CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, September 11, 2017
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် စစ်သံမှူးသို့!
ကိုSwe Yuရေးသည်။
*******
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် စစ်သံမှူးသို့!
"ဘင်္ဂလားဒေ့ရှ်ဟာ လူဦးရေပေါက်ကွဲပြီး ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်လုပ်ကိုင် စားသောက်နေကြတယ် ဆိုတဲ့အချက်ကို ပြန်လည်သုံးသပ်စေလိုတယ်" လို့ Discussion on Finding Solutions ဆိုတဲ့ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ခင်ဗျား မတော်မတရား ပြောလိုက်တာနဲ့ ပတ်သက်ပြီး...
တက်ရောက်ဆွေးနွေးကြတဲ့ ဦးကိုကိုလှိုင်၊ သမ္မတဦးသိန်းစိန် အစိုးရ အကြံပေးတွေဖြစ်တဲ့ ဒေါက်တာရင်ရင်နွယ်၊ ဒေါက်တာနေဇင်လတ်၊ ဒေါက်တာအေးချမ်း တို့အနေနဲ့ ပြန်ချေပချိန် မရလိုက်ဘူးလို့ ယူဆတာကြောင့် ကျွန်တော်ကပဲ ပြန်ရှင်းလိုပါတယ်။
.
.
.
ခင်ဗျားက "ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာမှာ ၂၂ ခုမြောက် စီးပွားရေး အကြီးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ အလွန်သိပ်သည်းသော်လည်း စီးပွားရေး တိုးတက် ကောင်းမွန်နေတယ်" လို့ ပြောတယ်နော်။
တကယ်တော့ ခိုးဝင်ပြဿနာဟာ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေ ကြုံနေကျ ပြဿနာဖြစ်တယ်။ ကိုယ့်နိုင်ငံက စီးပွါးရေးကောင်းနေရင်တောင် အိမ်နီးချင်းနိုင်ငံမှာ ပိုချောင်လည်မယ် ယူဆသူတိုင်း တရားဝင်ရော တရားမဝင်ရော နယ်စပ်ဖြတ်ကျော်ကြပါတယ်။ တော်တန်ရုံ အရေအတွက်ဆိုရင် မထောင်းတာလှပေမဲ့ အလွန်များပြားလာရင်တော့၊ တရားမဝင် ခိုးကူးလာတာလည်း ဖြစ်ရင်တော့ ပြဿနာက ကြီးပါပြီ။
အဲဒီလို ပြဿနာက ကြီးမားလာတဲ့ အချိန်မှာမှ ကိုယ့်တာဝန် ကိုယ်မယူဘဲ "ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ စီးပွါးရေးပမာဏ ကြီးမားတာမို့ မြန်မာနိုင်ငံဘက်ကို ကျွန်တော်တို့ နိုင်ငံသားတွေ ခိုးဝင်သွားတာ မဖြစ်နိုင်ဘူး" လို့ ခင်ဗျားက ကောက်ချက်ဆွဲပြတာက လူရယ်စရာ ဖြစ်နေပါတယ်။
စီးပွါးရေးပမာဏ ကြီးမားတိုင်းသာ အိမ်နီးချင်းနိုင်ငံတွေကို ခိုးဝင်တာမျိုး မရှိကြေးဆိုရင် မက္ကဆီကို နိုင်ငံသားတွေ အမေရိကန်နိုင်ငံကို ခိုးဝင်စရာအကြောင်း လုံးဝ မရှိတော့ပါဘူး။
ဘာလို့လဲဆိုရင် မက္ကဆီကိုရဲ့ GDP ဟာ ကမ္ဘာ့အဆင့် ၁၅ မှာ ရှိပြီး ပမာဏအားဖြင့် ၁၀၄၆ ဘီလျံ ဒေါ်လာ ရှိတာမို့...
