Latest News

Tuesday, August 8, 2017

မစိုးရိမ်တိုက်ဟောင်းအပေါ် အမှောင်ဖုံးခဲ့တဲ့ မန္တလေးနေ့ရက်များ (သို့မဟုတ်) ဘုရားကြီးလည်း ဗိုက်ပေါက်ရ သံဃာရဲ့ ဦးခေါင်းပေါ်လည်း ခြေအနင်းခံရ


"မောင်နန်းဝေ( ဗန်းမော်)"

(မန္တလေး မဟာမုနိဘုရားကြီး
ဗိုက်ဖောက်ခံရတဲ့ အရေးအခင်းအကြောင်း)
..................
"မင်းကလူပဲ၊
ငါတို့ကို ဒကာလို့ခေါ်ဖို့မလိုဘူး၊
မင်းကသာ ငါတို့ကို ဆရာခေါ်ရမှာ
ခွေးမသား၊ဆရာလို့ခေါ်စမ်း"ဆိုပြီး
ထောက်လှမ်းရေးက
ဦးဇင်းကို လေးဖက်ထောက်ခိုင်းတယ်။
ဦးဇင်းမျက်နှာမှာ
မျက်နှာဖုံးစွပ်ခံထားရတာမို့
ဘယ်သူဘယ်ဝါ မမြင်ရပေမယ့်လည်း
ဦးခေါင်းပေါ် ဘွတ်ဘိနပ်နဲ့
တက်နင်းတာက(၂)ယောက်။
ဝိုင်းပြီးတော့ ကန်ကျောက်ကြတာက
(၃)ယောက်ပဲ။
ဒါတော့သိနေတယ်၊
ဦးဇင်းတော့ အဲ့တုန်းက ကိုယ့်ကိုကိုယ် အသက်ရှင်မယ်လို့တောင်
ထင်မထားတော့ဘူး"

ဒါကတော့
(၁၉၉၇)ခုနှစ်မှာ မဟာမုနိဘုရားကြီး
ဗိုက်ဖောက်ခံရတဲ့ကိစ္စ
သံဃာတွေအရေးဆိုကြတာနဲ့
ပတ်သက်ပြီး အဖမ်းခံရသူ
ဦးဇင်းဦးမဟောသဓ
(မန္တလေးမစိုးရိမ်တိုက်ဟောင်း)က
ထောက်လှမ်းရေး(၁၆)
စစ်ကြောရေး အတွင်း
သူအညှင်းပန်းခံရပုံအကြောင်း
ပြန်ပြောင်းမိန့်ကြားခဲ့တာပဲဖြစ်ပါတယ်။

"ဒကာကြီးတို့အနေနဲ့ 
ယဉ်ယဉ်ကျေးကျေး
သိမ်သိမ်မွေ့မွေ့လုပ်ကြပါ။
ဦးဇင်းတို့က
မကောင်းတာလည်းဘာတစ်ခုမှ
မလုပ်ခဲ့ဘူး၊
မုသာဝါဒကံကိုလည်း
မကျူးလွန်တဲ့ရဟန်းတွေပါ၊
ဒကာကြီးတို့ကိုလိမ်ပြောမှာလည်း
မဟုတ်ပါဘူးလို့
အဲသလို ဦးဇင်းကပြောတာကိုပဲ
"ဦးဇင်း"ဆိုပြီးသုံးနှုန်းနေတာတွေ၊
"ဒကာ"လို့ခေါ်တာတွေ
ထောက်လှမ်းရေးက မကြိုက်ဘူး။
ဦးဇင်းရဲ့ ခေါင်းကိုနင်းထားပြီး
ဦးဇင်းရဲ့ လူအမည် ဦးတင်ဝင်းဆိုတော့
"ကျွန်တော်..တင်းဝင်းပါ
ကျွန်တော်... တင်းဝင်းပါ.."ဆိုပြီး
အော်ခိုင်းတာမှ အကြာကြီးပဲ"လို့
ဦးမဟောသဓ ကမိန့်ဆိုပါတယ်။

ဦးမဟောသဓ "အပေါ်
ထောက်လှမ်းရေးက
ဘာလို့ခုလိုရက်ရက်စက်
နှိပ်ကွပ်ရလဲဆိုတော့
ဦးမဟောသဓ"ကိုယ်တိုင်က
ယခင်(၈၈)အရေးအခင်းအတွင်း
မစိုးရိမ်တိုက်ဟောင်းနေ
ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့အပြင်၊
ဘုရားကြီးအရေးမှာ အဓိကကျတဲ့
ဦးသံဝရ နောက်ကွယ်ကနေ
စာပေးစာယူလုပ်၊ အစီအစဉ်ဆွဲ၊
အဓိကအကြံပေးပေးနေသူဖြစ်တယ်လို့
ယူဆထားကြလို့ပါပဲ။

အစစ်ဆေးခံရတဲ့တစ်ပတ်လုံးလုံး
ရေချိုးခွင့်မပေး၊
(၃)ရက်ကျော် ထမင်းမကျွေး ရေမတိုက်ဘဲ စစ်မေးခံရတယ်။

ရာဘာတုတ်နဲ့ခေါင်းကိုချည်း
ရိုက်တာများတယ်၊
တင်ပါးကိုခြေနဲ့ကန်တာများဆို
မှောက်ပြီးထိုးလှဲအောင်ကို
ကန်တာ။

ဦးဇင်းဦးမဟောသဓ"ကို
ထောက်လှမ်းရေး(၁)ထဲ
ထပ်ခေါ်သွားပြီး အကြမ်းပတမ်း
ကန်ကျောက်ထိုးကြိတ်ကြတာ
မူးမေ့လဲကျသွားတဲ့အထိပဲ။

"ဦးဇင်းလည်းမခံနိုင်တော့တဲ့အဆုံး
"ခင်ဗျားတို့ဟာ
အင်မတန်မိုက်မဲတဲ့လူတွေပဲ။
ဘာမှ မဟုတ်တာကို ဒီလောက်ကြီး
ရိုက်နှက်စစ်ဆေးစရာလည်းမလိုဘဲနဲ့ ။
ခင်ဗျားတို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေမဟုတ်ဘူး။
မိစ္ဆဒိဌိ ဖက်ဆစ်ဝါဒီတွေပဲ"လို့
ပြောလိုက်ပါလေရော။

အဲ့ဒီမှာ အရာရှိက"ဖက်ဆစ်"လို့
ပြောတဲ့ကောင်၊ခေါ်ခဲ့စမ်းကွာ"ဆိုပြီး
"ငါက ဂျပန်ဖက်ဆစ် မဟုတ်ဘူး။
မြန်မာဖက်ဆစ် ကင်ပေတိုင်ပဲကွ"

အဲသလို ကြိမ်းမောင်းရင်း
မျက်နှာနဲ့ မျက်လုံးပေါ်
ဘာမှမမြင်နိုင်အောင် ဖုံးကွယ်ခံထားရတဲ့ ဦးဇင်းကို အသားကုန် တွယ်တော့တာပါပဲ"လို့
ဦးဇင်းဦးမဟောသဓက မိန့်ပါတယ်။

ဦးဇင်းကို
ထောက်(၁၆)နဲ့ ထောက်(၁)
နှစ်ခုစလုံးမှာ
စစ်ကြောရေးကာလနှစ်ပတ်ကြာပြီးမှ
ထောင်ထဲပို့ပါတယ်။

