Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 15, 2017

မောင်တောမြောက်ပိုင်း ဗုံးပေါက်ကွဲ၊ သုံးဦးသေပြီး တစ်ဦးဒဏ်ရာရ

(သေဆုံးသွားသူ တစ်ဦး၏ အလောင်းကို တွေ့ရစဉ်)
နိရဉ္စရာ၊ ဇူလိုင် ၁၅

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ဇူလိုင်လ ၁၅ရက်နေ့ ယနေ့ နံနက်က ဗုံးပေါက်ကွဲ၍ ဘင်္ဂလီ လူမျိုး ၃ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိ သွားကြောင်း ငခူရ နယ်ခြားစောင့် ရဲစခန်းမှ ရဲအရာရှိ ခင်မောင်အေးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

သေဆုံးသူ ၃ ဦးမှာ ငါးစားကြူးရွာမှ ဖေရာန်(ဘ)မာမတ်ဆော်ယောက် (၆၀)နှစ်၊ ငါးစကြူး လယ်ပိုင်ရှင်သား ဆော်ယေါဒုလ္လာ(ဘ) နန်အာလောင်(၁၄)နှစ်နှင့် သူရင်းငှား
အုစ်မန်(ဘ)မိုဟာဘောက်အာလီ(၁၇)နှစ် တို့ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူမှာ အီမာန်ဟူဆောင်း (ခေါ်) ဖေရန် (၁၂)နှစ် ဖြစ်ပြီး သူ့အား မောင်တော ဆေးရုံသို့ ယူဆောင်လာပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ဗုံးမှာ ယနေ့ နံနက် ၁၁ နာရီကျော်က ပြောင်ပိုက်အရှေ့ဖက် ကားလမ်းအရှေ့ တောစပ်အနီး လယ်ကွင်း အတွင်း၌ ပေါက်ကွဲခြင်း ဖြစ်ပြီး ဗုံးပေါက်ကွဲရခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် စိစစ်မှုများပြုလုပ်နေကြောင်း သိရသည်။

အောင်ကျော်မင်း
Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment