Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 7, 2017

ဝန်ကြီးဒေါ်နီလာကျော် ရေးလာတဲ့ပိုစ့်


ဝန်ကြီးဒေါ်နီလာကျော် ရေးလာတဲ့ပိုစ့်
===============================
ဒီနေ့YBS ၅၅ နှင့် ၃၇ တိုက်တဲ့ကိစ္စအဖြစ်မှန်သိရအောင်တင်ပြတာပါ။
YBS ၃၇ယာဉ်လိုင်းကကိုယ့်လမ်းမှာကိုယ်မှန်မှန်ကန်ကန်မောင်း
နေရင်းအတိုက်ခံရတာပါ။

၃၇ယာဉ်လိုင်းကကားသစ်တွေဖြစ်ပြီးယခင်BRT LITE ကားလိုင်းဖြစ်ပါတယ်။
ကားဒရိုင်ဘာတွေကလခစားတွေဖြစ်ပါတယ်။
ကားတွေကို GREEN GUARDIAN INSURANCE Co. မှာအလုံးစုံအာမခံထားပါတယ်။
အစိုးရပါဝင်သောအများပိုင်ကုမ္ပဏီယာဉ်လိုင်းဖြစ်ပါတယ်။

YBS ၅၅ ယာဉ်လိုင်းကကိုယ်ရကိုယ်ယူစနစ်နဲ့မောင်းနေတဲ့1998 Model ISUZU
ကားဟောင်းလက်ယာစတီယာရင်ဘယ်ဖက်အပေါက်နဲ့ကားဖြစ်ပါတယ်။

၅၅ကားချင်းပြိုင်မောင်းတာကနေတိုင်းရော့ပြုတ်ပြီးမျက်နှာချင်းဆိုင်ယာဉ်ကြောကို
ဝင်ပြီးလမ်းမှန်မောင်းလာတဲ့ ၃၇ ယာဉ်လိုင်းကားကိုခေါင်းကနေနောက်ပိုင်းအထိတစီးလုံး
တိုက်ချတာပါ။အမျိုးသား၆ဦးနှင့်အမျိုးသမီး၃ဦးသေဆုံးပါတယ်။
သေဆုံးသူအမျိုးသမီးလေးတဦးကမှော်ဘီနည်းပညာတက္ကသိုလ်မှကျောင်းသူဖြစ်ပါတယ်။

ဘယ်သူသေသေကိုယ်မာချင်တဲ့ငတေတွေဖြစ်တဲ့ကားအုံနာဒရိုင်ဘာစပယ်ယာအားလုံး။
ကိုယ်ရကိုယ်ယူစနစ်ကိုဆက်အသက်သွင်းဖို့ကြိုးစားနေသူအားလုံးကို
ပြင်းထန်စွာသတိပေးလိုက်ပါတယ်။

POSTED-Nilar Kyaw.

No comments:

Post a Comment