မဟာမုနိဘုရားဗိုက်တော်ကို
တိတ်တဆိတ် ဖွင့်ဖောက်တဲ့အပေါ်
အာဏာပိုင်အနေနဲ့ ဖြေရှင်းပေးဖို့ အရေးဆိုရာကနေ
ဇာတ်ရှိန်မြင့်လာမှာစိုးရိမ်လို့
ရဟန်းတွေကို ခုလိုမျိုးဖမ်းဆီးရတာဖြစ်တယ်။

ဖြစ်စဉ်ကိုပြန်ကြည့်ရင်
အချိန်က (၁၉၉၇)ခုနှစ်
မတ်လ(၁၆)ရက်၊တနင်္ဂနွေနေ့။

မဟာမုနိဘုရားကြီး ဝမ်းဗိုက်တော်
ဖွင့်ဖောက်ခံရခြင်းကိစ္စနဲ့ပတ်သက်လို့
မဟာမုနိဘုရားကြီး
မိုးကောင်းဓမ္မာရုံထဲမှာ
မန္တလေး လေးပြင်လေးရပ်
သံဃာတော်များ
ဒုတိယအကြိမ်စည်းဝေးကြတယ်။

"မဟာမုနိဘုရားကြီးရဲ့ ဝမ်းဗိုက်တော်
ညဖက်ကြီးကျမှ ဖွင့်ဖောက်ရသည့်ကိစ္စအပေါ်
ရဟန်းသံဃာထုအားလုံး
သံသယ ကင်းစေခြင်းငှာ
ရှင်းပြတော်မူဖို့ အကြောင်း"
ရေတော်ဆရာတော်နဲ့ 
ညောင်ကန်တိုက် သမုတိဆရာတော်တို့ထံ
ဦးဇင်း ဦးသံဝရ(နန္ဒီသေနရာမတိုက်)က
မိုက်ကရိုဖုန်းကိုင်ပြီး
သံဃာထုကိုယ်စား
တောင်းပန် မေးလျှောက်ပါတယ်။

ရေတော်ဆရာတော် ရှင်းလင်းပုံမှာ
"ယခင် ဘုရားကြီးကို မီးခခဲ့စဉ်က
အက်ကြောင်း လိုက်နေခဲ့လို့
ပြုပြင်တာဖြစ်ကြောင်း၊
မှတ်တမ်းတင် ဗီဒီယို ရှိကြောင်း၊အချိန်မရွေး
လာကြည့်နိုင်ကြောင်း"
ပြန်လည်ဖြေကြားတော်မူပါတယ်။

"လေးပြင်လေးရပ်
သြဝါဒစရိယဆရာတော် (၉)ပါးကရော
ဒီကိစ္စကိုသိပါသလား ?
သူတို့ရဲ့ ခွင့်ပြုချက်ကိုကော
ရယူပါသလား ?
ဘုရားဖူးများအနှောင့်အယှက်
မဖြစ်ရအောင် ညဖက်ကျမှ
လုပ်ဆောင်ရသည်ဆိုပါလျှင်
လူကြီး လမ်းကြောင်းရှိချိန်မှာတော့
ဘုရားဖူးပြည်သူများကို ဘာကြောင့်
ကန့်သတ်ပိတ်ဆို့ထားရပါလဲ ?
စသဖြင့် ဦးဇင်းဦးသံဝရက
မေးခွန်းများ ဆက်ထုတ်ခဲ့ပြီး
ရေတော်ဆရာတော်အား
မေးလျှောက်ခြင်းကို
တစ်ခန်းရပ်နားလိုက်တယ်။

ဘုရားကြီးအရေးအတွက်
မဟာမုနိဘုရားမှာပဲ
သပိတ်စခန်းထိုင်ဖို့အထိ
တပေါင်းလပြည့်နေ့လုပ်မယ့်
တတိယအကြိမ် အစည်းအဝေးကျရင်
ဆွေးနွေးကြဖို့ရာအစီအစဉ်ရှိထားကြပြီး
ဒီအချက်ကိုလည်း
ထောက်လှမ်းရေးကအနံ့ခံမိထားပုံပါပဲ။

စစ်အစိုးရ(အဲ့ဒီတုန်းအခါ မန္တလေးတိုင်း တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်)က
ဖြစ်ပေါ်နေတဲ့ အခြေအနေ၊အခင်းအကျင်းအားလုံးရဲ့ လားရာကို
ကြိုတင်တွက်ဆမိပုံရပါတယ်။

ဘုရားကြီးအရေး ကျေလည်အောင်
ရှင်းလင်းပေးဖို့ လှုံ့ဆော်စာတွေ
ပြည်သူအကြား ဟိုနေရာဒီနေရာမှာ
လိုက်ကပ်နေတာမျိုး ရှိနေလေတော့
ဒီထက် ပိုကျယ်ပြန့်ပြီး
အကြီးအကျယ် ပေါက်ကွဲလာရင်
ထိန်းသိမ်းရ ပိုခက်ခဲသွားနိုင်တာ
အာဏာပိုင်က တွက်ဆထားတယ်။

မစိုးရိမ်တိုက်က ဦးဆောင်တယ်ဆိုပြီး
ယူဆတဲ့အတွက်
ဦးသံဝရ အစရှိတဲ့ သံဃာများကို
"ဒီကိစ္စ ဆက်မလုပ်ပါနဲ့ ။
ဒီမှာ ရပ်ထားလိုက်ပါ။
ကားလိုချင်သလား?
ကျောင်းလိုချင်သလား?
အရှင်ဘုရားတို့လိုချင်တာပြောပါ"ဆိုပြီး
တောင်းပန်ညှိနှိုင်းတာမျိုး အရင်လုပ်ဆောင်ခဲ့တယ်လို့
ဦးမဟောသဓ"က မိန့်ပါတယ်။

သံဃာထု ဆန္ဒအတိုင်းသာ
လုပ်ဆောင်ရမှာဖြစ်ကြောင်း
တုံ့ ပြန်လိုက်တဲ့အခါ
ချော့လို့မရမှန်းသိသွားကြတယ်။

ဒါကြောင့် ဘုရားကိစ္စ
မျက်ချေဖြတ် အာရုံလွှဲဖို့ရာက
ဘာသာခြားနဲ့ ရန်တိုက်တဲ့နည်း
သုံးရတော့တာပါပဲ။

စုဝေးနေကြတဲ့ သံဃာတော်တွေရဲ့ 
အမြင်သဘောထား၊အကြံပြုစာတွေကို
အများကြားအောင်
ဦးသံဝရ ဖတ်ပြနေတုန်းမှာ
ဘုရားကြီးဖြစ်စဉ်ကြီးကို
လက်စဖျောက် ဖုံးကွယ်ဖို့
လူမျိုးရေးအဓိကရုဏ်းဖြစ်အောင်
တမင်ရှို့ လိုက်တဲ့ မီးတစ်စအဖြစ်
စာတစ်စောင်က ခုလို
ရောက်ရှိလာပါရော။

"(၂၆)ဘီလမ်း၊ချမ်းသားကြီးဘုရား
အနောက်ဖက်၊
(..........)အထည်ဆိုင်ပိုင်ရှင်
"ရှဖီးနဲ့ အေးနိုင်"
ဘာသာခြား ညီအကို နှစ်ယောက်က
မင်းကွန်း ညောင်ပင်စောက်ရွာနေ
ဘုန်းကြီးတူမ နွားနို့သည်မလေး
မ.......အပေါ်အနိုင်ကျင့်ခဲ့ပေမယ့်
ငွေအင်အားသုံးဖြေရှင်းခဲ့လို့
အရေးယူခံရခြင်း မရှိကြောင်း"
အဲ့ဒီစာ ဖတ်လိုက်တာနဲ့တစ်ပြိုင်နက်
သံဃာအုပ်ကြီးထဲက အချို့ဟာ
ထိမ်းမနိုင်၊သိမ်းမရတော့ဘဲ
အော်ဟစ်၊ဆူပူ၊ညာသံပေးရင်း
တွေ့ရာ ကားတွေ တားစီး၊
ရှဖီးအိမ်"သွားဝိုင်းပြီး
ဆော်ကြနှက်ကြတော့တာကိုး။

ပြဿနာစတက်တော့
အချိန်က ညနေစောင်း(၆)နာရီ။

ရှဖီးဆီကနေ ပြန်လာတဲ့
အကြမ်းဖက်အုပ်စုကြီးဟာ
ထောက်လှမ်းရေးဆင်တဲ့ ဂွင်ထဲ
ကျွံမိသွားရာကနေ
တွေ့ရာလူမျိုးခြားရဲ့ ဈေးဆိုင်တွေ
ရိုက်ချိုးကြ၊
ဗလီတွေ ဖျက်ဆီးကြနဲ့ 
လျှပ်စစ်မီးတွေဖြတ်တောက်ထားရာ
လမ်းကြောင်းတစ်လျှောက်
ထင်တိုင်းကြဲကြတော့တာကလား။

ထုံးစံအတိုင်းပေါ့။
နောက်ရက်ကျ
အစိုးရကပုဒ်မ(၁၄၄)ထုတ်လိုက်တယ်။

(၁၉၉၇)မတ်လ(၁၈)ရက်
မနက်(၉)နာရီဝန်းကျင်ကျတော့
သံဃာတော်တွေပါတဲ့ ကား(၉)စီးက
(၄၁)လမ်းကနေ (၈၅)လမ်းကိုအကွေ့။
သားရေစက်ရုံထဲကနေ
စစ်ကားထွက်လာပြီး ရပ်တန့်ခိုင်းတော့
ဦးသံဝရလိုက်ပါလာတဲ့ 
နောက်ဆုံးကားက
ရပ်ပြီး ပြန်မောင်းအထွက်၊
ဦးဇင်းတစ်ပါး ကားပေါ်ပြန်အတက်မှာပဲ
သူ့ ခြေဒကောက်ကွေးကို
သေနတ်ကျည်ဆံမှန်ပါလေရော။

ကားခေါင်းထဲပါတဲ့
ဦးသံဝရ နံဘေးက ဦးဇင်းတစ်ပါးလည်း
ဦးခေါင်းကို ရှပ်ပြီးမှန်ရုံမို့
တော်သေးတာ။

ဝိသုဒ္ဓါရုံထဲ ရောက်တဲ့အချိန်
သေနတ်မှန်တဲ့ကိုယ်တော်က
သွေးတော်တော်လွန်နေပြီ။
ဆေးရုံကို ပို့ဆောင်ပေမယ့်
ပျံလွန်တော်မူရှာပါတယ်။

အဲဒီဦးဇင်း(ဘွဲ့အမည် စုံစမ်းဆဲ)က ဗန်းမော်ကနေ
မန္တလေး ပတ္တမြားတိုက်
ရောက်လာတာမှ မကြာသေဘူး။
ပတ္တမြားတိုက်က သူ့သီတင်းသုံးဖော်
ဦးဇင်းဦးတေဇဝံသ(ရှမ်းကိုယ်တော်)နဲ့
ကိုရင်ဇော်မင်းတို့ (၂)ပါးလည်း
ဆေးရုံကို လိုက်သွားပြီးစုံစမ်းရင်း ထောက်လှမ်းရေး အဖမ်းခံထိလို့
အိုးဘိုထောင်မှာ(၇)နှစ်ကြာအောင်
သီတင်းသုံးလိုက်ရတယ်။

(၁၉၉၇)ခု မတ်လ(၂၃)ရက်လည်းရောက်ရော
မစိုးရိမ်တိုက်၊နန္ဒီတိုက်နဲ့
ညောင်ကန်တိုက်ကဦးဇင်းတွေကို
အဝင်အထွက် လက်မှတ်ထိုးပြီးမှ ဆွမ်းခံထွက်ခွင့်ပေးတာမျိုးလုပ်တယ်။
မြတောင်ကျောင်းကျတော့
ကျောင်းနေ သံဃာတွေကို
တိုကင်လက်မှတ်ဝေတယ်။

တပေါင်းလပြည့်နေ့မှာ
ဆက်လက် ပြုလုပ်ဖို့
သတ်မှတ်ထားကြတဲ့
ဘုရားကြီး တတိယအကြိမ်အစည်းအဝေး
မဖြစ်မြောက်အောင် ရှဖီးနဲ့လမ်းလွဲခဲ့ပြီး
အဲ့ဒီနေ့ကျတော့
လမ်းပေါ် ဝါဝါမြင်သမျှ
သိမ်းကျုံးဖမ်းဆီးတယ်။

ဦးသုဇာတ(အနောက်တိုက်တော်)
ကတော့
(၁၉၉၇)မတ်(၂၇)ရက်နေ့ညပိုင်းအချိန်
မန္တလေး အနောက်မြောက်မြို့နယ်
မ-ဝ-တရုံးမှာ
ဧည့်စာရင်းတိုင်ဖို့ရောက်နေတုန်း
စစ်ကား(၂)စီးက ရုံးရှေ့  လာရပ်ပြီး
ဖမ်းဆီးခဲ့တာပါ။

"ဦးဇင်း"လို့ နှုတ်ကထွက်မိတိုင်း
ဦးဇင်း မဟုတ်ဘူး၊
လူဖြစ်သွားပြီ"ဆိုပြီး
ငထောက်တွေက
နာရင်းချည်းအုပ်တော့တာပဲ။
လက်သီးနဲ့အထိုးခံရလို့
စိုက်ထားတဲ့ငွေသွား"တောင်
ကျိုးသွားသေးတာ"လို့
ဦးသုဇာတ"က မိန့်ပါတယ်။

အသွင်ယူထားသူ သံဃာအချို့က
အစည်းအဝေးရှိတယ်ဆိုပြီး
လိမ်လည်ခေါ်ဆောင်တာကို
လိုက်သွားမိရင်း
ဗားကရာတိုက်ထဲ
အဖမ်းခံရသူ "ဦးကေသရ"ကတော့

"ဦးဇင်းတို့ကို နန်းတွင်းထောင်ထဲမှာ
(၁၃)ရက်ကြာအောင်
စစ်ကြောရေး လုပ်တယ်
အိုးဘိုထောင်ပို့ဖို့
စစ်ကားနဲ့ တင်ခေါ်တော့
လျှာထိုးဦးထုပ်တွေ ဆောင်းခိုင်းပြီး
ဘေးနဲ့ နောက်ကနေ စစ်သားတွေပိတ်"ကာ"
ထိုင်ထားကြတာ"လို့
မိန့်ပါတယ်။

ဦးဇင်းဦးဉာဏ ကိုတော့
ဘုရားကြီးအရေး ဖြစ်ပြီး
တစ်လ ဝန်းကျင်အကြာ၊
ဘုန်းကြီးကျောင်းပိုင် ဂျစ်ကားနဲ့ 
အလှူပစ္စည်း သွားအဝယ်
ကြာနီကန်နဲ့ တောင်ပြုန်းကြားက
လမ်းပေါ်မှာဖမ်းဆီးခဲ့တာပါ။

"လက်မ"နှစ်ခုကိုပဲ ခတ်လို့ရတဲ့
လက်ထိပ်သေးသေးလေးနဲ့ ခတ်ပြီး
ထောက်လှမ်းရေး(၁)ကို
ဖမ်းခေါ်သွားတယ်။
(၃)ရက်လုံးလုံးအိပ်ခွင့်မပေးဘဲ
စစ်ဆေးခံရတာ"လို့
ဦးဇင်း ဦးဉာဏက မိန့်ပါတယ်။

တပေါင်းလပြည့်နေ့မှာ
တတိယအကြိမ် အစည်းအဝေး
မဖြစ်မြောက်စေဖို့
လမ်းပေါ်တွေ့သမျှသံဃာတွေ
သိမ်းကျုံးဖမ်းဆီးရာမှာ
ကိုယ်တော်စုစုပေါင်း(၁၄၄)ပါးအထိ
အထိမ်းသိမ်းခံရတယ်။

အကျဉ်းထောင်ထဲ
တစ်လကြာနေခဲ့ရသူ ကိုရင်နေမျိုးလှိုင်
(တံခွန်တိုင်၊တန့်ကြည်တောင် ကျောင်းတိုက်)ဆိုရင်
အသက်(၁၃)နှစ်ပဲ ရှိပါသေးတယ်။

(၁၄၄)ပါးထဲကနေ(၁၃)ပါးကို
ပြစ်ဒဏ်(၇)နှစ်(၈)နှစ်အသီးသီး
စီရင်ချက်ချခဲ့ရာမှာ
သူတို့တွေကတော့ -

၁/ဦးသံဝရ(နန္ဒီသေန ရာမတိုက်)
၂/ဦးကေသရ(နန္ဒီသေန ရာမတိုက်)
၃/ဦးမဟောသဓ(မစိုးရိမ်တိုက်ဟောင်း)
၎/ဦးဇနိန္ဒ္ဒ(မစိုးရိမ်တိုက်ဟောင်း)
၅/ဦးဝိမလ(မစိုးရိမ်တိုက်ဟောင်း)
၆/ဦးသုဇာတ (အနောက်တိုက်တော်)
၇/ဦးဓမ္မ(အနောက်တိုက်တော်၊
ဓမ္မသုခကျောင်း)
၈/ကိုရင်သုဒဿန
(အနောက်တိုက်တော်ဓမ္မသုခကျောင်း)
၉/ဦးသာသန(အနောက်တိုက်တော်၊
အလယ်တိုက်)
၁၀/ဦးစက္ကပါလ(စိတ္တရ ရာမတိုက်၊၁၂ လမ်း)
၁၁/ဦးဉာဏ(ဘုရားကြီးတိုက်)
၁၂/ဦးတေဇဝံသ(ပတ္တမြားတိုက်)
၁၃/ကိုရင်ဇော်မင်း(ဘွဲ့အမည်စုံစမ်းဆဲ)(ပတ္တမြားတိုက်)ပါပဲ။

ထောင်ဗူးဝက ရုံးမှာတင်
လက်ထိပ်တန်းလန်းနဲ့ 
ရုံးချိန်း(၂)ကြိမ်သာထုတ်
အကျဉ်းရုံးစစ်ဆေးပြီး
(၁၉၉၇)မေလ (၅ )ရက်နေ့မှာ
လျှော့ရက်မရှိ၊
အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၇)နှစ်
အမိန့်ချခဲ့တာဖြစ်ပါတယ်။

ဦးဇင်းဦးဉာဏ"ကျတော့
နောက်ထပ်အမှုအတွက် ခြေကျဉ်းပါ
အခတ်ခံရတယ်။

အမိန့်ချမယ့်နေ့မှာ
ရုံးခန်းဘုရားစင်ပေါ်က ပန်းအိုး
သူ့ဘာသာပြုတ်ကျတာတွေ၊
မျက်နှာကျက်ဒလက်ပန်ကာ
လည်နေတဲ့ကြားကို
စာငှက်လေး တိုးဝင်မိပြီး
သေဆုံးတာတွေ ဖြစ်ပါသေးတယ်။

"ဘာအပြစ်ရှိလို့
ခုလို ထောင်ချရတာလဲမေးတဲ့အခါ
ပုသိမ်ကြီးမြို့နယ်တရားသူကြီးက
ဘာပြောလဲဆိုတော့
ရုန်းရင်းဆန်ခတ်ဖြစ်လို့
ပြည်သူတွေ အထိတ်တလန့်ဖြစ်
ဈေးချိုပိတ်ထားရတယ်။
ဈေးချိုပိတ်တာ ခင်ဗျားတို့အပြစ်ပဲလို့
ဆိုကြောင်း ဦးမဟောသဓက
ရယ်စရာ တစ်ခုအဖြစ် ပြန်ပြောင်းမိန့်ဆိုပါတယ်။

ထောက်လှမ်းရေးရဲ့ ညှင်းပန်းမှုကို
နောက်ထပ်ပြင်းပြင်းထန်ထန်ခံရသူက
အစည်းအဝေးတက်ကြဖို့ရာ
ဆွမ်းခံကြွရင်းသံဃာတွေဖိတ်ကြားခဲ့သူ
ကိုရင်သုဒဿန(ကိုရင်ကြီးသိန်းထိုက်
ပါပဲ။

ကိုရင်သိန်းထိုက်ခမျာ
အဲဒီစစ်ကြောရေးကရတဲ့
စိတ်ဒဏ်ရာဒဏ်ချက်တွေအပေါ်
အိုးဘိုထောင် မေလ (၃၀)
ထောင်တွင်း ရိုက်နှက်ပွဲအတွင်း
နှိပ်ကွပ်ခံရမှုတွေ
ထပ်ဆင့်ကျရောက်ခံရတဲ့အခါ
စိတ်ကျန်းမာရေး
ယိုယွင်းသွားရတဲ့အထိပါပဲ။

အခု ကျောက်ပန်းတောင်းမှာ
လူဝတ်ကြောင်ဘဝနဲ့ 
စိတ်ပုံမှန်အခြေအနေမရှိရှာတော့ဘဲ
ဘဝကို ဖြတ်သန်းနေရရှာကြောင်း
သိရတယ်။

ထောင်ထဲမှာ(၇)နှစ်ကြာနေပြီး
လွတ်ရက်စေ့လို့ လွတ်မယ့်ရက်ကျတော့လည်း
သကောင့်သား ထောက်လှမ်းရေးက
အာဏာပါဝါ လာပြတာ
ရှိသေးတယ်။

"နိုင်ငံရေး မလုပ်ပါနဲ့။
ဘယ်မှာ ကျောင်းထိုင် လုပ်ချင်လဲ
ကြိုက်တဲ့ကျောင်းသာ ပြော။
ကျောင်းပေးမယ်ဆိုပြီး
လွတ်မယ့်နေ့
(၂၀၀၃)အောက်တိုဘာ(၃၁)မှာ
ထောက်လှမ်းရေး အရာရှိက
လာပြောလို့ ငြင်းရသေးကြောင်း
ဦးသုဇာတ (အနောက်တိုက်တော်)က
မိန့်ဆိုပါတယ်။

ထောင်ထဲမှာနေရတုန်း
အမိန်မချခင်အတွင်း
ချို့ချို့ငဲ့ ငဲ့ ငတ်ငတ်ပြတ်ပြတ်နေခဲ့ရပြီး
ခု ဘုရားကြီးအရေးကို
လမ်းချော်သွားစေဖို့ အသုံးချခံရရင်း
ထောင်ထဲအတူရောက်လာရသူ
ဘာသာခြား"ရှဖီး"က စားစရာသောက်စရာလေးတွေ
လာပေးလို့
သူ့ဆီက မုန့်ဟင်းတွေ
ဘုန်းပေးခဲ့ရကြောင်း
ဦးမဟောသဓ"က
မှတ်မှတ်ရရ မိန့်ပါတယ်။

ကြာတော့ကြာခဲ့ပါပြီလေ။
ဒါပေမယ့်ခုလိုမျိုး
အနှိပ်စက်ခံဦးဇင်းများနဲ့  ပြန်တွေ့ဆုံ
အင်တာဗျူး လုပ်ရတဲ့အခါ
စိတ်ထဲမှာတော်တော်လေးကို
နာကျင်ခံခက် သွေးပွက်ပွက်ဆူလာမိပါတယ်။

သြော်..သြော်...
ဘုရားတည်၊ထီးတင်၊ဗုဒ္ဓသာသနာပြု မင်းကောင်းမင်းမြတ်ကြီးတွေလို့
ကိုယ့်ကိုယ်ကို ထင်နေကြပြီး
လုပ်ဆောင်ချက်နဲ့စိတ်စေတနာ၊
သဘောထားများကျတော့
ယုတ်မာ၊ပက်စက်၊
အောက်တန်းကျချက်ကတော့
အံ့သြကုန်နိုင်ဖွယ်ပါပဲလို့တွေးရင်း
နာကျည်း ကြေကွဲမိရပါတော့တယ်။

၁/ယခုဆောင်းပါးအတွက် တွေဆုံမေးမြန်းခွင့်၊အင်တာဗျူးခွင့်
ပေးခဲ့ တဲ့  ဦးဇင်း(၆)ပါးအား ကျေးဇူးမှတ်တမ်းတင်အပ်ပါကြောင်း
လျှောက်ထားအပ်ပါတယ်ဘုရား

၂/ယခုဆောင်းပါးအား
မည်သူမဆို ကော်ပီယူနိုင်၊မျှဝေနိုင်ပါတယ်(ခရက်ဒစ်တော့
ပေးကြစေလိုပါတယ်)

၃/ပုံနှိပ်မီဒီယာမှာ ဖော်ပြရန်အတွက်ကတော့
အသိပေးဖို့၊ခွင့်ပြုချက်တောင်းခံဖို့၊
လိုပါကြောင်း သိစေအပ်ပါတယ်။

 မောင်နန်းဝေ(ဗန်းမော်)

Blog Archive

Shwe Hmone Yati

Tags

၊ ဇရစ်ချောင်ကျေးရွာ ၊ သထုံမြို့နယ် ၊ အင်းတိုင်စုကျေးရွာ ၀က်လက် ၀တ္တု ၀တ်မှုံရွှေရည် ၀မ်းတွင်း ၀မ့်ဟိုင်း ၀ါးခယ်မ ၀ိုင်းစုခိုင်သိန်း ၀ိုင်းမော် ၀ိုင်းစုခိုင်သိန်း ၅၉(စ) 7 July 8888 88gens AA ABSDF accident ad advice Afghan Africa AI ALD ALP amaze America America's Got Talent Angelina jolie Anonymous ANP arak Arakan Archaelogy Argentina Army art article Astronomy attakyaw Aung San Suu Kyi Australia Austria Bagan Bago Bangladesh Bank BCP beau beauty Belgium BGF Bingali Bobby Soxer (ထက်ထက်) Bogyoke Aung San Bomb book Border Bosnia Botswana Brazil British Brunei buddhi Buddhism Buddhist Burmese Movieclips Trailers Burundi business Butan c Cambodia camera Cameroon Canada car cartoon celebs Chicken Soup Chile Chin China chinese Christian CIA city City Life Buffalo cival war CNF Colombia Congo Cook couple CPB crime Criticism Crony CRPP cssu Cuba Daily Popular Dailymotion dance DASSK Days Denmark dhamma DKBA Donation DPNS DR.Tint Swe Dutch earth Ecuador Education Egypt EindraKyawZin ele Election ElSalvador Embassy Eng England entertainment environment essay Ethiopia Ethnic EU eurpoe Exile Facebook News fashion fashion show fb FDA feature FIFA Fiji for sale Foreign Affairs France Free Burma Rangers(FBR) funny Gambia game GandaWin gay general general knowledge Generation Wave Georgia Germany Ghana ghost story go gossip column Gov greece Guatemala Gwa health herbal Heritage Hindu History HIV Hluttaw Hong Kong Htet Htet Moe Oo htun koko HumanRight Hungary ICC Iceland IMF India Indonesia interview Iran Iraq Ireland Irrawaddy ISIS Islam Israel Italy Ivory Coast Japan Jewellery JMC job Jobs joke Jordan ju justin bieber Kachin KAF Karen Kayah Kazakhstan KBC Keanu Reeves Kenya khaingHninWai KhinLayNwe) KHRG KIA KIO KNDO KNPC KNPP KNSO KNU KPP KSDP Kuwait Labadawn Ladyboy learning english Lebanon LEBT letter Libya Liechtenstein lifestyle link LNDP london lottery love Luxembourg M Seng Lu Ma Millar Hniang mafia magic Magway mal Malaysia Mali mandalay Manny Pacquiao Maths Maungdaw Mauritania MCDF MDCF Me N Ma Girls medel media medicine Memory Mexico MFOCN MH 370 miss Miss People MissAmerica MissButtBrazil MissGrandInternational MissInternational MissInternationalQueen MissSupranational MissTourismInternational MissUniverse MissUniversityMyanmar MissWorld MissWorldMuslimah MisterInternationalMyanmar MMCG MNDAA model Model Contest Mon mone money Monthly Popular Morocco movie MP4YOU TUBE MPC MPT MPU MSF MSM music muslim myanmar Myanmar Idol MyaThanTint myint myat NATO nature NCA NCCT ND-Burma NDF NED Nepal new new year newgens news Newzeland NGO Niagara Falls Nicki Minaj nicky Niger Nigeria NLD NMSP NNER NorthKorea Norway Nothern Novel Number obama OIC Opinion osama binladin pagoda Pakistan Palestine Paraguay Party People Peru Phillipines Philosophy photo phyu phyu kyaw thein PJS PoDarli poem Poland Police Politic Political Prisoner PopularPost pp programmer Project PSLF/TNLA Puerto Rico QandA Qatar Quote R.ဇာနည် rates RCSS/SSA Real Estate RebcaWin Records Refugee Religious report Research Riot RNDP Rohingya Romania RSO Russia Rwanda Rဇာနည် Saffron Satire Saudi Science Science & Tech scotland SEA Game Serbia sexeducation Shakira Shan show Shwe Dagon Siberia Sierra Leone Singapore singer SNDP SNLD Soe soldier Somalia song sound SouthAfrica SouthKorea Spain Speech sport Sri Lanka SSA SSPP stock Store story Sudan suu foundation Sweden Switzerland Syria Taipei Taiwan Tanzania tatto tech terrorist Thailand ThaZin ThinGyan ThinZarWintKyaw Tibet Tips TNLA tourism Trailer Travel Traverse America true story Tunisia Turkey Turkmenistan U Ko Ni U Thant UAE UEC Uganda Ukrain UN UNA Unesco UNFC UNHCR UNICEF UNODC UPWC Uruguay USAID USDP UWSA UWSP Venezuela vi video vietnam vn War way weather Wedding WFP WHO wonder worker world accident World Bank world celebs world crime World Heritage world history world singer worldn WorldNews yangon YCDC Yemen YHT YIT yoon yoon YunMiOo Zimbabwe က၀ ကချင် ကချင်ပြည်နယ် ကနီ ကန့် ဘလူ ကန်ပိုက်တီး ကန်ကြီးထောင့် ကံမ ကမန် ကမာရွတ် ကယန်း ကယား ကယားပြည်နယ် ကရင် ကရင်နီ ကရင်ပြည်နယ် ကရင်ပြည်သူ့ ပါတီ ကွတ်ခိုင် ကွတ်ခိုင်မြို့နယ် ကွမ်းခြံကုန်း ကွမ်းလုံ ကျွန်းစု ကျွန်းလှ ကျွဲပွဲ ကလလတ ကသာ ကာမိုင်း ကာရံချို ကားမောင်းသူတွေအတွက် ကိုးကန့်  ကိုကိုးကျွန်း ကိုထက် ကိုမြအေး ကိုအံ့ကြီး ကိုဝေလု ကိုးကန့်  ကူမဲ ကလေး ကလေးဝ ကလော ကျန်းမာရေး ကျိုက်ထို ကျိုက်ထီးရိုး ကျိုက်မရော ကျိုက်လတ် ကျိုင်းတုံ ကျုံထော် ကျုံပျော် ကျုံဒိုး ခင်ညွန့်  ခင်ဘုဏ်း ခင်ဝင့်ဝါ ခင်သဇင် ခင်ဦး ခန့် စည်သူ ခရစ်ဆီ ၀ဏ္ဏ ခရမ်း ခိုင်သင်းကြည် ခိုင်သဇင်ငုဝါ ခိုလမ် ခူမီး ခမောက်ကြီး ချင်း ချင်းတွင်းမြစ် ချင်းပြည်နယ် ချင်းရွှေဟော် ချစ်စနိုးဦး ချစ်သုဝေ ချစ်ဦးညို ချစ်ဗေဒင် ချမ်းချမ်း ချမ်းမြသာစည် ချမ်းမြသာစည်မြို့နယ် ချမ်းအေးသာစံ ချီဗွေ ခန္တီး ဂန့် ဂေါ ဂမ္ဘီရ ဂုတ်ထိပ် ဂျင်မီ ဂျီလတ် ဂျူး ငပုတော ငဖဲ ငါန်းဇွန် ငါးသိုင်းချောင်း ငါ့သရောက် စကု စက်စဲ စင်္ကာပူ စစ်ကိုင်း စစ်ကိုင်းတိုင်း စစ်တွေ စတီဗင်ဦး စနဲမြို့  စမ်းချောင်း စမ်းချောင်း စံရတီမိုးမြင့် စွမ်းအားရှင် စလင်း စဥ့်ကိုင် စဥ့်ကူး စာပေဟောပြောပွဲ စိုက်ပျိုးရေး စိုင်းစိုင်းခမ်းလှိုင် စိုးစန္ဒာထွန်း စိုးပြည့်သဇင် စိုးမြတ်နန္ဒာ စိုးမြတ်သူဇာ စိုးသူ စီးပွားရေး စုစုနွေး စလေ စန္ဒီမြင့်လွင် ဆင်ဘို ဆင်ပေါင်ဝဲ ဆွမ်ပရာဘွမ် ဆွာမြို့ ဆားလင်းကြီး ဆိပ်ဖြူ ဆိုတေး ဆီဆိုင် ဆီရာလီယွန်း ဆုပန်ထွာ ဇင်ဝိုင်း ဇန်နူး ဇဗ္ဗူသီိရိ ဇမ္ဗူသီရိ ဇွန်သင်ဇာ ဇွန်သံစဉ် ဇလွန် ဇာဂနာ ဇာနည်ထူးထူး ဇိုမီး တကသ တင်ဇာမော် တင့်တင့်ထွန်း တင်းတိတ် တစည တံတားဦး တနင်္သာရီ တနင်္သာရီတိုင်း တန့် ဆည် တန့် ယန်း တပ်ကုန်း တမူး တရား တွန်းဇံ တွံတေး တလုပ် တအာင်း(ပလောင်) တာချီလိတ် တာမွေ တာလေ တိုက်ကြီး တီကျစ် တီးတိန် တိုက်ကြီး တူနီးရှား တနိုင်း တနိုင်း ထက်ထက်ဝင့် ထက်ထက်မိုးဦး ထန်းကုန်း ထန်းတပင် ထန်းပင်ကုန်း ထွန်းထွန်း ထွန်းအိန္ဒြာဗို ထားထက်ထက် ထားဝယ် ထီးချိုင့် ထီးလင်း ထုံးတပိုကျေးရွာ ထူးဆန်းထွေလာ ထူးကြီး ဒက္ခိဏသီရိ ဒဂုံ ဒဂုံဆိပ်ကမ်း ဒဂုံမြို့ သစ် ဒလ ဒလိုင်းလားမား ဒါးက ဒါရိုက်တာဝိုင်း ဒါရိုက်တာမိုက်တီး ဒိုက်ဦး ဒီပဲယင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒီမောဆို ဓနုဖြူ နတ္တလင်း နတ်တလင်း နတ်မောက် နန်းခင်ဇေယျာ နန်ဆန့်  နန်းဆုရတီစိုး နမ္မတီး နမ္မတူ နမ့်ခမ်း နမ့်စမ် နမ့်ဆမ် နမ့်လန် နယ်သာလန် နာဂ နားဟိုင်းလုံ နာရေး နာရေးကူညီမှုအသင်း နီနီခင်ဇော် နန္ဒာလှိုင် ပက်ထရစ်ရှာ ပခုက္ကူ ပင်းတယ ပင်လည်ဘူး ပင်လုံ ပင်လောင်း ပန်ဝါ ပန်ဆိုင်း ပန်းတနော် ပန်းဘဲတန်း ပန်းတောင်း ပွင့်နဒီမောင် ပွင့်ဖြူ ပလက်ဝ ပလိပ် ပိုင်ကျုံ ပိုလန် ပီကင်း ပုဂံ ပုဇွန်တောင် ပုဏ္ဏားကျွန်း ပုပ္ပါး ပုံပါကျင် ပုဗ္ဗသီရိ ပုလဲ ပုသိမ် ပုသိမ်ခရိုင် ပုသိမ်ကြီး ပုလောမြို့  ပူတာအို ပလောင် ပဲခူး ပဲခူးတိုင်း ပျဉ်းမနား ဖယ်ခုံ ဖရူဆို ဖွာထောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖလမ်း ဖားကန့်  ဖာပွန် ဖားဆောင်း ဖုန်ကြားရှင်း ဖျာပုံ ကြက်ယက် ကျေးရွာ ကြံခင်း ကြည်ဖြူ သျှင် ကြည့်မြင်တိုင် ကြည့်မြင်တိုင် ကြာအင်းဆိပ်ကြီး ကြို့ ပင်ကောက် ကြူကုတ် ဗကပ ဗကသ ဗန်းမောက် ဗန်းမော် ဗဟန်း ဗိုလ်ချုပ် ဂွမ်မော် ဗိုလ်ချုပ်ဟောင်းထွန်းကြည် ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်တထောင် ဗိုလ်ကြင်မောင် ဗိုလ်မှူးကြီးစောဆန်းအောင် ဗိဿ နိုး ဗီယက်နမ် မြိုင်မြို့ မြိုင်ကြီးငူဆရာတော် ဘင်္ဂါလီ ဘယ်လ်ဂျီယံ ဘားအံ ဘားအံမြို့နယ် ဘိုကလေး ဘီးလင်း ဘုတလင် ဘုတ်ပြင်း ဘုရားကြီး ဘုရားသုံးဆူ ဘိုကလေး ဘူးသီးတောင် မက္ကဆီကို မကွေးတိုင်း မချမ်းဘော့ မင်္ဂလာဒုံ မင်္ဂလာပွဲ မင်္ဂလာတောင်ညွန့်  မင်းကင်း မင်းကွန်း မင်းကိုနိုင် မင်းတပ် မင်းတုန်း မင်းဘူး မင်းပြား မင်းလှ မင်းအုပ်စိုး မင်းမော်ကွန်း မင်းသွေးသစ် မင်းအောင်လှိုင် မင်းအောင်လှိုင် မတၱရာ မတူပီ မထက္ မန္စီ မန္တလေးတိုင်း မန်းဂျော်နီ မဘသ မဘိမ်း မယ်စဲ့ မယ်လ မယ်လိုဒီ မရမ်းကုန်း မွန် မွန်ပြည်နယ် မွန်ပြည်သစ် မွန်အမျိုးသားပါတီ မွန်းအောင် မလှိုင် မလွှကုန်း မွန်ပြည်နယ် မွဲ ့ မဟာအောင်မြေ မအီ မအူပင် မာန်အောင် မာယာလူမျိုး အကြောင်း မာရီနာ မာရီလင်မွန်ရိုး မိစန္ဒီ မိတ္ထီလာ မိတီ်္ထလာ မိတ္ထီလာ မိတ်ကပ် မိန့် ခွန်း မိုးကုတ် မိုင်းကိုင် မိုင်းခတ်မြို့နယ် မိုင်းခုတ် မိုင်းဆတ် မိုင်းတုံ မိုင်းထား မိုင်းပန် မိုင်းပွန် မိုင်းယန်း မိုင်းပြင်း မိုင်းဖြတ် မိုင်းရှူး မိုင်းလား မိုင်းနောင် မိုင်းယောင်း မိုးညှင်း မိုးညို မိုးနဲ မိုးမိတ် မိုးယုစံ မိုးဗြဲ မိုးသီးဇွန် မိုးကောင်း မိုးဇေညိမ်း မိုးမောက် မိုးဟေကို မိုးအောင်ရင် မုံးကိုး မုဏ်း မုဒုံ မုန်းဝန်း မုန်းကို မုံရွာ မုံရွာမြို့ မိုင်းခတ်မြို့နယ် မိုးညှင်းမြို့နယ် မူဆယ် မကွေး မကွေးတိုင်း မလေးရှား မျိုးစောင့်ဥပဒေ မန္တလေး မန္တလေးတိုင်း ယင်းမာပင် ယန်ဟီးလီ ယမုံမိုး ယွန်းယွန်း ယီမင် ယုသန္တာတင် ယူကရိန်း ပြင်သစ် ပြင်ဦးလွင် ပြဇာတ် ပြည် ပြည်ခိုင်ဖြိုး ပြည်ကြီးတံခွန် ပြည်ကြီးတံခွန် ပြည်သူ့ ဂုဏ်ရည် ပြွန်တန်ဆာ ဖြိုးကြီး ဖြိုးဖြိုးအောင် ဖြိုးငွေစိုး