CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, October 20, 2017
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေဆံတော်ဘုရား၏ အောက်ဆုံးပစ္စယံပြိုကျ၍ နေဝင်/နေထွက်ကြည့်ရှုမှု ခေတ္တပိတ်ထား
နေပြည်တော် အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီ ခွဲက တောင်ဘီကျေးရွာရှိ ရွှေဆံတော် ဘုရား၏ အရှေ့တောင်ထောင့် အောက် ဆုံးပစ္စယံ၌ အလျား ၂၁ ပေ ၁၅ လက်မ၊ အမြင့်ခြောက်ပေ သုံးလက်မ၊ ထုနှစ်ပေ ခုနစ် လက်မခန့် ကွာကျခဲ့သဖြင့် (ယာပုံ)သြဝါဒါစရိယဆရာတော်များ၊ လွှတ် တော်ကိုယ်စားလှယ်များ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးစိုးတင့်နှင့် ဂေါပကအဖွဲ့ဝင် များက သွားရောက်ကြည့်ရှုပြီး သန့်ရှင်း ရေးနှင့် ယာယီထိန်းသိမ်းခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြိုကျခဲ့သည့်အတွက် ရွှေဆံ တော်ဘုရားပေါ်မှ နေထွက်/နေဝင် ကြည့်ရှုခြင်းအား ပြင်ဆင်မှုပြီးစီးသည် အထိ ခေတ္တပိတ်ထားမည်ဖြစ်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အမြန် ပြီးစီးရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ထို့အပြင် မ္တလေးတိုင်းဒေသကြီး၌ အောက်တိုဘာ ၁၈ ရက် နံနက် ၄ နာရီက မိုးသည်းထန်စွာရွာသွန်းပြီး မိတ္ထီလာ ကန်မှ ပိုလျှံရေများ ပို့လွှတ်မှုကြောင့် သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီး ကားလမ်း မိုင်တိုင် (၁၁/၄-၇)အကြား ကားလမ်းပေါ်၌ ရေအမြင့် တစ်ပေခန့် စီးဆင်းလျက်ရှိပြီး ကွမ်းခြံရိုးကျေးရွာ ဘုန်းကြီးကျောင်းနှင့် အလကခွဲ ကျောင်းဝင်းအတွင်းသို့ ရေအမြင့် တစ်ပေခွဲနှင့် နှစ်ပေခန့် ရေဝင်ရောက် လျက်ရှိကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၁၈ ရက် နံနက် ၇နာရီခွဲက ဇီးတောကျေးရွာအဝင်ရှိ အရှည်ပေ ၆ဝ၊ အနံ ခြောက်ပေရှိ ယာယီ သစ်သားတံတားတိုင်များ ပြိုကျပျက်စီး သွားသဖြင့် ဇီးတောကျေးရွာအနောက် ဘက်ရှိ မိတ္ထီလာမြို့ရှောင် ကားလမ်း (ကန်တောင်-ပျဉ်သာ-သပြေဝ)မှ သွား လာလျက်ရှိကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၁၇ ရက် ည ၁၁ နာရီကစ၍ ပျော်ဘွယ်မြို့နယ် အတွင်း မိုးရွာသွန်းမှုကြောင့် ချောင်း ကောက်ဆည်အတွင်းရေများ ဝင်ရောက် ကာ ဆည်ရေပို့မြောင်းမှ စီးဆင်းရေများ သည် ဇောင်ချမ်းကုန်းကျေးရွာရှိ နေအိမ် ၃၇ လုံး၊ ဘုမကုန်းကျေးရွာရှိ နေအိမ် ၇၆ လုံးအတွင်း ရေတစ်ပေခွဲ ဝင်ရောက်လျက် ရှိ သဖြင့် ကျွဲ/နွားများအား ရွာတောင် ဘက် ကုန်းမြင့်သို့ ရွှေ့ပြောင်းထား ကြောင်း သိရသည်။
ကယားပြည်နယ် ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်၌ အောက်တိုဘာ ၁၈ ရက် နံနက် ၆ နာရီခွဲက မိုးသည်းထန် စွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ဖရူဆို-ဟိုယာကားလမ်း မိုင်တိုင် (၁/၅-၆)အကြား လမ်းဝဲဘက်ခြမ်းအောက်ခြေ ၌ အနက်ပေ ၄ဝ၊ အကျယ် ၁၅ ပေခန့် မြေပြိုကျခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ် အဖျောက်မြို့ အေးရွာကျေးရွာ၌ အောက်တိုဘာ ၁၈ ရက် နံနက် ၁၁နာရီ မိနစ် ၄ဝ က ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် မြစ်ကမ်းပါးပြိုကျမည်ကို စိုးရိမ် သဖြင့် နေအိမ်နှစ်လုံး၊ လူဦးရေ ၁၁ ဦး၊ြေ<ွကပုဂံချောင်းကျေးရွာ၌ နေအိမ် သုံးလုံး၊ လူဦးရေ ၁၃ ဦးတို့သည် နေအိမ် များဖျက်၍ ဆွေမျိုးများ၏ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရ သည်။ အဆိုပါကမ်းပြိုကျမှုကြောင့် ယနေ့အချိန်အထိ နေအိမ် ၈၇ လုံးမှ လူဦး ရေ ၃၂၆ ဦးတို့ ယာယီပြောင်းရွှေ့နေထိုင် လျက်ရှိကြောင်း သိရသည်။ အလားတူ ဧရာဝတီတိုင်းဒေသကြီး၌ အောက်တိုဘာ ၁၇ ရက် နံနက် ၁ဝ နာရီက ပန်းလှိုင်မြစ် ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှု ကြောင့် ညောင်တုန်းမြို့နယ် အရွဲကျေးရွာ ရှိ နေအိမ်တစ်လုံး၊ အိမ်ထောင်စုတစ်စု၊ လူဦးရေခုနစ်ဦးတို့သည် ရာအိမ်မှူး ဦးဝင်းမြင့်၏ နေအိမ်သို့ပြောင်းရွှေ့နေထိုင် လျက်ရှိသည်။
ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ - သီဟစည်သူ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေဆံတော်ဘုရား၏ အောက်ဆုံးပစ္စယံပြိုကျ၍ နေဝင်/နေထွက်ကြည့်ရှုမှု ခေတ္တပိတ်ထား
Reviewed by MP4 YoU
on
October 20, 2017
Rating: 5
Reviewed by MP4 YoU
on
October 20, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment