Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 6, 2017

H1N1ဖတ်စာ


H1N1ဟာ...........
ရောဂါဟာကူးစက်မြန်သတဲ့
ကူးစက်မြန်ပေမဲ့ အန္တရာယ်သိပ်မများဘူးတဲ့
အန္တရာယ်မများဘူး ဆိုလို့လည်းမသေနိုင်တာမဟုတ်ဘူးတဲ့
မသေနိုင်တာမဟုတ်ဘူး ဆိုပေမဲ့လည်း သေနိုင်ချေနည်းသတဲ့
သေနိုင်ချေနည်းပေမဲ့လည်း သတိထားကြတဲ့
သတိထားကြဆိုပေမဲ့လည်း အရမ်းမကြောက်ကြနဲ့တဲ့
အရမ်းမကြောက်ကြနဲ့ဆိုပေမဲ့လည်း ဂရုစိုက်ကြတဲ့
ဂရုစိုက်ကြဆိုပေမဲ့လည်း အစိုးရိမ်မလွန်နဲ့တဲ့
အစိုးရိမ်မလွန်နဲ့ဆိုပေမဲ့လည်း သတိရှိကြတဲ့
သတိရှိကြဆိုပေမဲ့လည်း သိပ်မလန့်နဲ့တဲ့
သိပ်မလန့်နဲ့ဆိုပေမဲ့လည်း မကာကွယ်ပဲ မနေကြနဲ့တဲ့
သတင်းလေးတွေ နားထောင်ပါတဲ့။

အာ့နဲ့maskတပ်မယ်ပေါ့…
maskနဲ့ပက်သက်ပြီး စုံစမ်းကြည့်တော့ …
Mask မတပ်နဲ့လား ဆိုတော့လဲ တပ်တဲ့ 
Mask က Facemask နဲ့တင်ရပီလားဆိုတော့
မရသေးပြန်ဘူး တဲ့ ..
အဲ့တော့ မတပ်ဘဲ နေရမှာလားဆိုတော့ တပ်တာတော့ တပ်ထားလိုက်တဲ့ .. 
N95  ဝယ်တပ် ရမှာလားဆိုတော့…
အဲ့လောက်လဲ မလိုဘူးတဲ့..
ဟုတ်ပီ ဒါဆို ဘာမှမတပ်တော့ဘူး…
မထူးဘူးလေ ဆိုတော့လဲ
Facemask လေးတော့ တပ်ထားလိုက်ပါတဲ့ 
မတပ်ရင် ကူးပီလားဆိုတော့ ကူးတော့ကူးနိုင်တယ်တဲ့
ဒါဆို တပ်ရင်ရော မကူးတော့ဘူးလားဆိုတော့
ဒါလဲ ကူးနိုင်သေးတယ် တဲ့ ..
ဒါဆို ကူးမယ့်တူတူ မတပ်တော့ဘူးလေဆိုတော့
တပ်ထားလိုက်တာတော့ ပိုကောင်းပါတယ် တဲ့ ...
ကဲ …ဘာတွေလားးးးး 😅😅😅
ဒိုးခတွေပါဘဲကွာ........ 😂😂😂😉

Credits to Ko Aung Kyaw Myint

No comments:

Post a Comment