎

မြန်မာနိုင်ငံတွင် အဂတိ လိုက်စားမှုများကြောင့် အကျင့် စာရိတ္တ ပျက်ပြားမှု (corruption) များစွာ ဖြစ်ပေါ်နေပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေး တို့ကို ထိခိုက်နေသဖြင့် အဂတိ လိုက်စားမှု အလေ့အထကို အချိန်တို ကာလအတွင်း လုံးဝ ပျောက်သွားစေရန် အတွက် ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ် ရေးထိုးထားသော “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ကို ဗဟိုရုံးများ၊ ပြည်ထောင်စု ဝန်ကြီး ဌာနများနှင့် ပြည်နယ် / တိုင်း အစိုးရ များအား ဧပြီလ ၁ ရက် (သောကြာနေ့) ရက်စွဲဖြင့် ပေးပို့ ဖြန့်ဝေလိုက်သည်။

အဆိုပါ လမ်းညွှန်ချက်၌ လက်ဆောင် ပစ္စည်းတွင် ငွေကြေးနှင့် တန်ဖိုးရှိသည့် ပစ္စည်း အပါအဝင် ရွှေ၊ ငွေ၊ လေယာဉ် လက်မှတ်၊ အခမဲ့ တည်းခိုခ၊ အခမဲ့ စားသောက်ခ၊ ဧည့်ခံ ကျွေးမွေးခြင်း၊ ဂေါက်သီး အသင်း ဝင်ကြေး စသည်တို့ အကျုံးဝင်ပြီး မိမိရာထူး လုပ်ပိုင်ခွင့်၏ အကျိုးခံစားနိုင်သည့် လုပ်ရပ် တစ်ရပ်ကို လိုလား တောင်းခံသော အဖွဲ့အစည်း / ပုဂ္ဂိုလ်၊ မိမိ တာဝန် ယူရသော အဖွဲ့အစည်း၊ ကြီးကြပ် ကွပ်ကဲရသော အဖွဲ့အစည်းနှင့် စီးပွားရေး လုပ်ငန်း လုပ်ကိုင်သော၊ လုပ်ကိုင်ရန် ကြိုးပမ်းနေသော အဖွဲ့အစည်း / လူပုဂ္ဂိုလ်၊ မိမိရာထူး တာဝန်အရ လုပ်ဆောင်ရမည့် ကိစ္စရပ် တစ်ခုကို လုပ်ဆောင်ခြင်းကြောင့် အကျိုး ခံစားမှု ရှိသွားမည့် အဖွဲ့အစည်း / လူပုဂ္ဂိုလ်၊ မိမိရာထူး တာဝန်အရ လုပ်ဆောင်ရမည့် ကိစ္စရပ် တစ်ခုကို လုပ်ဆောင်ခြင်း မပြုသဖြင့် အကျိုး ခံစားခွင့် ရှိသွားမည့် အဖွဲ့အစည်း / လူပုဂ္ဂိလ်များ ထံမှ လက်ဆောင် ပစ္စည်းများ လက်ခံခြင်း မပြုရန် ပိတ်ပင် တားမြစ်ထားသည်။

ကျပ်ငွေ ၂၅၀၀၀ ထက် မပိုသော လက်ဆောင် ပစ္စည်း၊ (အဖွဲ့အစည်း တစ်ခု / လူပုဂ္ဂိလ် တစ်ဦးထံမှ လက်ခံ ရယူသည့် လက်ဆောင် ပစ္စည်းသည် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀၀ /- တန်ဖိုး ထက် မပိုစေရ)၊ မိသားစု ဆက်ဆံရေး နှင့် ပုဂ္ဂိုလ်ရေး ခင်မင်မှု အရ (တားမြစ် ထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ နှင့် အကျုံး မဝင်သူများ) ပေးသော လက်ဆောင် ပစ္စည်း၊ အခါကြီး ရက်ကြီးမျးတွင် ဂါရဝပြု ပေးအပ်သည့် ကျပ်ငွေ ၁၀၀၀၀၀/- ထက် မပိုသော လက်ဆောင် ပစ္စည်းများ ကိုသာ ခြွင်းချက်ဖြင့် လက်ခံခွင့် ပြုထားသည်။

လက်ခံခွင့် မရှိသော လက်ဆောင် ပစ္စည်းများ ပေးအပ် လာပါက ပေးအပ်သော လက်ဆောင်ပစ္စည်းကို ပြန်လည် ပေးအပ်ရန်၊ ပစ္စည်းကို လက်ခံလိုပါက ကာလ ပေါက်ဈေးကို ပေးအပ်သူထံ ပြန်လည် ပေးအပ်ရန်၊ ကြာရှည် အထား မခံသော ပစ္စည်းဖြစ်ပါက ဌာနတွင်း ဝန်ထမ်းများအား ဖြန့်ဝေ ပေးရန်လည်း လမ်းညွှန်ထားသည်။

နိုင်ငံခြား အစိုးရက ပေးအပ်သော လက်ဆောင် ပစ္စည်းများ အနက် ငွေတန်ဖိုး ကျပ် ၄၀၀၀၀၀/- မပိုသော လက်ဆောင် ပစ္စည်း၊ တရားဝင် ကိစ္စ အတွက် ခရီး သွားလာ စရိတ်၊ ပညာသင်ဆု၊ ဆေးဝါးကုသ စရိတ် များကိုသာ လက်ခံနိုင်ပြီး ထိုအချက်များနှင့် မကိုက်ညီ သော်လည်း လက်ဆောင်ကို ငြင်းဆန်ခြင်းဖြင့် နှစ်ဖက် မျက်နှာ ပျက်ရမည့် ကိစ္စများတွင် လက်ဆောင် ပစ္စည်းကို လက်ခံနိုင်ပြီး ယင်းပစ္စည်းအား ဝန်ကြီးဌာန / ဌာနသို့ ပေးအပ်ရန် ဖြစ်သည်။

အထွေထွေ ညွှန်ကြားချက် အနေဖြင့် လက်ဆောင်ပစ္စည်း များကို သွယ်ဝိုက်၍သော် လည်းကောင်း၊ တိုက်ရိုက် သော်လည်းကောင်း တောင်းခံခြင်း မပြုရန်၊ မိမိရာထူး တာဝန် လုပ်ဆောင်မှု အပေါ် သြဇာလွှမ်းမိုးစေမည် ဟု ယူဆရသော ကိစ္စရပ်များ အတွက် မည်သည့် လက်ဆောင် ပစ္စည်းမှ လက်ခံခြင်း မပြုရန်၊ လက်ခံခွင့်ရှိသော လက်ဆောင် ပစ္စည်းကိုပင် အကြိမ်ကြိမ် လက်ခံခြင်း မပြုရန်၊ လက်ဆောင်ပစ္စည်း ပေးအပ်လာပါက လက်ခံသည် ဖြစ်စေ၊ ငြင်းပယ် သည်ဖြစ်စေ အထက် အကြီးအကဲထံ အမြန်ဆုံး တင်ပြရန်၊ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများအား ပေးအပ် သည့် လက်ဆောင် ပစ္စည်းများ ကိစ္စကို ဦးစီးရုံးများ၏ ဒုတိယ ညွန်ကြားရေးမှူးချုပ် များက နိုင်ငံတော် သမ္မတရုံး ဝန်ကြီးထံ အမြန်ဆုံး တင်ပြရန်ဟု ပါရှိသည်။
နိုင်ငံတော်သမ္မတရုံး





No comments:

Post a Comment