Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 21, 2017

လူပိန်ချင်တာမျိုးမဟုတ်ပဲ ဗိုက်ခေါက်အဆီ ၊ ခါးဆီ ၊ ကျောဆီလို အဆီပိုတွေပဲ ကျချင်တယ်ဆိုသူများအတွက် ဆေးနည်းကောင်းလေး


အချိန်မကုန် လွယ်ကူသက်သာတဲ့ နည်းလမ်းဖြစ်ပေမယ့် နည်းလမ်းမှန်မှန်နဲ့ တော့ ဇွဲရှိရှိ လုပ်ရပါမယ်

#ပါဝင်ပစ္စည်းများကတော့ သံပုရာသီး တစ်လုံးဂျင်း လက် တစ်ဆစ်ခန့်  နဲ့ ပျားရည် ၂ ဇွန်းခန့် 

#ပထမဆုံး သံပုရာသီး နဲ့ ဂျင်းလက် တစ်ဆစ်ကိုအခွံမခွါပဲ ရေစင်စင်ဆေးပါပြီးလျှင် နှစ်မျိုးလုံးကို အကွင်းလိုက်ပါးပါးလေးလှီးပေးပါ
ကော်ဖီ တစ်ခွက်စာ အဖုံးပါသော ကြွေ သို့ ဖန်ခွက် တစ်ခွက်ထဲသို့ ထည့်ပြီး ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းထည့်ပါပြီးရင် ရေနွေးဆူဆူ (လက်ဖက်ခြောက်မပါ ရိုးရိုးရေနွေး) လောင်းထည့်ပြီး အဖုံးအုပ်ထားပေးပါ
နာရီဝက်ခန့် နေလျှင် ရေနွေးနွေးလေးအနေအထားမှာ ဇွန်းဖြင့်မွှေပေးပြီးတစ်ခွက်လုံးသောက်ပါ အဖတ်တွေ ကိုလွှင့်ပစ်ရပါမယ်။

သတိထားရမှာကတော့ ညမအိပ်ခင် အစားအသောက် အကုန်စားပြီးချိန်နဲ့ နာရီဝက်ခန့် ခွါ ပြီး သောက် ရပါမယ်
ဒီရေနွေးသောက်ပြီးအစာမစားတော့လျှင်အကောင်းဆုံးပါပဲ
အနှစ်နှစ်အလအလ အဆီပိုတွေဖြစ်တဲ့ အတွက်အနည်းဆုံး ဆယ်ရက်ခန့် တော့ပုံမှန်သောက်ကြည့်ပေးပါ

#သိသာတယ်ဆို ဆက်သောက်ချင်လာပါလိမ့်မယ်
သောက်တာ ရက် ၂၀ လောက်ရှိပါပြီ သိသာပါတယ်
ညီမလေးတစ်ယောက်ဆီကရတဲ့ နည်းကို ပြန်ပြီး မျှဝေပေးတာပါ
သိသာလို့  လက်တို့ လိုက်ပါတယ်နော်

#နို့တိုက်မိခင်များ နဲ့  ကိုယ်ဝန်ရှိ အမျိုးသမီးများ မသောက်သင့်ပါဘူး
လူနည်းစုအနေနဲ့  သောက်နေတုန်း အခန့် မသင့် ဗိုက်အောင့်ဗိုက်နာဖြစ်လာတာမျိုး Pressure ကျလာတယ်ဆိုတဲ့ လူမျိုးတွေတော့ ဆက်မသောက်သင့်ပါဘူးရှင်

ပျားရည်နဲ့ ဂျင်း ပါဝင်တာကြောင့် သုံးမျိုးပေါင်းပြီးထိန်းပေးသွားတယ်လို့ ထင်ပါတယ် သောက်တာကလည်း ညအချိန် ဖြစ်တော့အစာတွေ ရှိနေပြီလေ အစာအိမ်ကို မထိခိုက်နိုင်ပါဘူး
အလွန်အကျွံ ဘေးထွက်ဆိုးကျိုးတော့ ဖြူ မကြုံဖူးသေးပါဘူး

ကိုယ်လိုချင် သလောက် အတိုင်းအတာရပြီဆိုရင် နေ့ တိုင်းမသောက်ပဲ
တစ်ပတ် မှာ ၃ ရက်လောက်ပဲ သောက်ပါရှင်
စရိတ်နည်းတဲ့ နည်းမို့ လို့  ထိန်းညှိ ပြီးလိုသလိုသုံးကြည့်ကြပေါ့
ပိုပြီးထိရောက်ချင်ရင်တော့ ဒါလည်းသောက်မယ်

လေ့ကျင့်ခန်းလည်းလုပ်မယ်အစားလည်း အနည်းငယ် (အဆီများတဲ့အစားအစာ) ရှောင်မယ်ဆို သိပ်ကို ထိရောက်မှာပါ
ဒါသောက်တာက အဆီပြင်တွေကို ပျော့ပျောင်းလာစေပြီး လေ့ကျင့်ခန်းကြောင့် ကျစ်လစ်လာမှာပါ ...
(ရေးသားသူ - Daw A Phyu Yaung)

No comments:

Post a Comment