Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 13, 2017

မျက်နှာချင်းဆိုင် လူကြီးလူကောင်းပီသစွာ တော်လှန်ရေးသမားပီသစွာ ဆုံတွေ့ဖြေရှင်းကြရင်မကောင်းဘူးလား


စစခြင်း မောင်နေမင်း ရဲ့စကားကို ဒေါသထွက်မိတယ်။အားလုံးကို စော်ကားလိုက်တာကိုး ။ နောက်တော့ သူဟာ အရင်နိုင်ငံရေး တော်လှန်ရေးနဲ့ တအားဝေးကွာပြီး ဘာမှမသိသူတစ်ဦးဆိုတာနားလည်မိတယ်။

နောက်တော့စကားတချက်မှားလို့ အဆဲခံလိုက်ရသူအတွက် ကျမစိတ်မကောင်းတကယ်ဖြစ်မိတယ်။ ဒါဟာ စကားမှားတာကို နားလည်မှု့တခုပေးလိုက်နိုင်လို့ ဖြစ်မယ်။

ကျမတို့က ဒီ့ထက်မကတဲ့ စွပ်စွဲပြောဆို နှိပ်စက် သတ်ဖြတ် သမိုင်းအဖျက်ခံခဲ့ရတာတွေကို ကြုံတွေ့ဖြတ်သန်းခဲ့ရတယ်လေ ။ခံစားနေကြရစဲ .... ။

ကျမတို့ကို သတ်ဖြတ်မှု့တွေမှာဗဟိုကော်မတီဝင်အနေနဲ့ ပါဝင်နေတဲ့ သူတွေထဲက ကိုစိန်အေးနဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီ လမှာ အေးအေးဆေးဆေး တွေ့ဆုံခဲ့ကြဖူးပါတယ်။
ဆဲတာပြုတာတခွန်းမရှိ စကားနာထိုးတာ ခွန်းကြီးခွန်းငယ်စကားများတာ တခုမရှိခဲ့ဘဲ
ဆုံတွေ့ခဲ့ကြဖူးပါတယ်။အဲ့ဒီတုန်းက ကိုစိန်အေးနဲ့ဆုံတွေ့ခဲ့တာ ကျမတို့ဘယ်သူ့ကိုမှမပြောခဲ့တာ သူ့အတွက်ပါ ။

ဒါပေမဲ့ အခုထုတ်ပြောရတာ ကျမတို့နဲ့ တွေ့ဖို့ ဘာမှ ပူပန်နေစရာမလိုတာသိစေခြင်လို့ပါ။

ဖေ့ဘွတ်ပေါ်ကနေ လျှောက်ဆဲနေမဲ့အစား
အငြင်းပွားနေမဲ့အစား လက်တွေ့ မျက်နှာချင်းဆိုင် လူကြီးလူကောင်းပီသစွာ တော်လှန်ရေးသမားပီသစွာ ဆုံတွေ့ဖြေရှင်းကြရင်မကောင်းဘူးလား။

(( ABSDF မှ ဆောင်ရွက်ပေးစေခြင်ပါတယ်။))
နန်းအောင်ထွေးကြည်

...................................
နေမင်းကစကားမှားတာ
မျိုးဝင်းနဲ့ရော်နယ်လ်အောင်နိုင်က
လုပ်ရပ်မှားတာ၊
ဘာဖြစ်လို့လုမသိဘမသိ
စကားမှားသူတစ်ယောက်ကို
အသားကုန်ဆဲဆိုပြီး
လူသတ်ကောင်တွေကို
ငါတို့ကျောင်းသားတပ်မတော်ကို
လူသတ်ပြီးသိက္ခာကျအောင်လုပ်တဲ့ရိုးမသား
ကြတော့ဆဲဖို့မေ့နေကြသူတွေသတိပေးချင်လို့၊
နေမင်းနဲ့မေသင်္ကြန်ဟိန်းကိုအားရပါးရ
ဆဲပြီးရင် ရော်နယ်လ်အောင်နိုင်တစ်ယောက်
ကျမ်းမာပါစေချမ်းသာပါစေလို့
ဆုတောင်းပေးလိုက်ကြပါဦးဗျ၊

ခရက်ဒစ် ကိုကိုဦး

No comments:

Post a Comment