Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 9, 2017

ဓါးပြကြီးကိုတောင် သွားပြေးပြန်ခေါ်ချင်စိတ် ပေါက်မိတယ်.


ဟိုးရှေးရှေးတုန်းက အင်မတန်ရက်စက်တဲ့ ဓါးပြကြီးတစ်ယောက်က ရွာလေးတရွာကို ဓါးပြ၀င်တိုက်သတဲ့ ၊ ဓါးပြဆိုမှတော့ ဘယ်မေတ္တာတရားရှိမလဲကွယ် ရွာထဲရှိတာ အကုန်သိမ်းကြုံးယူသွားတာပေါ့ ၊ မကြည်ဖြူလို. မပေးချင်တဲ့သူဆိုရင် သူက ဓါးနဲ.ပိုင်းပစ်တော့ သူယူသမျှပေးလိုက်ကြရတာပေါ့ ၊
ဒီလိုနဲ. ရွာကနေ ဓါးပြကြီးထွက်သွားတော့ သတ္တိရှိပြီး ဇွဲကောင်းတဲ့ အမေအိုကြီးတစ်ယောက်က လူငယ်တွေကို ခေါ်ပြီးပြောသတဲ့ ၊
ကဲလူလေးတို.ရေ ဒီဓါးပြကြီး ဒီလောက်ပစ္စည်းတွေ အများကြီးသယ်ပြီး တယ်ဝေးဝေးတော့သွားနိုင်မှာမဟုတ်ဘူး
သူပင်ပန်းတဲ့အခါ ချခဲ့တဲ့ ပစ္စည်းလေးများ ဒို.ပြန်ရအောင် လိုက်ကြရအောင် ခေါ်သတဲ့
၊ အဲဒီမှာ အားကောင်းမောင်းသန် ရွာလူငယ်တွေက
"ဟာ အမယ်ကြီးကလဲ ဥာဏ်မရှိဘူးလား ဒီလောက်ရက်စက်တဲ့ ဓါးပြကြီး ကျွန်တော်တို.ကိုမြင်ရင် သတ်မှာပေါ့ ၊ ကျွန်တော်တို.က လူငယ်တွေ ရှေ.လျောက်လူလုပ်ဖို. အများကြီးကျန်သေးတယ် အမယ်ကြီး ကိုယ့်အသက်မနှမျောရင် ကိုယ့်ဖာသာလိုက်ပါလား"
လို.ပြန်ပြောပြီး ရွာမှာနေရစ်ကြသတဲ့ ၊ အမေအိုကြီးလဲ လူငယ်တွေကို စည်းရုံးမရတော့ သူ.ဖာသာပဲရှိသလောက်အားအင်နဲ. ဓါးပြကြီးနောက်ကို တရွေ.ရွေ.နဲ. လိုက်သွားတော့တာပေါ့ကွယ် ၊
ဒီလိုနဲ. ရွာတော်တော်များများ ဖြတ်လာပြီးတဲ့အခါမှာ ဓါးပြကြီးလဲ
အတော်လေး မောပန်းလာပြီး ပါလာသမျှ အထုပ်တွေထဲက သူသိပ်မလိုအပ်တာတွေ ပစ်ချထားခဲ့တာပေါ့ ၊
ဒါကို နောက်အတော်လှမ်းလှမ်းက လိုက်လာတဲ့
အမေအိုကြီးက ပြန်ကောက်လာပြီး အားရ၀မ်းသာနဲ. ရွာကိုပြန်လာခဲ့တယ် ၊ ရွာကလူငယ်တွေကို ခေါ်ပြီး ရလာတဲ့ပစ္စည်းတွေနဲ. ရွာအတွက်လိုအပ်တာတွေ ပြန်ပြင်ဆင်ဖို.သုံးကြရအောင် နစ်နာတဲ့မိသားစုတွေအတွက်လဲ ကူညီထောက်ပံ့ကြတာပေါ့လို. ခေါ်တိုင်ပင်သတဲ့ ၊
အဲဒီမှာ ရွာမှာချန်နေရစ်ခဲ့တဲ့ အားကောင်းမောင်းသန် လူငယ်တွေကလက်မခံပဲ သူတို.နဲ.ဆိုင်တဲ့ ပစ္စည်းတွေကို သူတို.ဆီပဲ ပြန်ပေးဖို. တောင်းဆိုသတဲ့ ပြီးတော့ ပြောကြသေးတယ်
"ဒီမယ် အမယ်ကြီး ကျွန်တော်တို.က အမွေတောင်းနေတာမဟုတ်ဘူး ဓါးပြတိုက်လို. ပါသွားတဲ့ ပစ္စည်းတွေမို. ကိုယ့်ရပိုင်ခွင့်ကိုယ်ပြန်တောင်းနေတာ" လို.ဆိုကြသတဲ့ ၊
တကယ်တော့ ဒီပစ္စည်းတွေပြန်ရဖို. တရွေ.ရွေ.နဲ. စိတ်ရှည်လက်ရှည် ဇွဲကောင်းကောင်းနဲ. သက်စွန်.စံဖျား လိုက်သွားခဲ့တာ ဒီအမေအိုကြီးတစ်ယောက်ထဲပါ ခုတော့ သူတို.ကဒါသူတို.နဲ.ဆိုင်တဲ့ ရပိုင်ခွင့်မို. အမေအိုကြီး စိတ်တိုင်းကျ စီမံခွင့် မပြုနိုင်ဘူးတဲ့ ၊
တကယ်တော့ သူတို.ကို အနိုင်ကျင့် ဓါးပြတိုက်ခဲ့တဲ့ ဓါးပြကြီးက ခုထိသက်ရှိထင်ရှားနဲ. ရွာစဉ်တန်း တလျောက် တရွေ.ရွေ.သွားနေတုန်းပါပဲ ၊ ဒါကိုတော့ ကလဲစားချေဖို. နေနေသာသာ စိတ်နဲ.တောင် မပစ်မှားရဲပဲ ၊ အချိန်ကုန်ခံ အသက်အန္တရယ် စွန်.စားပြီး မောကြီးပမ်းကြီး
အထုပ်ဆွဲပြန်လာတဲ့ အမေအိုကြီး အပေါ် သတ္တိတေ
ွ ကောင်းပြနေလိုက်ကြတာ ၊ အမြင်မတော်လွန်းလို.
ကျွန်တော်လေ ဓါးပြကြီးကိုတောင် သွားပြေးပြန်ခေါ်ချင်စိတ်
ပေါက်မိတယ်...................

Credit to Aung Ko Ko Thwin

No comments:

Post a Comment