Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, August 13, 2017

ကေနာင္မင္းသားႀကီးရဲ႕ ရွားရွားပါးပါး အင္တာဗ်ဴး


ကေနာင္မင္းသားႀကီးရဲ႕ ရွားရွားပါးပါး အင္တာဗ်ဴး

သမုိင္းထဲက လူေသသြားေပမယ့္ နာမည္က်န္ေနရစ္ခဲ့တဲ့ သူရဲေကာင္းေတြထဲမွာ ကေနာင္မင္းသားႀကီးလည္း တစ္ေယာက္အပါအ၀င္ပါ။ တုိင္းျပည္တုိးတက္ေစဖုိ႔ အစြမ္းကုန္ႀကဳိးစားခဲ့ေပမယ့္ သက္စုိးမရွည္ရွာပဲ ငယ္ငယ္ရြယ္ရြယ္နဲ႔ တူေတာ္ေတြရဲ႕ လုပ္ႀကံျခင္းကုိ ခံခဲ့ရပါတယ္။ ကေနာင္ကုိယ္ေတာ္ႀကီးဟာ ဥာဏ္ပညာအလြန္ႀကီးမားတဲ့ ပုဂၢဳိလ္ႀကီးျဖစ္ပါတယ္။ ႏုိင္ငံကုိ စက္မႈႏိုင္ငံျဖစ္ေစဖုိ႔ သူႀကိဳးစားခဲ့တဲ့ ပညာေတာ္သင္ အစီအစဥ္ေတြ ၊ တီထြင္မႈေတြ နဲ႔ တည္ေဆာက္ခဲ့တဲ့ စက္ရုံေတြကုိႀကည့္တာနဲ႔ ဘယ္ေလာက္ေတာ္ခဲ့ေၾကာင္း သိႏုိင္ပါတယ္။ တုိင္းျပည္ကုိ တုိးတက္ေစခ်င္တဲ့ ကေနာင္ကုိယ္ေတာ္ႀကီးဟာ အခ်ိန္ရွိသ၍ နည္းလမ္းေတြကုိ စဥ္းစားေနတတ္သလုိ ဗဟုသုတေတြကုိ အၿမဲရွာမွီးေနသူပါ။

အခု အေမးအေျဖကေတာ့ ကေနာင္မင္းသားႀကီးက သူသိလုိသမွ်ေတြကုိ အဂၤလိပ္သံအမတ္ အာသာဖယ္ရာကုိ ေမးျမန္းခဲ့တာပဲျဖစ္ပါတယ္။ မသိေသးတဲ့သူေတြအတြက္ ဗဟုသုတအျဖစ္ ေဖာ္ျပလုိက္ပါတယ္။

ဖယ္ရာေခါင္းေဆာင္တဲ့ ခ်စ္ၾကည္ေရး သံအဖြဲ႔ဟာ ၁၈၅၅ခုႏွစ္ ေအာက္တုိဘာ ၁၉ရက္ေန႔မွာ ကေနာင္မင္းသားႀကီးနဲ႔ ေတြ႔ၾကပါတယ္။ လႊတ္ေတာ္နားက သီးသန္႔ကြန္းေထာက္ေဆာင္ရဲ႕ ၀ါးၾကမ္းခင္းေပၚမွာ ေကာ္ေဇာခင္းထားပါတယ္။ သလြန္ေပၚမွာ အဂၤလိပ္ေတြထုိင္သလုိ ေျခႏွစ္ဖက္ခ်ထုိင္ထားတဲ့ ကေနာင္မင္းသားႀကီးဟာ ရယ္ရယ္ေမာေမာ ရင္းရင္းႏွီးႏွီးနဲ႔ ဖယ္ရာကုိ သူသိခ်င္တာေတြ တစ္ဆက္တည္း ေမးပါေတာ့တယ္။

ကေနာင္ – ေသနတ္က်ည္ဆန္မွာ သုံးတဲ့ယမ္းကုိ ဘယ္ႏုိင္ငံက စတင္တီထြင္ခဲ့ပါသလဲ။
ဖယ္ရာ – အဂၤလန္ (သုိ႔) ဂ်ာမဏီႏုိင္ငံက စတင္တီထြင္ခဲ့တယ္ ဆုိတာ ကြ်န္ေတ္ာမသိပါဘူး ။ ကြ်န္ေတာ္တုိ႔ရဲ႕ စာအုပ္စာတမ္းေတြအရေတာ့ တရုတ္
ျပည္မွာ ေရွးေခတ္ကတည္းက ရွိတယ္လုိ႔ သိရပါတယ္။

အင္တာဗ်ဴးစကား၀ုိင္းထဲက အနီးမွားထုိင္ေနတဲ့ ၀န္ေထာက္က ၀င္ေျပာပါတယ္။
၀န္ေထာက္ – သံအမတ္ႀကီးက ဘယ္ႏုိင္ငံက ေသနတ္ခဲယမ္းကုိ စလုပ္တာ မသိဘူးဆုိတာ အဂၤလန္ႏုိင္ငံကပဲ စတင္တီထြင္ခဲ့သေယာင္ ယူဆေစခ်င္လုိ႔ မဟုတ္လား။
ဖယ္ရာ- ဒီလုိမဟုတ္ရပါ။ ေသနတ္ခဲယမ္းေတြကို စတင္ေပၚေပါက္ခဲ့တာနဲ႔ သံသယျဖစ္စရာရွိလုိ႔ အတိအက်မေျပာတာပါ

၀န္ေထာက္ – ဒါဆုိရင္ ပထမဆုံးေသနတ္လက္နက္ကုိ ဘယ္အရပ္ေဒသမွာ တီထြင္ေပၚေပါက္ခဲ့ပါသလဲ။
ဖယ္ရာ – ကြ်ႏု္ပ္ေသခ်ာမေျပာႏုိင္ပါ။ ဒါေပမယ့္ ပထမဆုံး အေျမွာက္ကုိ အဂၤလိပ္လူမ်ဳိးေတြက လြန္ခဲ့တဲ့ႏွစ္ေပါင္း ငါးရာေလာက္က စတင္အသုံးျပဳခဲ့ၾကတယ္လုိ႔ မွတ္တမ္းေတြရွိပါတယ္။

ကေနာင္ – ျမန္မာဘုရင္မင္းျမတ္ပုိင္ နယ္ေျမထဲမွာ ျမစိမ္းေရာင္ျဖစ္ေပၚေစတဲ့ ေတာင္တန္းႀကီးေတြ အေၾကာင္း ၾကားၿပီးၿပီလား။
ဖယ္ရာ – ၾကားၿပီးပါၿပီ အိမ္ေရွ႕မင္း ။ ဒါေပမယ့္ ကုိယ္တုိင္မျမင္ဖူးေသးပါ။
ကေနာင္ – အခုိးအေငြ႔ေတြထြက္ၿပီး လူေတြေမာဟုိက္ မူးေမ့သြားေစတတ္တဲ့ ေရတြင္းကုိ ျမင္ဖူးသလား။
ဖယ္ရာ – မျမင္ဖူးေသးပါ။

ကေနာင္ – ကုိယ္ေတာ္တုိ႔ႏိုင္ငံမွာ အလြန္ထူးဆန္းတဲ့ သစ္ပင္ေတြရွိတယ္။ ဒီသစ္ပင္ရဲ႕ခြၾကားမွာ အစဥ္မျပတ္ ေရတသြင္သြင္စီးထြက္ေနတယ္။

ဖယ္ရာ – ဘယ္လုိသစ္ပင္အမ်ဳိးအစားပါလဲ
၀န္ေထာက္ – ဒီသစ္ပင္မ်ဳိး ႏွစ္ပင္ရွိတယ္။ တစ္ပင္က ၀ါဂြမ္းပင္ႀကီးပါ။
ကေနာင္ – သံအမတ္ႀကီးတုိ႔ တုိင္းျပည္မွာေရာ အဲလိုသစ္ပင္မ်ဳိး ရွိသလား။
ဖယ္ရာ – မရွိပါ။ ၾကားလဲမၾကားဖူးပါ။ ဒါေပမယ့္ အဂၤလိပ္မင္း ပုိက္နက္နယ္ေျမေတြမွာ ထူးဆန္းအံၾသဖြယ္ရာေတြ အမ်ားအျပားရွိပါတယ္။

ကေနာင္ – မီးသေဘၤာေတြကုိ ဘယ္ႏုိင္ငံက စတင္တီထြင္ခဲ့ပါသလဲ။
ဖယ္ရာ – အေမရိကန္ ႏုိင္ငံက ျဖစ္ပါတယ္ အိမ္ေရွ႕မင္း ၊ ေရေႏြးေငြ႔အားနဲ႔ ေမာင္းႏွင္တဲ့ အင္ဂ်င္စက္ကုိ အဂၤလန္မွာ စတင္တီထြင္ခဲ့ပါတယ္။ ဒီအင္ဂ်င္စက္ကုိ အေမရိကန္ေတြက သေဘၤာေတြမွာ တပ္ဆင္အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

ကေနာင္ – အဂၤလန္က အလြန္ေအးျမတဲ့ ႏုိင္ငံတစ္ခု မဟုတ္လား။
ဖယ္ရာ – မွန္ပါ အိမ္ေရွ႕ကုိယ္ေတာ္ႀကီး ၊ အဂၤလန္ရာသီဥတုက အလြန္ေအးျမၿပီး ေဆာင္းဥတုမွာ ေရခဲတတ္ပါတယ္။
ကေနာင္ – ဒီေနရာမွာ အဂၤလန္က တရုတ္ျပည္နဲ႔ တူေနတယ္။ ပီကင္းၿမဳိ႕ေတာ္ကုိ သြားတဲ့ ကြ်ႏု္ပ္သံအဖြဲ႕ရဲ႕ အဆုိအရ တရုတ္ျပည္ရာသီဥတုရဲ႕ေအးျမပုံက အလြန္ပဲေၾကာက္စရာေကာင္းတယ္တဲ့ ။ အဂၤလန္ထက္ ပိုေအးတဲ့ႏုိင္ငံေတြေရာ ရွိသလား။
ဖယ္ရာ – အဂၤလန္ထက္ ပိုေအးတဲ့ႏုိင္ငံ အမ်ားအျပား ရွိပါတယ္။

ကေနာင္ – အဲဒီႏုိင္ငံတခ်ဳိ႕ရဲ႕ အမည္ေတြကုိ ေျပာျပပါလား။
ဖယ္ရာ – အဂၤလန္ေျမာက္ပုိင္း အိုက္စလန္ႏုိင္ငံနဲ႔ အေမရိကန္ ေျမာက္ဘက္ကမ္းရုိးတန္းတစ္ေလွ်ာက္က အဂၤလန္ထက္ ပုိေအးပါတယ္။
ကေနာင္ – ရုရွျပည္ရဲ႕ ရာသီဥတုကေရာ ေအးလား။
ဖယ္ရာ – အလြန္တရာ ေအးလွပါတယ္။
ကေနာင္ – တစ္ခ်ိန္တုန္းက နပုိလီယံ ရုရွျပည္ကုိ ခ်ဥ္းနင္း၀င္ေရာက္တုိက္ခုိက္တာ ရာသီဥတုေအးလုိ႔ တပ္ပ်က္ခဲ့တယ္လုိ႔ ၾကားဖူးပါတယ္။
ဖယ္ရာ – နပုိလီယံရဲ႕ စစ္တပ္တစ္တပ္လုံးနီးနီး ရာသီဥတု ေအးတဲ့ဒဏ္ေၾကာင့္ ေသေက်ပ်က္စီးခဲ့ၾကပါတယ္။ နပုိလီယံကေတာ့ အသက္မေသပဲလြတ္ေျမာက္သြားတယ္။

ကေနာင္ – နပုိလီယံက ဘယ္ႏုိင္ငံသားလဲ။
ဖယ္ရာ – ခင္ႀကီးေဒါင္ေပါက္လူ (Father Abona) တုိ႔ႏုိင္ငံ(ျပင္သစ္) က ေကာ္ဆီကာကြ်န္းမွာ ေမြးတာ။
ဒီေနရာမွာ ၀န္ေထာက္က နပုိလီယံ ကြ်န္းကုိ နယ္ႏွင္ဒါဏ္ေပးခံရတဲ့အေၾကာင္း၀င္ေျပာတယ္။ သူလည္း အေတာ္ ဗဟုသုတျပည့္စုံသူပါ။