GDP ကမ္ဘာ့အဆင့် ၄၅ ဖြစ်ပြီး ပမာဏအားဖြင့် ၂၂၁ ဘီလျံသာရှိတဲ့ ဘင်္ဂလားဒေ့ရှ် စီးပွါးရေးထက် လေးဆခွဲကျော် ပိုပြီး ကြီးမားချမ်းသာတဲ့ မက္ကဆီကိုနိုင်ငံသားတွေ အမေရိကန်ကို ခိုးဝင်ကြတာ နှစ်နိုင်ငံ ပြဿနာဖြစ်ရတဲ့ အထိပါပဲ။
ဒီလိုပြောရင် ခင်ဗျားဘက်ကလည်း "အမေရိကန်စီးပွါးရေးက ကမ္ဘာ့နံပါတ် ၁ မို့လို့ မက္ကဆီကန်တွေက ခိုးဝင်တာလေ။ ငါတို့ နိုင်ငံက မင်းတို့ နိုင်ငံထက် စီးပွါးရေး ကြီးတယ်ကွ" လို့ ပြန်ငြင်းချင်မယ် ထင်ပါတယ်။
ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ GDP ဟာ ကမ္ဘာ့အဆင့် ၇၂ ဖြစ်ပြီး ပမာဏအားဖြင့် ၆၇ ဘီလျံ ဒေါ်လာပဲရှိလို့ ဘင်္ဂလားဒေ့ရှ် စီးပွါးရေးအောက် သုံးဆခွဲကျော် သေးငယ်ပါတယ်။ ဒီတော့ နိုင်ငံစီးပွါးရေးပမာဏနဲ့ စဉ်းစားရင် ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေက မြန်မာဘက်ကို ခိုးကူးစရာအကြောင်း မရှိသလိုလိုပါပဲ။
ဒါပေမဲ့ ခိုးဝင်ချင်စရာ အကြောင်းခြင်းရာတွေကို ကျွန်တော် ထုတ်ပြပါ့မယ်။
၁)
ခင်ဗျားက နိုင်ငံလုံး စီးပွါးရေးပမာဏကို နှိုင်းယှဉ်တဲ့ GDP ကိုသာ ကိုယ်လိုရာဆွဲ ပြောနိုင်ဖို့ ထည့်သွင်းရည်ညွှန်းပြီး၊ လူတစ်ဦးချင်း ကြွယ်ဝချမ်းသာမှုနဲ့ လူနေမှုအဆင့်အတန်းကို နှိုင်းယှဉ်ဖော်ပြနိုင်တဲ့ GDP per capita တို့ Per Capita Income တို့ကို ဘာလို့ ချန်ထားခဲ့တာပါလဲ။
GDP (Gross Domestic Product) ဆိုတာက အလွယ်ပြောရရင် တစ်နှစ်အတွင်း တစ်နိုင်ငံလုံးမှာ ရှိသူတွေရဲ့ ဝင်ငွေအားလုံးပေါင်း ဒါမှမဟုတ် တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှုအားလုံး (သယံဇာတတွေ ထုတ်ရောင်းတာမျိုး အပါအဝင်) စုစုပေါင်းပါ။
GDP per capita ဆိုတာက GDP ကို လူဦးရေနဲ့ စားထားတာပါ။ ပျမ်းမျှ လူတစ်ဦး ရှာနိုင်တဲ့ ငွေဖြစ်ပြီး ဒါက လူနေမှု အဆင့်အတန်းကို ဖော်ပြပါတယ်။
ဒီတော့ လူတစ်ချင်းရှာနိုင်တဲ့ ငွေပမာဏ တူရင်တောင် လူဦးရေ ပိုများတဲ့ နိုင်ငံဟာ GDP ပိုများမှာ ဘာမှ မဆန်းပါဘူး။
ဥပမာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်ရဲ့ GDP သို့မဟုတ် စီးပွါးရေးဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဖြစ်ပေမယ့် လူတစ်ချင်းရှာနိုင်တဲ့ ငွေပမာဏ GDP per capita မှာတော့ နိုင်ငံသားတစ်ဦး တစ်နှစ်ဝင်ငွေ ဒေါ်လာ ၈၁၀၀ နဲ့ ကမ္ဘာ့အဆင့် ၆၆ ပဲ ရှိတာ တွေ့ရမှာပါ။
ဆိုလိုတာက လူဦးရေများလွန်းလို့ တိုင်းပြည်တစ်ပြည်လုံး ပေါင်းထားတဲ့ စီးပွါးရေးက ကြီးမားပေမယ့် လူတစ်ဦးချင်း ကြွယ်ဝမှု အဆင့်အတန်းအရ ကြည့်လိုက်တော့ တရုတ်တစ်ဦးချင်းဟာ သိပ်မချမ်းသာသေးပါ။
အဲဒီလိုပဲ လူဦးရေ ၁၆၃ သန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ GDP က လူဦးရေ ၅၅ သန်းသာရှိတဲ့ မြန်မာ့ GDP ထက် သုံးဆခွဲကြီးပေမယ့်...
