Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 5, 2017

မင်းတို့ နေရာတကာ ကျယ်ကျယ်ကျယ်ကျယ် မလုပ်နဲ့၊


"မင်းတို့ နေရာတကာ ကျယ်ကျယ်ကျယ်ကျယ် မလုပ်နဲ့၊ သင်္ကန်းပါတယ်ဆိုပြီး ဘာမှ အထက်စီးက ဆက်ဆံစရာ မလိုဘူး၊ ကိုယ်နဲ့ မပတ်သက်တဲ့ နေရာ ကိုယ်ဟာ ဘာမှ အရေးမပါဘူး၊ တဦးချင်းပဲ ဖြစ်ဖြစ် အဖွဲ့လိုက် အုပ်စုပဲဖြစ်ဖြစ် ဘာမှ သွားကျယ်စရာ သွားရှုပ်စရာ မလိုဘူး၊ သူတို့ ကိစ္စနဲ့ သူတို့ ရှင်းသွားလိမ့်မယ်၊

မင်းတို့ လုပ်ရမှာက စာပေပရိယတ်၊ အဲဒီအထဲက ပေးတဲ့ အသိပညာနဲ့ မသိသူ သိအောင် လမ်းပြပေးရမှာ၊ ဒါ မင်းတို့ရဲ့ တာဝန်။

ကိုယ့်ကိုယ်ကို လူစွမ်းကောင်းလုပ်ပြီး ဖင်ခေါင်းတော့ မကျယ်နဲ့၊ မင်းတို့ဟာက ဘာမှ မဟုတ်ဘူး၊
တချို့ လမ်းသွားတာကစ ကားလာရင် ဖယ်မပေးချင်ကြဘူး၊ မတော်လို့ တိုက်သွားရင် ကိုယ်အရင် ခံရမှာ၊ နောက် သူရောကိုယ်ပါ မဖြစ်သင့်တဲ့ ပြဿနာ ဖြစ်မယ်၊ ဘာမှ ကောင်းကျိုးထွက်မလာဘူး”။

အေး မင်းတို့ မှတ်ထား၊

"ကျယ်ရမှာက မျက်စိ၊ ကျဉ်းရမှာက ဖင်ခေါင်းကွ၊ ခုတော့ မင်းတို့က ကျယ်ရမယ့် မျက်စိက ကျဉ်းပြီး ကျဉ်းရမယ့် ဖင်ခေါင်းက ကျယ်နေကြတယ် " ။
နောက် ခဏခဏ မကြားရစေနဲ့ ။ ။

ကျေးဇူးတော်ရှင်၊ မစိုးရိမ်တိုက်သစ်ကြီးများ၏
အဓိပတိမဟာနာယကချုပ်ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသမဟာထေရ်မြတ်

No comments:

Post a Comment