ကေနာင္ – အဂၤလန္ နဲ႔ အရင္းႏွီးဆုံး ႏုိင္ငံက ဘယ္ႏုိင္ငံလဲ။
ဖယ္ရာ – ျပင္သစ္ျပည္ပါ။ မဟာမိတ္ေတြျဖစ္ၿပီး စစ္တုိက္ရင္ အတူ တစ္ဖက္တည္းရပ္တည္ တုိက္ခုိက္ၾကပါတယ္။
ကေနာင္ – အဂၤလန္နဲ႔ ျပင္သစ္ ဘယ္ေလာက္ေ၀းလဲ။
ဖယ္ရာ – မုိင္ ၂၀ ေလာက္ပဲ ေ၀းလုိ႔ မီးသေဘၤာနဲ႔ သြားရင္ တစ္နာရီေက်ာ္ပဲ ၾကာပါတယ္။
ကေနာင္ – ဒါဆုိရင္ အေတ္ာနီးတာပဲ။ အဂၤလန္က ျပင္သစ္ႏုိင္ငံကုိ ကုန္းေၾကာင္းခရီးနဲ႔ သြားလာမႈ မရွိဘူးလား။
ဖယ္ရာ – မရွိပါ အရွင္ ၊ အဂၤလန္ျပည္ဟာ ေရပတ္လည္၀ုိင္းေနတဲ့ ကြ်န္းတစ္ကြ်န္းပါ။

ကေနာင္ – ဘယ္ႏုိင္ငံက မီးသေဘၤာပုိမ်ားလဲ။
ဖယ္ရာ – အဂၤလန္ႏုိင္ငံက မီးသေဘၤာအေရအတြက္ ပိုမ်ားပါတယ္။ ျပင္သစ္ႏုိင္ငံကေတာ့ အင္အားႀကီးမားတဲ့ ၾကည္းတပ္ရွိပါတယ္။
၀န္ေထာက္က အဂၤလန္ဘုရင္မႀကီး ျပင္သစ္သြားမယ့္ ကိစၥ၀င္ေျပာရင္း ေၾကးနန္းအေၾကာင္းေရာက္သြားတယ္။

ကေနာင္ – လွ်ပ္စစ္ေၾကးနန္းအတတ္ကုိ တီထြင္ေတြ႔ရွိခဲ့တာ ဘယ္ေလာက္ၾကာသြားၿပီလဲ။
ဖယ္ရာ- ၁၀ ႏွစ္ ေလာက္ ရွိသြားပါၿပိ။
အဲဒီေနာက္ ကေနာင္မင္းသားႀကီး ျပန္ၾကြသြားတဲ့အတြက္ အေမးအေျဖလည္း ၿပီးဆုံးသြားပါေတာ့တယ္။

Ref;
သမုိင္းထဲက အင္တာဗ်ဴး အင္တာဗ်ဴးထဲက သမုိင္း – တင္ႏုိင္တုိး





ကနောင်မင်းသားကြီးရဲ့ ရှားရှားပါးပါး အင်တာဗျူး (unicode)

သမိုင်းထဲက လူသေသွားပေမယ့် နာမည်ကျန်နေရစ်ခဲ့တဲ့ သူရဲကောင်းတွေထဲမှာ ကနောင်မင်းသားကြီးလည်း တစ်ယောက်အပါအဝင်ပါ။ တိုင်းပြည်တိုးတက်စေဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် သက်စိုးမရှည်ရှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ တူတော်တွေရဲ့ လုပ်ကြံခြင်းကို ခံခဲ့ရပါတယ်။ ကနောင်ကိုယ်တော်ကြီးဟာ ဉာဏ်ပညာအလွန်ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ နိုင်ငံကို စက်မှုနိုင်ငံဖြစ်စေဖို့ သူကြိုးစားခဲ့တဲ့ ပညာတော်သင် အစီအစဉ်တွေ ၊ တီထွင်မှုတွေ နဲ့ တည်ဆောက်ခဲ့တဲ့ စက်ရုံတွေကိုကြည့်တာနဲ့ ဘယ်လောက်တော်ခဲ့ကြောင်း သိနိုင်ပါတယ်။ တိုင်းပြည်ကို တိုးတက်စေချင်တဲ့ ကနောင်ကိုယ်တော်ကြီးဟာ အချိန်ရှိသ၍ နည်းလမ်းတွေကို စဉ်းစားနေတတ်သလို ဗဟုသုတတွေကို အမြဲရှာမှီးနေသူပါ။