GDP per capita အရ ကြည့်ရင်တော့ ဘင်္ဂလားဒေ့ရှ် တစ်ယောက်ရဲ့ တစ်နှစ်ဝင်ငွေက ၁၃၆၀ ဒေါ်လာ နဲ့ မြန်မာတစ်ယောက်က ၁၂၇၅ ဒေါ်လာမို့ ဘာမှ မကွာပါဘူး။
ဒါ့အပြင် ဒီလူနေမှုအဆင့်ပြ GDP per capita ဟာ တစ်တိုင်းပြည်လုံးကို ခြုံငုံပြီး ပျမ်းမျှရှာထားတဲ့ အချက်အလက်ဖြစ်လို့ နယ်စပ်ဒေသက လူတွေရဲ့ စီးပွါးရေးကို ကွက်တိဖော်ပြချင်မှ ဖော်ပြနိုင်ပါလိမ့်မယ်။
ဒီတော့ ခိုးဝင်ကိစ္စ ဖြစ်နိုင် မဖြစ်နိုင်ကို ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်ရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းမှာ ဘယ်ဘက်က လုပ်စားကိုင်စားသမားတွေအဖို့ အနေ အစား ပိုချောင်သလဲ ဆိုတာက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
၂)
အနေချောင်မှု။
နိုင်ငံအကျယ်အဝန်း ၇၅၈၄၀၀ စတုရန်းမိုင်ရှိပြီး လူဦးရေ ၁၂၃ သန်းသာရှိလို့ လူဦးရေ သိပ်သည်းဆအားဖြင့် တစ်စတုရန်းမိုင်မှာ ၁၆၃ ယောက်သာ ရှိတဲ့အပြင် ပျမ်းမျှတစ်ဦးချင်း တစ်နှစ်ဝင်ငွေ ၈၂၀၀ ဒေါ်လာ (၈၁၀၀ ဒေါ်လာရတဲ့ တရုတ်ထက်တောင် များပြား) ရနေတဲ့ မက္ကဆီကိုကနေ အမေရိကန်ကို ခိုးဝင်နေသူတွေ ရှိတယ်ဆိုရင်...
နိုင်ငံအကျယ်အဝန်း ၅၆၉၇၇ စတုရန်းမိုင်ရှိပြီး လူဦးရေ ၁၆၃ သန်းရှိလို့ လူဦးရေ သိပ်သည်းဆအားဖြင့် တစ်စတုရန်းမိုင်မှာ၂၉၃၄ ယောက်တောင်ရှိလို့ အနေကျပ်တယ်ထင်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအချို့ဟာ...
နိုင်ငံအကျယ်အဝန်း ၂၆၁၂၂၈ စတုရန်းမိုင်ရှိပြီး လူဦးရေ ၅၅ သန်းသာရှိလို့ တစ်စတုရန်းမိုင်မှာ ၂၀၇ ယောက်ပဲ အသက်ရှုချောင်ချောင် နေနေကြတဲ့ တစ်ဦးချင်းဝင်ငွေလည်း မကွာတဲ့ မြန်မာနိုင်ငံဘက်ကို ကူးမဝင်ချင်စရာ အကြောင်း ဘာမှ မရှိပါဘူး။
နိုင်ငံဧရိယာအရ မြန်မာဟာ ဘင်္ဂလားဒေ့ရှ်ထက် လေးဆခွဲကျော် ပိုကျယ်ပြီး...
လူဦးရေကျတော့ မြန်မာ့လူဦးရေက ဘင်္ဂလားဒေ့ရှ် လူဦးရေရဲ့ သုံးပုံတစ်ပုံပဲရှိလို့...
"ဘယ်နိုင်ငံမှာ အနေချောင်မလဲ" ဆိုတာကို ကလေးတောင် သိနိုင်ပါတယ်။
၃)
အစားချောင်မှု။
Per capita income ကို လူအဖွဲ့အစည်း တစ်ခုနဲ့ တစ်ခုကြား ချမ်းသာကြွယ်ဝမှု ဒါမှမဟုတ် ဆင်းရဲမွဲတေမှုကို နှိုင်းယှဉ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။
ဒီနေရာမှာ အထက်မှာ နှိုင်းယှဉ်ပြခဲ့တဲ့ GDP per capita ဟာ ရိုးရိုး GDP ကို သုံးပြီး တွက်ထားတာပါ။
တကယ်တော့ စီးပွါးရေး ပညာရှင်တွေအနေနဲ့ နိုင်ငံတွေအကြား စီးပွားရေးအင်အားကို နှိုင်းယှဉ်ရာမှာ ဒါမှမဟုတ် တစ်ဦးချင်း ၀င်ငွေကြွယ်ဝမှုကို နှိုင်းယှဉ်ရာမှာ အားနည်းချက်တွေရှိတဲ့ GDP နဲ့ GDP per capita တွေထက် GDP (PPP) နဲ့ GDP per capita (PPP) ကိုသုံးတာ ပိုမိုတိကျမှန်ကန်တယ်လို့ ယူဆကြပါတယ်။
ဘာလို့လဲဆိုရင် Purchasing Power Parity လို့ခေါ်တဲ့ (PPP) ဟာ နိုင်ငံတွေအကြား လူနေမှုအဆင့်၊ နေထိုင်ကုန်ကျစရိတ်၊ တွက်ချက်တဲ့နှစ်ရဲ့ ငွေလဲလှယ်နှုန်းများနဲ့ ငွေကြေးဖောင်းပွမှုနှုန်းတွေကိုပါ ထည့်သွင်းစဉ်းစားပြီး ရိုးရိုးဒေါ်လာ မဟုတ်တဲ့ နိုင်ငံတကာဒေါ်လာ (int$) နဲ့ ဖော်ပြတာ ဖြစ်ပါတယ်။
အလွယ်ရှင်းပြရရင် နိုင်ငံနှစ်နိုင်ငံရဲ့ GDP per capita ချင်း တူရင်တောင် (ဥပမာ လူတစ်ယောက် ဒေါ်လာ ၁၀၀၀ စီ ဝင်ငွေ ရှိတယ်ထားပါ) အဲဒီနှစ်နိုင်ငံက နိုင်ငံသားတွေ ချမ်းသာမှုနဲ့ လူနေမှုအဆင့် တူတယ်လို့ ပြောလို့မရပါဘူး။ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ပြည်တွင်း ကုန်ဈေးနှုန်းနဲ့ နေထိုင်ကုန်ကျစရိတ်၊ ငွေကြေးဖောင်းပွမှုနှုန်းတွေပေါ် မူတည်ပြီး အဲဒီ ဒေါ်လာ ၁၀၀၀ စီရဲ့ တန်ဖိုးချင်း မတူသလို အဲဒီ ဒေါ်လာ ၁၀၀၀ ရဲ့ ဝယ်ယူသုံးစွဲနိုင်စွမ်း (Purchasing Power) လည်း ကွာပါတယ်။
ဒါကြောင့် PPP အပေါ် အခြေခံတွက်ချက်ထားတဲ့ GDP per capita (PPP) ကို အသုံးပြုခြင်းဟာ နိုင်ငံတွေကြား ဆင်းရဲ ချမ်းသာ ကွာခြားချက်တွေကို နှိုင်းယှဉ်ရာမှာ ပိုမှန်ကန်ပြီး ပိုအသုံးဝင်ပါတယ်။
၂၀၁၆ GDP per capita (PPP) အချက်အလက်တွေအရဆိုရင်...
မြန်မာနိုင်ငံသား တစ်ဦးဟာ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၆၀၀၀ (int$) ချမ်းသာပြီး...
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ယောက်ဟာ တစ်နှစ် ၃၉၀၀ ဒေါ်လာ (int$) သာ ဝင်ငွေရှိတာမို့...
"ဘယ်နိုင်ငံမှာ အစားချောင်မလဲ" ဆိုတာကို ပညာမတတ်သူတောင် တွက်တတ်မယ်ထင်ပါတယ်။
.
.
.
အခုလောက်ဆိုရင်ကို ဘင်္ဂါလီအချို့ မြန်မာနိုင်ငံဘက် ခိုးဝင်ဖို့ အကြောင်းပြချက်တွေ လုံလောက်ပြီထင်ပါတယ်။
ဒါကိုမှ ကျား ကျား မီးယပ်လုပ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဘတ်ဂျက်က မြန်မာထက် ၈ ဆ များတယ်တို့၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းက ဘယ်လောက် ရှိတယ်တို့၊ နိုင်ငံဧရိယာရဲ့ ၉၀ ရာခိုင်နှုန်းဟာ လျှပ်စစ်မီး ရရှိနေပြီး ကျေးလက်ဒေသများတွင်ပါ ကောင်းမွန်တဲ့ အင်တာနက် ချိတ်ဆက်မှုနဲ့ မိုဘိုင်းဖုန်းကွန်ရက်တွေ ရှိကြောင်း မဏ္ဍပ်တိုင် တက်ပြဦးမယ်ဆိုရင်လည်း ကျွန်တော့်ဘက်က ချေပစရာရှိပါတယ်။
ဒီလို ဘတ်ဂျက်များတာ၊ အခြေခံအဆောက်အအုံတွေ မြန်မာနိုင်ငံထက် ပြည့်စုံတာဟာ ခင်ဗျားတို့ အစိုးရက ဒီနိုင်ငံက ကိုယ်ကျိုးရှာ စစ်အာဏာရှင်အစိုးရ အဆက်ဆက်ထက် အခွန်ကောက်ခံနိုင်မှု၊ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှု ကောင်းမွန်တာကိုပဲ ပြောပြနေပြီး...
အထက်မှာ ပြောခဲ့သလို အခုလက်ရှိ စီးပွါးရေး၊ ပထဝီပိုင်နက် အကျယ်အဝန်းနဲ့ လူဦးရေအနေအထားအရ မြန်မာနိုင်ငံဟာ ဆင်းရဲချို့တဲ့တဲ့ ဘင်္ဂါလီအချို့အတွက် အနေချောင် အစားချောင်တဲ့ နိုင်ငံဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။
ဒီလို အနေအစားချောင်ဖို့ မျှော်လင့်ချက်တွေနဲ့ မြန်မာနိုင်ငံထဲကို ခိုးဝင်လာပြီးတော့မှ အခြားဒေသတွေကို ကူးသန်းမရဘဲ ရခိုင်ဒေသမှာပဲ ပိတ်မိပြီး မျိုးအပွါးလွန် လူဦးရေပေါက်ကွဲနေတာက ဒီနေ့ ရခိုင်က ခိုးဝင်ပြဿနာရဲ့ ရေသောက်မြစ်ပါပဲ။
.
.
.
မူလကတော့ ခင်ဗျားတို့ နိုင်ငံသားတွေဟာ တရားဝင် နေခွင့်ရရင်လည်း ဒီနိုင်ငံမှာပဲ နိုင်ငံသားခံယူပြီး အေးအေးသက်သာ လုပ်ကိုင်စားသောက်ကြဖို့ ရည်ရွယ်ထားကြပုံပါ။
ဒါပေမဲ့ ထင်သလို ဖြစ်မလာတဲ့ အခြေမလှသူအချို့က နိုင်ငံတကာကို ထွက်ပြေးပြီး အဖိနှိပ်ခံအဖြစ် မျက်ရည်ချူပြီး ချမ်းသာတဲ့နိုင်ငံတွေမှာ ခိုလှုံခွင့်ရသွားရာကနေ...
အဲလိုလုပ်တာဟာ မြန်မာထက် အပြတ်အသတ်သာတဲ့ တိုးတက်ပြီးသား နိုင်ငံတွေကို သွားရောက် အခြေချနိုင်ဖို့ အကောင်းဆုံးနည်းအဖြစ် လမ်းပွင့်သွားတဲ့ နောက်ပိုင်းမှာ...
ဘင်္ဂါလီတွေဟာ မြန်မာကိုတောင် မဝင်တော့ဘဲ ဘင်္ဂလားဒေ့ရှ်ကနေ ရိုဟင်ဂျာအဖြစ် တိုက်ရိုက်ထွက်ပြေးကြရာက နိုင်ငံတကာမှာ ရိုဟင်ဂျာအမည်ခံ နိုင်ငံစွန့်ခွာ ဘင်္ဂါလီ လေးသန်းကျော်အထိ ပျော်ပျော်ကြီး ပွဲခံနေထိုင်နိုင်ကြတဲ့ အခြေအနေကို ရောက်လာတာပါ။
ဒီ လေးသန်းကျော်ဟာ သူတို့ရောက်ရှိနေထိုင်ရာ နိုင်ငံတွေရဲ့ ကရုဏာကို ချူယူဖို့ ရခိုင်က ဖြစ်ရပ်အချို့ကို ပုံကြီးချဲ့ရာက ဒီကနေ့ ကမ္ဘာက စုတ်တသပ်သပ် ဖြစ်နေရတဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာ ဇာတ်လမ်းတွေ ဖြစ်လာရတာပါပဲ။
ဒီဇာတ်လမ်းတွဲ နိုင်ငံတကာမှာ ပေါက်သွားမှန်းသိတာနဲ့ တိုက်ရိုက်ထွက်ပြေး ဘင်္ဂါလီတွေ၊ မြန်မာကတစ်ဆင့် ထွက်ပြေးတဲ့ ဘင်္ဂါလီတွေ၊ ရခိုင်မှာ ပိတ်မိနေတဲ့ ဘင်္ဂါလီတွေ အားလုံး ရိုဟင်ဂျာတွေ ဖြစ်ကုန်ပြီး...
နိုင်ငံသား တောင်းတဲ့ အဆင့်ကနေ တိုင်းရင်းသားအစစ်တွေပါလို့ ဗြောင်လိမ်တဲ့ အဆင့်ကို တက်သွားရုံသာမက အကြမ်းဖက် တိုက်ခိုက်ပြီး လွတ်မြောက်နယ်မြေ ထူထောင်ဖို့အထိ ရည်မှန်းလာတဲ့ အခြေအနေတွေ ဖြစ်လာပါပြီ။
အခု ရိုဟင်ဂျာ ဘာညာ အသံတွေ အတင်းထွက်ပြနေတဲ့ တက်ကြွလှုပ်ရှားသူ၊ မီဒီယာနဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ်တွေ အားလုံးဟာ ငွေရရှိရေး သို့မဟုတ် ရှင်သန်နေထိုင်နိုင်ရေးအတွက် ဒါမှမဟုတ် နှစ်ခုလုံးအတွက် လုပ်နေတာပါ။
သူတို့ကသာ အော်ပေးနေတာ... တကယ်တမ်းမှာ ပြည်တွင်းက ထွက်မရလို့ ပိတ်မိနေတဲ့ တစ်သန်းမျှသော ဘင်္ဂါလီတွေကလွဲရင် နိုင်ငံတကာကို ရောက်နေပြီးသား ရိုအမည်ခံတွေကတော့ ရခိုင်ကို လာနေဖို့ တရားဝင် ပြန်ခေါ်ကြည့်ရင်တောင် တစ်ယောက်မှ ပြန်မလာစေရဘူးလို့ လောင်းကြေးထပ်ရဲပါတယ်။ သူတို့ မွေးရပ် ဘင်္ဂလားဒေ့ရှ်ထက်ရော၊ မြန်မာထက်ရော သာတဲ့ နိုင်ငံတွေကို ရောက်နေပြီကိုး။ ဒီလောက်ကို ယုတ်မာတဲ့ကောင်တွေပါ။
တကယ်တော့ ပြည်ပကို ထွက်ပြေးခိုလှုံတဲ့ ရိုဟင်ဂျာ ၄ သန်းကျော် ရှိနေဖို့ဆိုရင် အစက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၅ သန်း နေခဲ့ဖူးရပါမယ်။ ဘယ်သမိုင်းစာအုပ်၊ ဘယ်စာတမ်းတွေထဲမှာများ ဘယ်ခေတ်က ရိုဟင်ဂျာ ၅ သန်း ရခိုင်ပြည်မှာ နေခဲ့ဖူးတယ်လို့ ကြားဖူးပါသလဲ။ ဒီလိုမဖြစ်နိုင်တာတွေကို အတင်းလိမ်ညာပြောဆိုပြီး ခင်ဗျားတို့ နိုင်ငံသားတွေကို မြန်မာပြည်က ရိုဟင်ဂျာတွေပါလို့ ပုံချစွပ်စွဲနေတာတောင် အင်မတန် အောက်တန်းကျလွန်းနေပါပြီ။
