Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 12, 2017

ဒေါ်အောင်ဆန်းစုကြည်အပေါ် အနောက်ကမ္ဘာရဲ့ ဝေဖန်မှု အလုပ်ဖြစ်မှာမဟုတ်(WESTERN CRITICISM OF SUU KYI WON’T HELP MYANMAR – WILL CHINA’S UN INTERVENTION?)


ဒေါ်အောင်ဆန်းစုကြည်အပေါ် အနောက်ကမ္ဘာရဲ့ ဝေဖန်မှု အလုပ်ဖြစ်မှာမဟုတ်

(South China Morning Post မှာ ၂၀၁၇ နိုဝင်ဘာ ၁၁ က ဖော်ပြထားတဲ့ သတင်းဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်)

မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်ဘက်ကမွတ်စလင်တွေအပေါ် “စံနမူထားရလောက်အောင်သိသာတဲ
လူမျိုးလိုက်ရှင်းလင်းရေး” ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက စွပ်စွဲအပြီး
သီတင်းပတ်ပိုင်းအတွင်းမှာပဲဒီရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုတွေ
အဆုံးသတ်ရေးအတွက် ဥပဒေအရစည်းနှောင်မှုရှိတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်မယ့် အစီအစဉ်တွေကို
ကုလက ပြန်ရုတ်သိမ်းသွားခဲ့ပါတယ်။

ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်တဲ့ သည်လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကြီးနဲ့ပတ်သက်ပြီ
ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လေသံပျော့သွားတဲ့ပြစ်တင်ရှုတ်ချမှုဟာလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့
တရုတ်နိုင်ငံက သည်အရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဗီတိုအာဏာသုံးပြီးပယ်ချသွားမယ်လို့
အတိအလင်းပြောကြားခဲ့ပြီးနောက်ပေါ်ထွက်လာခဲ့တာဖြစ်တယ်လို့ သံအရာရှိတွေရဲ့
အဆိုအရ သိရပါတယ်။

နဂိုဆုံးဖြတ်ချက်နေရာမှာ ကုလသမဂ္ဂက တစ်စုံတရာ အရေးယူဒဏ်ခတ်မှု
ဖော်ပြထားခြင်းမရှိတဲ့ ပြစ်တင်ရှုတ်ချကြောင်းကြေညာချက်တစ်ခုသာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်က နဂိုဆုံးဖြတ်ချက်နဲ့ သဘောသွားခြင်းတူညီပေမယ့်
လေးနက်မှုပိုင်း အားလျော့သွားပါတယ်။

မြန်မာနိုင်ငံအပေါ် လူတစ်ဦး၊ တစ်ဖွဲ့ချင်းအပေါ်ပစ်မှတ်ထားတဲ့
အရေးယူပိတ်ဆို့မှု တွေ လုပ်ဖို့ အမေရိကန်အထက်လွှတ်တော်မှာေ
ဆွးနွေးမှုတွေလုပ်နေချိန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်
မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ ပြင်ဆင်နေချိန်မှာဒီကုလကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်ပြီးနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကိုင်တွယ်ပုံကို ကမ္ဘာအနှံ့က ဝေဖန်ပြစ်တင်သံတွေအထူးကျယ်လောင်လာလျက်ရှိပြီး
သူ့ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ပြန်ရုတ်သိမ်းဖို့အထိတောင်းဆိုသံတွေ ထွက်လာခဲ့ပါတယ်။
လောလောဆယ်အောက်စဖို့ဒ်တက္ကသိုလ်က အခန်းတစ်ခန်းထဲက
သူ့ရဲ့ ရုပ်ပုံ ကားချပ်တစ်ခုကို ဖယ်ရှားခဲ့ပြီး သူ့ကိုပေးထားတဲ့ Freedom Award ဆုကိုလည်း
ပြန်သိမ်းခဲ့ပါတယ်။

မြန်မာအစိုးရအဖွဲ့ထဲကအတွင်းလူတွေအဆိုအရ သည်လုပ်ရပ်တွေဟာ
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရဲ့ သြဇာအာဏာကြီးမားတဲ့ စစ်တပ်နဲ့
ခါးသီးတဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေ ကြုံနေရချိန်မှာထွက်ပေါ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံအနှံ့မှာဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတဲ့ လူထုစုရုံးပွဲတွေနဲ့
စစ်တပ်ကိုထောက်ခံတဲ့ ဆန္ဒဖော်ထုတ်ပွဲတွေ
အပြိုင်အဆိုင်ပြုလုပ်နေကြချိန်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံတွင်းမှာ လူကြိုက်များနေဆဲဖြစ်သလို
ရခိုင်အရေးအပေါ် စစ်တပ်ရဲ့အခန်းကဏ္ဍအတွက်လူထုထောက်ခံမှုကလည်းကြီးထွားလာနေပါတယ်။