ဖြူး ဖြူဖြူကျော်သိန်း မြ၀တီ မြင်းမူ မြင်းခြံ မြင့်မြတ် မြစ်ကျိုး မြစ်ဆုံ မြစ်ကြီးနား မြစ်သား မြတ်ကေသီအောင် မြန်မာမလေးများ မြန်မာမလေးများvideo မြန်မာ့ရိုးးရာ ပန်းးပုပညာ မြန်အောင် မြဝတီ မြသန်းစံ မြိတ်ထားဝယ် မြို့ သစ် မြိုင် မြိုင်ကြီးငူ ရခိုင်ပြည်နယ် ရခိုင်အမျိုးသားပါတီ ရခိုင်အမျိုးသားပါတီ ရတနာမိုင် ရတာနာ ရန်ကင်း ရန်ကုန် ရန်ကုန်စက်မှုတက္ကသိုလ် ရန်ကုန်တိုင်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက် ရန်ကုန်တိုင်း ရပ်စောက် ရမည်းသင်း ရမ်းဗြဲ ရွာငံ ရှင်ဆန္ဒာဓိက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ရှမ်းနီ ရှမ်းပြည်နယ် ရှားတော ရှီဘုယဇာနည ရုရှား ရသေ့တောင် ရဲတိုက် ရဲထွဋ် ရဲလေး လက်ပံတန်း လက်ပံတောင်း လက်ဝှေ့  လင်းခေး လပွတ္တာ လမ်းမတော် လယ်သမား လယ်သိမ်းမြေသိမ်း လယ်ဝေး လွယ်လင် လွိုင်လင် လွိုင်ကော် လှည်းကူး လှည်းတန်း လွှတ်တော် လှာကာကျေးရွာ လှိုင်သာယာ လသာ လဟယ် လားရှိုး လာအို လွိုင်လင် လွိုင်ကော် လှိုင် လှိုင်းဘွဲ လှိုင်သာယာ လိုင်ဇာ လှိုင်းဘွဲ့မြို့နယ် လီဆူ လုံးခင်း လုလုအောင် လူမင်း လူပျောက်ကြော်ငြာ လဲချား လွှတ်တော် ဝတ်မှုန်ရွှေရည် ဝိုင်းစုခိုင်သိန်း ဝိုင်းမော် ဝိုင်းလေး ဝီရသူ ကြည့်မြင်တိုင် သက္ကလ သက်မွန်မြင့် သခင်တင်မြ သံဃာ သင်္ဃန်းကျွန်း သင်ဇာဝင့်ကျော် သင်ဇာနွယ်ဝင်း သဇင် သံတွဲ သတိပေးချက် သထုံ သထုံ သနပ်ပင် သန်လျင် သန်းရွှေ သပိတ်ကျင်း သံဖြူဇရပ် သင်္ကြန် သံဖြူဇရပ် သရက် သံလျင် သဉ္ဖာနွယ်ဝင်း သာစည် သားညီ သာယာဝတီ သာကေတ သာပေါငး သာပေါင်းမြို့ နယ် သိန်းစိန် သိန်းနီ သိန္နီ သီတဂူဆရာတော် သီဟ၀င်းတင် သီပေါ သုဝဏ္ဏ သုဝဏ္ဏ၀တီ သုံးခွ သုံးဆယ် သူရဦးတင်ဦး သူရဦးရွှေမန်း သူရဦးအောင်ကို သူရရွှေမန်း သူရဲကောင်း သံတောင်ကြီးမြို့  သရော်စာ သဲကုန်း သဉ္ဇာနွယ်ဝင်း ဟန်ဝင်းအောင် ဟန်ထူးလွင် ဟန်သီ ဟင်္သာတ ဟားခါး ဟာသ ဟိုင်းကြီးကျွန်း ဟိုပုံး ဟိုယာဒေသ ဟုမ္မလင်း ဟိုပန် ဟဲဟိုး အကယ်ဒမီ အကယ်ဒမီ၂၀၁၂ အင်္ဂပူ အင်ဂျလီနာ ဂျိုလီ အင်းစိန် အင်းတကော် အင်လုံရွာ အင်းတော် အင်းတော်ကြီး အင်းလေး အစ္စရေး အဆိုအမိန့်  အမရပူရ အမ်း အမျိုးသမီးပါတီ အမျိုးသားကွန်ဂရက်ပါတီ အမျိုးသားဒီမိုကရေစီပါတီသစ် အမျိုးသားပါတီ အမြန်လမ်း အရာတော် အရိုင်း အလှပြင်မယ် အလုံ အသုတ် အာဆီယံ အာဇာနည်နေ့  အိမ်မဲ အိချောပို အိန္ဒိယ အီရန် အီသီယိုးပီးယား အုတ်တွင်း အကောက်တောင် အဖျောက် အမေရိကန် အခြေခံဥပဒေ အလောင်းတော်ကဿ ပ ဥတ္တရသီရိ ဦးဝင်းတင် ဦးဝီရသူ ဦးဂမ္ဘီရ ဦးထင်လင်းဦး ဦးထင်ကျော် ဦးထင်ကျော် ဦးနု ဦးပိုင် ဦးဖိုးကျား ဦးမြင့်ဆွေ ဦးဝင်းချို ဦးဝင်းတင် ဦးဝင်းထိန် ဦးသန့်  ဦးတေဇ ဦးနေ၀င်း ဧရာဝတီ ဧရာဝတီတိုင်း ဧရာဝတီ ဧဝရတ်တောင် ဝေဠုကျော် ဝေါ ကေတုမတီ ကေအိုင်အို ကော့ကရိတ် ကောင်းပြည့် ကော့မှူး ကောလင်း ကော့သောင်း ကော်နီ ကျေးသီးမြို့  ကျောက်ဆည် ကျောက်တံခါး ကျောက်တံတား ကျောက်တန်း ကျောက်ပန်းတောင်း ကျောက်ပန်းတောင်းမြို့နယ် ကျောက်ကြီး ကျောက်မဲ ကျောက်ဖြူ ကျောက်တော် ကျောက်မြောင်း ကျောင်းကုန်း ကျောင်းသားလှုပ်ရှားမှု ကျောင်းသားသပိတ် ကျော်ကိုကို ကျော်သူ ကျော်ဟိန်း ကျော်ကျော်ဗို ချောက် ချောင်းဆုံ ချောင်းသာ ချောင်းဦး ချောရတနာ ဂျေညီညီ ဂျောက်ဂျက် ငွေမှုန်ရတီ ငွေဆောင် စေတုတ္တရာ စောဘွဲ့မှူး ဆော ဆော့လော် ဇေယျဝတီ ဇေယျာသီရိ ဇေရဲထက် ဇော်ဝင်းထွဋ် ဇော်သက်ထွေး ညောင်တုန်း ညောင်ဦး ညောင်ခြေထောက် ညောင်ရွှေ ညောင်လေးပင် တောကျွဲအင်း တောင်ကုတ် တောင်ငူ တောင်တွင်းကြီး တောင်ဒဂုံ တောင်ကြီး တောင်ပြိုလက်ဝဲ တောင်ပြုံး တောင်သမန် တောင်သာ တောင်ဥက္ကလာ ထောက်ကြန့်  ဒေါ်ကြိုင်ကြိုင် ဒေါ်အောင်ဆန်းစုကြည် ဒေးဒရဲ ဒေါက်တာညိုညိုသင်း ဒေါက်တာတင့်ဆွေ ဒေါက်တာထွန်းလွင် ဒေါက်တာမြင့်ထွေး ဒေါက်တာရန်မျိုးသိမ်း ဒေါက်တာလှကျော်ဇော ဒေါက်တာသန်းထွန်း ဒေါပုံ နေတိုး နေမျိုးဇင် နေမျိုးဝေ နေပြည်တော် နောင်ချို နောင်ဒွန်းကျေးရွာ နောင်လုံး အုပ်စု နော်အုန်းလှ ပေးစာ ပေးစာ - ဗိုလ်ချုပ်မြ၀င်း (သို့) ဗိုလ်မြ၀ါး ပေါက် ပေါက်ခေါင်း ပေါက်တော ပေါင် ပေါင်းတည် ပျော်ဘွယ် ဖွေးဖွေး ဖောင်ကြီး ဖောင်းပြင် ကြေးမုံဦးသောင်း ကြော်ငြာ ဗေဒင် ဗေလုဝ ဘောလခဲ မေ မေခလာ မေစံပယ်ညို မှော်ဘီ မေသက်ခိုင် မေသန်းနု မောက်မယ် မောချီး မောင်ဆောင်းခ မောင်တော မောင်မောင်ဝမ်း မော့စ် မော်ချီး မော်လမြိုင် မော်လိုက် မော်လ်ဒိုဗာ ပြေတီဦး မြေပုံ မြောက်ဒဂုံ မြောက်ဥက္ကလာ မြောက်ဦး မြောင် မြောင်းမြ ရေး ရေစကြို ရေစကြိုမြို့နယ် ရေတာရှည် ရေနီ ရေနံချောင်း ရေကြည် ရေဖြူ ရွှေဘိုမြို့  ရွှေမှုန်ရတီ ရွှေပြည်သာ ရေဦး ရွှေဝါရောင် ရွှေကူ ရွှေကျင် ရွှေစက်တော် ရွှေည၀ါဆရာတော် ရွှေတိဂုံ ရွှေဘို ရွှေမှုန်ရတီ ရွှေပြည်သာ ရွှေလီ ရွှေညောင် ရွှေတောင် ရွှေပေါက္ကံ ရွှေသောင်ယံ လေးမျက်နှာ လေးဖြူ လှော်ကား လောက်ကိုင် လောင်းလုံ လောပိတ ဝေါမြို့နယ် အေးချမ်းမြတ်မိုး အေးမြတ်သူ အေသင်ချိုဆွေ အောင်ဆန်းဦး အောင်ပန်း အောင်မင်း အောင်ရဲလင်း အောင်လံ အောင်မြေသာစံ အောင်သောင်း အော်စကာ နွားထိုးကြီး နိုင်ငံရေးအကျဉ်းသား နိုင်မွန်ချမ်း

Labels

Recent Post