အခု အမေးအဖြေကတော့ ကနောင်မင်းသားကြီးက သူသိလိုသမျှတွေကို အင်္ဂလိပ်သံအမတ် အာသာဖယ်ရာကို မေးမြန်းခဲ့တာပဲဖြစ်ပါတယ်။ မသိသေးတဲ့သူတွေအတွက် ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

ဖယ်ရာခေါင်းဆောင်တဲ့ ချစ်ကြည်ရေး သံအဖွဲ့ဟာ ၁၈၅၅ခုနှစ် အောက်တိုဘာ ၁၉ရက်နေ့မှာ ကနောင်မင်းသားကြီးနဲ့ တွေ့ကြပါတယ်။ လွှတ်တော်နားက သီးသန့်ကွန်းထောက်ဆောင်ရဲ့ ဝါးကြမ်းခင်းပေါ်မှာ ကော်ဇောခင်းထားပါတယ်။ သလွန်ပေါ်မှာ အင်္ဂလိပ်တွေထိုင်သလို ခြေနှစ်ဖက်ချထိုင်ထားတဲ့ ကနောင်မင်းသားကြီးဟာ ရယ်ရယ်မောမော ရင်းရင်းနှီးနှီးနဲ့ ဖယ်ရာကို သူသိချင်တာတွေ တစ်ဆက်တည်း မေးပါတော့တယ်။

ကနောင် – သေနတ်ကျည်ဆန်မှာ သုံးတဲ့ယမ်းကို ဘယ်နိုင်ငံက စတင်တီထွင်ခဲ့ပါသလဲ။
ဖယ်ရာ – အင်္ဂလန် (သို့) ဂျာမဏီနိုင်ငံက စတင်တီထွင်ခဲ့တယ် ဆိုတာ ကျွန်တော်မသိပါဘူး ။ ကျွန်တော်တို့ရဲ့ စာအုပ်စာတမ်းတွေအရတော့ တရုတ်
ပြည်မှာ ရှေးခေတ်ကတည်းက ရှိတယ်လို့ သိရပါတယ်။

အင်တာဗျူးစကားဝိုင်းထဲက အနီးမှားထိုင်နေတဲ့ ဝန်ထောက်က ဝင်ပြောပါတယ်။
ဝန်ထောက် – သံအမတ်ကြီးက ဘယ်နိုင်ငံက သေနတ်ခဲယမ်းကို စလုပ်တာ မသိဘူးဆိုတာ အင်္ဂလန်နိုင်ငံကပဲ စတင်တီထွင်ခဲ့သယောင် ယူဆစေချင်လို့ မဟုတ်လား။
ဖယ်ရာ- ဒီလိုမဟုတ်ရပါ။ သေနတ်ခဲယမ်းတွေကို စတင်ပေါ်ပေါက်ခဲ့တာနဲ့ သံသယဖြစ်စရာရှိလို့ အတိအကျမပြောတာပါ

ဝန်ထောက် – ဒါဆိုရင် ပထမဆုံးသေနတ်လက်နက်ကို ဘယ်အရပ်ဒေသမှာ တီထွင်ပေါ်ပေါက်ခဲ့ပါသလဲ။
ဖယ်ရာ – ကျွန်ုပ်သေချာမပြောနိုင်ပါ။ ဒါပေမယ့် ပထမဆုံး အမြှောက်ကို အင်္ဂလိပ်လူမျိုးတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ငါးရာလောက်က စတင်အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတွေရှိပါတယ်။

ကနောင် – မြန်မာဘုရင်မင်းမြတ်ပိုင် နယ်မြေထဲမှာ မြစိမ်းရောင်ဖြစ်ပေါ်စေတဲ့ တောင်တန်းကြီးတွေ အကြောင်း ကြားပြီးပြီလား။
ဖယ်ရာ – ကြားပြီးပါပြီ အိမ်ရှေ့မင်း ။ ဒါပေမယ့် ကိုယ်တိုင်မမြင်ဖူးသေးပါ။
ကနောင် – အခိုးအငွေ့တွေထွက်ပြီး လူတွေမောဟိုက် မူးမေ့သွားစေတတ်တဲ့ ရေတွင်းကို မြင်ဖူးသလား။
ဖယ်ရာ – မမြင်ဖူးသေးပါ။

ကနောင် – ကိုယ်တော်တို့နိုင်ငံမှာ အလွန်ထူးဆန်းတဲ့ သစ်ပင်တွေရှိတယ်။ ဒီသစ်ပင်ရဲ့ခွကြားမှာ အစဉ်မပြတ် ရေတသွင်သွင်စီးထွက်နေတယ်။

ဖယ်ရာ – ဘယ်လိုသစ်ပင်အမျိုးအစားပါလဲ
ဝန်ထောက် – ဒီသစ်ပင်မျိုး နှစ်ပင်ရှိတယ်။ တစ်ပင်က ဝါဂွမ်းပင်ကြီးပါ။
ကနောင် – သံအမတ်ကြီးတို့ တိုင်းပြည်မှာရော အဲလိုသစ်ပင်မျိုး ရှိသလား။
ဖယ်ရာ – မရှိပါ။ ကြားလဲမကြားဖူးပါ။ ဒါပေမယ့် အင်္ဂလိပ်မင်း ပိုက်နက်နယ်မြေတွေမှာ ထူးဆန်းအံသြဖွယ်ရာတွေ အများအပြားရှိပါတယ်။

ကနောင် – မီးသင်္ဘောတွေကို ဘယ်နိုင်ငံက စတင်တီထွင်ခဲ့ပါသလဲ။
ဖယ်ရာ – အမေရိကန် နိုင်ငံက ဖြစ်ပါတယ် အိမ်ရှေ့မင်း ၊ ရေနွေးငွေ့အားနဲ့ မောင်းနှင်တဲ့ အင်ဂျင်စက်ကို အင်္ဂလန်မှာ စတင်တီထွင်ခဲ့ပါတယ်။ ဒီအင်ဂျင်စက်ကို အမေရိကန်တွေက သင်္ဘောတွေမှာ တပ်ဆင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ကနောင် – အင်္ဂလန်က အလွန်အေးမြတဲ့ နိုင်ငံတစ်ခု မဟုတ်လား။
ဖယ်ရာ – မှန်ပါ အိမ်ရှေ့ကိုယ်တော်ကြီး ၊ အင်္ဂလန်ရာသီဥတုက အလွန်အေးမြပြီး ဆောင်းဥတုမှာ ရေခဲတတ်ပါတယ်။
ကနောင် – ဒီနေရာမှာ အင်္ဂလန်က တရုတ်ပြည်နဲ့ တူနေတယ်။ ပီကင်းမြို့တော်ကို သွားတဲ့ ကျွန်ုပ်သံအဖွဲ့ရဲ့ အဆိုအရ တရုတ်ပြည်ရာသီဥတုရဲ့အေးမြပုံက အလွန်ပဲကြောက်စရာကောင်းတယ်တဲ့ ။ အင်္ဂလန်ထက် ပိုအေးတဲ့နိုင်ငံတွေရော ရှိသလား။
ဖယ်ရာ – အင်္ဂလန်ထက် ပိုအေးတဲ့နိုင်ငံ အများအပြား ရှိပါတယ်။

ကနောင် – အဲဒီနိုင်ငံတချို့ရဲ့ အမည်တွေကို ပြောပြပါလား။
ဖယ်ရာ – အင်္ဂလန်မြောက်ပိုင်း အိုက်စလန်နိုင်ငံနဲ့ အမေရိကန် မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်က အင်္ဂလန်ထက် ပိုအေးပါတယ်။
ကနောင် – ရုရှပြည်ရဲ့ ရာသီဥတုကရော အေးလား။
ဖယ်ရာ – အလွန်တရာ အေးလှပါတယ်။
ကနောင် – တစ်ချိန်တုန်းက နပိုလီယံ ရုရှပြည်ကို ချဉ်းနင်းဝင်ရောက်တိုက်ခိုက်တာ ရာသီဥတုအေးလို့ တပ်ပျက်ခဲ့တယ်လို့ ကြားဖူးပါတယ်။
ဖယ်ရာ – နပိုလီယံရဲ့ စစ်တပ်တစ်တပ်လုံးနီးနီး ရာသီဥတု အေးတဲ့ဒဏ်ကြောင့် သေကျေပျက်စီးခဲ့ကြပါတယ်။ နပိုလီယံကတော့ အသက်မသေပဲလွတ်မြောက်သွားတယ်။

ကနောင် – နပိုလီယံက ဘယ်နိုင်ငံသားလဲ။
ဖယ်ရာ – ခင်ကြီးဒေါင်ပေါက်လူ (Father Abona) တို့နိုင်ငံ(ပြင်သစ်) က ကော်ဆီကာကျွန်းမှာ မွေးတာ။
ဒီနေရာမှာ ဝန်ထောက်က နပိုလီယံ ကျွန်းကို နယ်နှင်ဒါဏ်ပေးခံရတဲ့အကြောင်းဝင်ပြောတယ်။ သူလည်း အတော် ဗဟုသုတပြည့်စုံသူပါ။

ကနောင် – အင်္ဂလန် နဲ့ အရင်းနှီးဆုံး နိုင်ငံက ဘယ်နိုင်ငံလဲ။
ဖယ်ရာ – ပြင်သစ်ပြည်ပါ။ မဟာမိတ်တွေဖြစ်ပြီး စစ်တိုက်ရင် အတူ တစ်ဖက်တည်းရပ်တည် တိုက်ခိုက်ကြပါတယ်။
ကနောင် – အင်္ဂလန်နဲ့ ပြင်သစ် ဘယ်လောက်ဝေးလဲ။
ဖယ်ရာ – မိုင် ၂၀ လောက်ပဲ ဝေးလို့ မီးသင်္ဘောနဲ့ သွားရင် တစ်နာရီကျော်ပဲ ကြာပါတယ်။
ကနောင် – ဒါဆိုရင် အတော်နီးတာပဲ။ အင်္ဂလန်က ပြင်သစ်နိုင်ငံကို ကုန်းကြောင်းခရီးနဲ့ သွားလာမှု မရှိဘူးလား။
ဖယ်ရာ – မရှိပါ အရှင် ၊ အင်္ဂလန်ပြည်ဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းတစ်ကျွန်းပါ။

ကနောင် – ဘယ်နိုင်ငံက မီးသင်္ဘောပိုများလဲ။
ဖယ်ရာ – အင်္ဂလန်နိုင်ငံက မီးသင်္ဘောအရေအတွက် ပိုများပါတယ်။ ပြင်သစ်နိုင်ငံကတော့ အင်အားကြီးမားတဲ့ ကြည်းတပ်ရှိပါတယ်။
ဝန်ထောက်က အင်္ဂလန်ဘုရင်မကြီး ပြင်သစ်သွားမယ့် ကိစ္စဝင်ပြောရင်း ကြေးနန်းအကြောင်းရောက်သွားတယ်။

ကနောင် – လျှပ်စစ်ကြေးနန်းအတတ်ကို တီထွင်တွေ့ရှိခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ။
ဖယ်ရာ- ၁၀ နှစ် လောက် ရှိသွားပါပြိ။
အဲဒီနောက် ကနောင်မင်းသားကြီး ပြန်ကြွသွားတဲ့အတွက် အမေးအဖြေလည်း ပြီးဆုံးသွားပါတော့တယ်။

Ref;
သမိုင်းထဲက အင်တာဗျူး အင်တာဗျူးထဲက သမိုင်း – တင်နိုင်တိုး

No comments:

Post a Comment