“မြန်မာစစ်တပ်ဟာပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေးဝန်ကြီးဌာနသုံးခုကို
ကိုင်တွယ်ထိန်းချုပ်ထားပြီးလွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကိုလည်း
စစ်ယူနီဖောင်းဝတ်ကာ အသင့်ရယူထားသလို အထူးသဖြင့် ရခိုင်အရေးလို
လုံခြုံရေးဆိုင်ရာအရေးတွေကို ဦးဆောင်ပြီးသူ့ရဲ့သြဇာအာဏာကို
ကောင်းကောင်း စနစ်တကျတည်ဆောက်ထားတယ်” လို့ မြန်မာ့အရေးစောင့်ကြည့်သူ 

Mrinal Chakma က သုံးသပ်တယ်။

သည်အာဏာအားပြိုင်မှုဟာပြီးခဲ့တဲ့နှစ် အောက်တိုဘာကရခိုင်ပြည်နယ်ရှိ နယ်စပ်ရဲကင်းတွေကို
ARSA အမည်ခံ သောင်းကျန်းသူတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး
ရဲတပ်ဖွဲ့ဝင်အတော်များများ ကျဆုံးခဲ့ချိန်မှာ အရှိန်အမြင့်ဆုံး ရောက်လာခဲ့တယ်။
စစ်တပ်က သည်အရေးမှာသူတို့ကို အာဏာကုန်လွှဲအပ်စေဖို့အလိုရှိခဲ့ပေမယ့်
ဒေါ်အောင်ဆန်းစုကြည် ကတော့သည်ပဋိပက္ခကို စစ်ရေးနဲ့မဖြေရှင်းဖို့
စိတ်ပိုင်းဖြတ်ခဲ့တယ်။

“စစ်ရေးအစားသူက သည်ပဋိပက္ခရဲ့နောက်ကွယ်ကပင်မဇာစ်မြစ်ကို ထဲထဲဝင်ဝင်သိရဖို့နဲ့
နိုင်ငံရေးနည်းအရရော၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကတစ်ဆင့်ပါဖြေရှင်းဖို့ ကြိုစားခဲ့တယ်”
လို့ မြန်မာသတင်းပညာသိပ္ပံရဲ့ အကြီးအကဲ ဦးစိန်ဝင်းက ဆိုတယ်။
မြန်မာစစ်တပ်အနေနဲ့စိတ်တိုင်းအကျကြီးမဟုတ်ပေမယ့်သည်နည်းလမ်းကို သဘောတူလိုက်နာခဲ့တယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ကော်မရှင်ရဲ့
ထောက်ခံအကြံပြုချက်တွေကိုအကောင်အထည်ဖော်ပါ့မယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ကတိပေးခဲ့ချိန်မှာ သူတို့ စိတ်မသက်မသာဖြစ်ရတယ်လို့
အမည်မဖော်တဲ့ မြန်မာစစ်တပ်အရာရှိတွေကပြောခဲ့တယ်။

သည်ရခိုင်ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာမြန်မာစစ်တပ်အတွင်း
လူ့အခွင့်အရေးဆိုင်ရာအသိပညာပေးမှုတွေ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်ပေးဖို့
အကြံပြုချက်တွေပါဝင်ပြီး ရခိုင်ပြည်နယ်နေ မွတ်စလင်တွေအတွက်
ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်တွေပိုပေးဖို့နဲ့ သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပေးမယ့်
စိစစ်ရေးလုပ်ငန်းတွေကိုမြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဖို့ထောက်ခံတင်ပြထားတယ်။

“သူတို့ ရန်သူအဝိုင်းခံနေရပြီဆိုတဲ့ယုံကြည်မှုမျိုး စစ်တပ်အတွင်းမှာ ကြီးထွားလာနေတယ်။
ဒါ မကောင်းတဲ့လက္ခဏာတစ်ခု ပါ။ဘာလို့ဆို နိုင်ငံတကာက ရှုတ်ချမှုတွေ၊
အရေးယူဒဏ်ခတ်မှုတွေကနေဒေါ်အောင်ဆန်းစုကြည်က သူတို့ကို ကာကွယ် မပေးနိုင်ဘူးလို့
သူတို့ခံစားမိလာမယ်ဆိုရင် အစိုးရအာဏာတက်သိမ်းဖို့ကလွဲပြီး
တခြားရွေးစရာနည်းလမ်းမရှိတော့ဘူးလို့ လည်း ခံစားချက်ဖြစ်ကောင်းဖြစ်လာနိုင်လို့ပဲ”
လို့ မြန်မာ့အရေးစောင့်ကြည့်လေ့လာသူနဲ့ ဘီဘီစီအေးရှား အယ်ဒီတာဟောင်း ဖြစ်တဲ့ Larry Jagan က
သုံးသပ်ပါတယ်။

လေ့လာသူတော်တော်များများကတော့မြန်မာစစ်တပ်ဟာ သဘောထားတင်းမာတဲ့
ဗုဒ္ဓဘာသာဝင်တွေကို အားပေး ထောက်ခံပြီးဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့
မွတ်စလင်တွေ ပြန်ဝင်လာမှာကို မလိုလားဘူးလို့ ဆိုကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့သူတို့ကို ပြန်လည်စိစစ်ပြီးလက်ခံရေးလုပ်မယ်လို့
ပြောထားပါတယ်။

မြန်မာအစိုးရရော၊ မြန်မာစစ်တပ်ကပါရခိုင်ပြည်နယ်မှာရက်စက်ကြမ်းကြုတ်တဲ့အင်အားသုံးမှုတွေရှိတယ်ဆိုတဲ့
စွပ်စွဲချက် တွေကို ငြင်းဆန်ပယ်ချထားကြပါတယ်။
အောက်တိုဘာလတုန်းကတော့ ရခိုင်ပြည်နယ်မှာအရေးပေါ်အခြေအနေတစ်ခု ကြေညာပေးဖို့ မြန်မာစစ်တပ်ရဲ့ တောင်းဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်ကပယ်ချခဲ့ပြီး ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေ
အဖြစ်မခံနိုင်ဘူးလို့ စစ်တပ်ခေါင်းဆောင်တွေကို သူက ပြောခဲ့ပါတယ်။

စက်တင်ဘာလကဒေါ်အောင်ဆန်းစုကြည်ကစီစဉ်ပြီးသား ကုလသမဂ္ဂခရီးစဉ်ကို
နောက်ဆုံးမိနစ်မှာ ဖျက်သိမ်းလိုက်တာ ဟာအကျပ်ရိုက်နိုင်တဲ့မေးခွန်းတွေကို
ရှောင်လွှဲချင်လို့ဖြစ်တယ်လို့ အနောက်နိုင်ငံက လေ့လာသူအတော်များများက
ယူဆ ကြပေမယ့် Larry Jagan ကတော့ စစ်ဘက်နဲ့အစိုးရဘက် သတင်းရင်းမြစ်တွေကို
ကိုးကားပြီး ဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံရေးအမြတ်ထုတ်ဖို့ ကြံစည်မှာကို
စိုးရိမ်ကြောင့်ကြနေတာကြောင့်သာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“စစ်တပ်ကခန့်ထားတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေကရခိုင်ပြည်နယ်အတွက်
အရေးပေါ်အခြေအနေကြေညာချက်ကို လက်မှတ်ထိုးကောင်း ထိုးသွားနိုင်တယ်လို့
သူက စိုးရိမ်နေခဲ့တာ။
[သမ္မတဦးထင်ကျော် ကျန်းမာရေးမကောင်းဖြစ်နေတာ ကြောင့်]ဦးမြင့်ဆွေက ဒေါ်အောင်ဆန်းစုကြည် မရှိချိန်မှာ
အစိုးရအဖွဲ့ကို တာဝန်ယူရမယ်လေ” လို့ Jagan က ဆိုတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မယုံကြည်မှုကစစ်တပ်နဲ့ပတ်သက်ရင် ကြီးထွားလာနေတယ်လို့
အငြိမ်းစားစစ်ဘက်အရာရှိကြီး တစ်ယောက်ရဲ့ အပြောကို Jagan က ကိုးကားပြောပါတယ်။
“အနောက်ကမ္ဘာကဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်ပြစ်တင်နေတာဟာ
မြန်မာ့ဒီမိုကရေစီ ရေသောက်မြစ်တွေကိုတကယ်တမ်း ထိခိုက်အောင်လုပ်နေတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆိုးရွားတဲ့စိန်ခေါ်မှုတွေအလယ်မှာ
နိုင်ငံကို တပေါင်းတစည်းတည်းဖြစ်အောင်ထိန်းကျောင်းနိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပါပဲ။
သူ့အတွက် ကံကောင်းတာကအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့တရုတ်၊ အိန္ဒိယနဲ့ အာဆီယံတို့က
ဒီလို နိုင်ငံရေးကစားတာတွေကိုပိုပြီးထိလွယ်ရှလွယ် ဖြစ်ကြပြီး
သူ့ကို အခိုင်အမာ ထောက်ခံအားပေးထားကြလို့ပဲဖြစ်တယ်”လို့ မြန်မာ့အရေးစောင့်ကြည့်လေ့လာသူ
Amrita Dey က ဆိုပါတယ်။

ကိုမိုးထက်
(South China Morning Post မှာ ၂၀၁၇ နိုဝင်ဘာ ၁၁ က ဖော်ပြထားတဲ့ SUBIR BHAUMIK ရဲ့ WESTERN CRITICISM OF SUU KYI WON’T HELP MYANMAR – WILL CHINA’S UN INTERVENTION? ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်)

No comments:

Post a Comment