Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 15, 2017

လူမှုကွန်ယက် ပေါ်မှာရန်ကုန်မြို့တော်ဝန် ရေးလိုက်တဲ့စာ


လူမှုကွန်ယက် FBပေါ်မှာရန်ကုန်မြို့တော်ဝန် ရေးလိုက်တဲ့ပို့စ်ပါ
=======================================
ဒီနေ့အချိန်လေးရတုန်း မြို့ထဲလမ်းလျှောက်ရင်း အရင်ကလို
လွတ်လွတ်လပ်လပ်လေး။
ရှပ်အင်္ကျီ လက်တိုနဲ့ လျှောက်သွား၊ လျှောက်စားပေါ့။
PSO ကတော့ မနီးမနားကတော့ လိုက်လာပါတယ်။ဆိုင်တစ်ဆိုင်မှာ ကြိုက်တာလည်းဝယ်။
ချက်ခြင်းလည်းမရနိုင်တဲ့ အမဲအူသုပ်တို့၊ ဘာတို့ဝယ်ရင်း၊
ဆိုင်ရှင်နဲ့စကား စမြီပြောတယ်။ လိုချင်တဲ့ အင်ဖေါ်မေးရှင်းလေးတွေပေါ့။

ဒီလမ်းဘေးဆိုင်ထွက်တာ ပိုက်ဆံမပေးရဘူးလားဆိုတော့
ဘာမှမပေးရဘူးတဲ့၊ ဒါပေမဲ့ ဆိုင်ရှင်ကိုတော့ တစ်လတစ်ခါ တစ်သိန်းပေးရတယ်တဲ့
ဆိုင်ရှင်ဆိုတာ ဘယ်သူလည်းဆိုတော့ သူတို့လည်းမသိဘူးတဲ့ လူတစ်ယောက်တဲ့
သူ့ဆီက ဆိုင်ခမ်းငှါးဖွင့်တာတဲ့
နှစ်ဆိုင်၊ သုံးဆိုင်လောက်မေးတယ်။ ဒီအတိုင်းပဲ၊
ဒီလို လမ်းဘေးမှ နေရာအရင်ဦးပြီး လမ်းဘေးမြေနေရာကို လက်ညိုးထိုးရောင်းတဲ့ ပုဂ္ဂိုလ်ဖူးချင်
စမ်းပါဘိ၊ ဒူးရင်းသီးဆိုင်ဆိုရင် ပိုဆိုးသေး၊
လမ်းဆုံမှာ ဟိုဘက်ရော၊ ဒီဘက်ရော လမ်းထောင့်မှာ ကျူးထားတာ ခပ်တည်တည်ပဲ၊
သူတို့လည်း ခပ်တည်တည်နေမှာပေါ့၊ ပိုက်ဆံပေးထားမှန်းသိပ်သိသာတယ်။
ဆိုင်ကြီးက နေ့တွက်ဆိုရင် သုံးထောင်ဆိုတာ သိပေမဲ့
ဆိုင်သေးကတော့ တစ်ထောင်လောက်ရှိမယ်တဲ့
ဒါတွေဟာ ပြည်သူ့ဘဏ္ဍာ၊ စည်ပင် ဘဏ္ဍာကို ၀င်တဲ့ ငွေမဟုတ်ဘူး၊

ပြီးတော့ ---- ဒီမြို့နယ်မှာရှိတဲ့ စည်ပင် အီးအိုရုံးကိုမောင်းခိုင်းတယ်။
အီးအိုမရှိဘူး၊ တနင်္ဂနွေနေ့ဆိုတော့ ဒါလည်း အပြစ်ပြောလို့မရပါဘူး၊
တာဝန်ကျတဲ့ လူကတော့ အေအီးအိုစစ်တပ်စကားနဲ့ ပြောရင် တန်းစီတဲ့လူ ပါးရိုက်ခံရသလိုပေါ့၊
မတတ်နိုင်ဘူး၊
ဒီ --အေအီးအိုကို သေခြာမေးတော့ သူငွေ မကောက်တာတော့ အမှန်ပါပဲတဲ့
ဒါဆိုခင်ဗျား ဒီရောက်လာတာ ဘယ်လောက်လဲဆိုတော့
သိပ်မကြာသေးဘူး - ရက်ပိုင်းပဲရှိသေးတယ်ဆိုတော့ -
စိတ်ကတင်းနေတာ နည်းနည်းလျော့ပြီး၊
ခင်ဗျား - ဒါတွေသိလားဆိုပြီး၊ မှန်တာဖြေမှကြိုက်တယ်ဆိုပြီး မေးတော့
သိပါတယ်တဲ့၊
လမ်းဘေး ပြည်သူလမ်းဘေးမှာ ဘယ်က ဆိုင်ရှင်ကပေါ်လာရတာလဲ၊
ဆိုင်ရှင်ဆိုတာ ခင်ဗျားတို့ပဲလားဆိုတော့ မဟုတ်ပါဘူးတဲ့
ဒါဆိုရင် ဘယ်သူလဲဆိုတော့ ဆိုင်ရှင်တွေရှိပါတယ်တဲ့
သူတို့ဆိုချင်ကတာ -- လက်ဦးမှုယူထားပြီး၊ တစ်ဆင့်မြေနေရာပြန်ေ၇ာင်းတဲ့သူတွေပေါ့ဗျာ
အရင်းလည်း မစိုက်ဘဲ၊ နေရာ လက်ဦးမှုယူပြီး ပြန်ရောင်းစားတဲ့ လူလည်းဖြစ်နိုင်တယ်။
စည်ပင်ရဲ့ ကြားခံလူ ပွဲစားလို လူမျိုးလည်းဖြစ်နိုင်တယ်။
ဒါတွေသိလားဆိုတော့ - သိပါတယ်ဆိုတာ ၀န်ခံလာတယ်။
လမ်းမကြီးတစ်ဝက်ကျော်လောက်ထိ -- မိုက်မိုက်ရိုင်းရိုင်း တင်ရောင်းနိုင်တာကိုက
လူတင်ပါလို့ နွားကျားကိုက်တဲ့ ကိစ္စသာဖြစ်တော့သည်။
ဒီလို ကျူးကျော်မျိုးဟာ မရှိလို့ကျူးတာမဟုတ်ဘူး၊
စော်ကားပြီး ကျူးနေတာ၊ ပိုက်ဆံရှိလို့ စည်ပင်ကို ငွေနဲ့ပေါက်ပြီး ကျူးနေတာ၊

တစ်ခုပဲ မေတ္တာရပ်ခံပါရစေ၊
ဒီလိုသိထားလို့ တိတိကျကျ လုပ်ရင် လမ်းဘေးဈေးသည်တွေရဲ့ ဘ၀ပျက်ပါပြီလို့
လေသံမပစ်ဖို့ -- တောင်းပန်ထားပါတယ်။
ခင်ဗျားတို့ ပြောချင်တဲ့ လူတွေရဲ့ ဘ၀ကို ကျနော်သိပါတယ်။
ဒီလူတွေရဲ့ ဘ၀ကို ကျနော် စာနာတယ်။
တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဒီလူတွေဘ၀ကို နားလည်တယ်။
ကျနော့် စီမံချက်ထဲမှာ သူတို့မပါတဲ့အပြင်၊ သူတို့အတွက်စိတ်ချလက်ချရောင်းနိုင်အောင်၊
ပြီးတော့ လူတွေလည်း ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်အောင် စီမံရပါဦးမည်။

အခုဟာက အကျင့်ပျက် စည်ပင်ဝန်ထမ်း (စည်ပင် ၀န်ထမ်းအားလုံးတော့ မဖြစ်နိုင်) နဲ့၊ အခွင့်ကောင်းယူပြီးပိုက်ဆံပေးရင်၊ လူကြီးနားရွက်ကို တံတွေးဆွတ်နိုင်တဲ့ ဆိုတဲ့ ကျုးကျော်ဆိုင်တွေကို ဒီနေ့
ကစပြီး သတိပေးထားပါသည်။

သတိ နှင့်အတူ လုပ်ဆောင်ချက်ပါ ပူးတွဲပါလာမည်ဖြစ်ပါတယ်။
လက်သန်းပြည်သူများ နားလည်ပေးစေချင်ပါတယ်။
ဆန္ဒစောပြီး၊ ဒီဈေးသည်တွေ ဘာလုပ်စားရမှာလည်းဆိုတဲ့
စကားကို ကြိုကာထားခြင်း ဖြစ်ပါတယ်။
-------------------------
New Credit >> Maung Maung Soe

No comments:

Post a Comment