Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 10, 2017

“လေယာဉ်စက်ချို့ယွင်းမှုနဲ့ ကြုံခဲ့ရပေမယ့် ကံကောင်းခဲ့တဲ့ နန္ဒာလှိုင်”


“လေယာဉ်စက်ချို့ယွင်းမှုနဲ့ ကြုံခဲ့ရပေမယ့် ကံကောင်းခဲ့တဲ့ နန္ဒာလှိုင်”

သရုပ်ဆောင်ဟောင်း အကယ်ဒမီ နန္ဒလှိုင်တစ်ယောက်ကတော့ ရန်ကုန် – ပုဂံ ခရီးစဉ် မှာ လေယာဉ် စက်ချို့ယွင်းမှုနဲ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ကျောက်ပန်းတောင်း ဆိုင်ဖွင့်ပွဲတစ်ခုကို သွားဖို့အတွက် ဒီနေ့ (ဒီဇင်ဘာလ ၁ဝ ရက်) မနက်အစောမှာ ဒီအဖြစ်အပျက်နဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

“မနက်6:45 ပုဂံကိုလေယာဉ်စီးမယ်ဆိုပြီးလေယာဉ်ပေါ်မှာထိုင် ခါးပတ်ပတ် လေယာဉ်ကြီးထွက်ခါနီးမှာ လေယာဉ်စက်ပိုင်းဆိုင်ရာပြန်စစ်ဆေးဖို့ရှိပါသဖြင့်ခရီးသည်များလေယာဉ်ပေါ်မှခတ္တပြန်ဆင်းပြီးနားနေဆောင်မှာပြန်နားပေးကြပါဆိုတော့ ဘယ်လိုပြောရမလဲ ဆက်သွားရမယ့်ခရီးအတွက်ရင်ထဲမှာ ဖိုးသိုးဖတ်သတ် ကြီးပေါ့နော်” လို့ သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဆက်စီးဖို့အတွက် မရဲတော့တာကြောင့် ခရီးစဉ်ကို ဖျက်လိုက်ရတယိလို့လည်း နန္ဒာလှိုင်က ပရိတ်သတ်တွေကို တောင်းပန်ပြီး ပြောထားပါတယ်။ပြည့်တွင်းလေယာဉ်မစီးတာ ၉ နှစ်ကျော်ပြီး ဒီတစ်ခါ
ပထမဆုံးပြန်စီးတဲ့အခါမှာ ခုလို အဖြစ်အပျက်နဲ့ ကြုံရတာကတော့ ထူးခြားမှုဖြစ်ပါတယ်။
MNA လေကြောင်းလို့ သိရပါတယ်။
Photos©Nandar Hlaing



No comments:

Post a Comment