ဒီထက် ပိုဆိုးတာက ဒီ ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဆိုသူတွေဟာ နိုင်ငံတကာက ရွံရှာစက်ဆုပ်တဲ့ အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေနဲ့ရော၊ အကြမ်းဖက်အဖွဲ့တွေကို ပြောင်ပြောင်တင်းတင်းရော ခိုးကြောင်ခိုးဝှက်ရော အားပေးနေတဲ့ ပင်လယ်ကွေ့က ကြောင်သူတော် အစ္စလာမ်နိုင်ငံတွေနဲ့ရော ချိတ်ဆက်ပြီး ရခိုင်မှာ အကြမ်းဖက် သူပုန်ထအောင် စီမံကြတာပါ။
အခု ကာတာနိုင်ငံကို အကြမ်းဖက်အဖွဲ့တွေကို အားပေးမှုနဲ့ ဝိုင်းပယ်တယ်ဆိုတဲ့ ဆော်ဒီခေါင်းဆောင်တဲ့ နိုင်ငံတွေဟာလည်း အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့တွေကို ရက်ရက်ရောရော ငွေလှူနေတဲ့ နိုင်ငံတွေပါ။ သူတို့ ဆွန်နီ ရှီးအိုက် ဘာသာရေးအရ ဒါမှမဟုတ် နိုင်ငံရေးအရ မတည့်လို့သာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြမ်းဖက်အားပေးအဖြစ် အပြစ်ပုံချနေပေမဲ့ အဲဒီ ပင်လယ်ကွေ့နိုင်ငံ အားလုံး နီးပါးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ တကယ့် ကမ္ဘာ့အကြမ်းဖက်အဖွဲ့အားလုံးရဲ့ ရေသောက်မြစ်နိုင်ငံတွေပါ။
ဒီနိုင်ငံတွေက ငွေအားနဲ့ မီဒီယာတွေနဲ့ရော၊ ကုလသမဂ္ဂကိုပါ အုပ်စီးပြီးနောက်မှာ ရခိုင်က အကြမ်းဖက်ခံ တိုင်းရင်းသားတွေဟာ အကြမ်းဖက်သမားအဖြစ် တန်ပြန် ပုံဖော်ရှုတ်ချခံရတဲ့ ဘဝကို ရောက်ရရှာပါတယ်။
.
.
.
ဒါတွေကို ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေပါဘူး။
ဒါကြောင့် ကျုပ်တို့ပြောနေတာတွေဟာ မှားနေလို့ ပြန်သုံးသပ်ပါဆိုတဲ့ ဘင်္ဂလားဒေ့ရှ် စစ်သံမှူးရေ...
ဒီခိုးဝင်ပြဿနာဟာ အမေရိကန်လို ချမ်းသာတဲ့ နိုင်ငံအတွက်တောင် ခေါင်းခဲစရာမို့ သမ္မတ ထရမ့်က နယ်ခြားတံတိုင်းကာဖို့ တံတိုင်းကာရံစရိတ်ကို မက္ကဆီကိုက ပေးရမယ်လို့တောင် ပြောခဲ့တာဖြစ်ပါတယ်။
သူပြောတာက ရယ်စရာကောင်းသလို ထင်ရပေမဲ့ တကယ်တမ်း စဉ်းစားကြည့်ရင် ခိုးဝင်တွေရဲ့ မိခင်နိုင်ငံဟာ ကိုယ့်နိုင်ငံသားတွေကို ထိန်းထားဖို့ တာဝန်ရှိပါလျက်နဲ့ မထိန်းနိုင်ဘူးဆိုရင် ခိုးဝင်သွားတဲ့ ကိုယ့်နိုင်ငံသားတွေကို ကိုယ်ပြန်ခေါ်သွားရုံမက နောက်လည်း ခိုးကူးမသွားနိုင်အောင် နယ်ခြားတံတိုင်း တည်ဆောက်ရေးစရိတ်တွေကိုလည်း အချိုးကျ တာဝန်ယူ ထည့်ဝင်သင့်ကြောင်း ရူးချင်ယောင်ဆောင်နေတဲ့ ခင်ဗျားတို့ အစိုးရကို သိအောင်ပြောလိုက်စေချင်ပါတယ်ဗျာ!
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် စစ်သံမှူးသို့!
Reviewed by MP4 YoU
on
September 11, 2017
Rating: 5
Reviewed by MP4 YoU
on
September 11, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment