Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 12, 2017

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးပွဲများတွင် ဥပဒေချိုးဖောက်မှုများရှိနေ


ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရေးနဲ့ပတ်သက်ပြီး ဥပဒေအတိုင်းလိုက်နာဆောင်ရွက်မှု မရှိဘဲ ဥပဒေချိုးဖောက်နေသူတွေရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့အခါမှာ အရင်ဆုံး ကြီးကြပ်ရေးမှူးအဖွဲ့တွေကို ဖွဲ့စည်း ရမှာဖြစ်ပြီး အဲဒီကြီးကြပ်ရေးမှူးအဖွဲ့ကို ရပ်ကွက်အတွင်းနေထိုင်သူတွေက စိစစ်ရွေးချယ်ပေး ရမှာ ဖြစ်တယ်လို့ ဥပဒေမှာပါရှိပေမယ့် အခုလက်ရှိရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကတော့ ပုံစံ ၆၆/၆ ရှိသူတွေသာ ကြီးကြပ် ရေးမှူးရွေးချယ်ပွဲကို တက်ရောက်ရွေးချယ်ရမယ်လို့ ရပ်ကွက်အတွင်းဆော်သြမှု တွေ လိုက်လံပြုလုပ်နေ ကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

အဲဒီလိုဥပဒေချိုးဖောက်တာတွေဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက လှိုင်သာယာမြို့နယ်အပါအ၀င် လက်ရှိမှာ အနည်းဆုံး(၃)မြို့နယ်လောက်ရှိတယ်လို့ လှိုင်သာယာမြို့နယ်က ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမင်းက ပြောပါတယ်။

အခုလိုဥပဒေချိုးဖောက်ဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး တိုင်းဝန်ကြီးချုပ်ဆီကို တင်ပြထားတယ် လို့လည်း ပြောပါတယ်။ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေရွေးချယ်ရေး ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာ မူအတိုင်းဆောင်ရွက်တာမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရွေးချယ်ရေးပွဲတွေနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်
ကိုယ် စားလှယ်တွေအနေနဲ့စောင့်ကြည့်ပေးကြဖို့အတွက်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မှာကြားထားတယ်လို့ သိရပါတယ်။

 ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ရေးတွေနဲ့ပတ်သက်ပြီး နိုဝင်ဘာ(၁၂)ရက်က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးပွဲကျင်းပခဲ့ပြီး ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေတက်ရောက်ခဲ့ ကြပါတယ်။ ဒီသတင်းကို Central News Bureau ရွှေရည်မဉ္ဇူ ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

No comments:

Post a Comment