Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 1, 2017

iPhone 8 မွာ Home Button ကိုပါ ေဖ်ာက္ပစ္မယ္လို႔ သတင္းထြက္



မႏွစ္က ထြက္ရွိခဲ့တဲ့ iPhone 7 နဲ႔ 7Plus ဖုန္းေတြမွာ အသစ္အဆန္းအေနနဲ႔ နားၾကပ္ေပါက္ေတြကို ေဖ်ာက္ပစ္ခဲ့ၿပီး ေရစိမ္ခံေအာက္ပါ အဆင့္ျမႇင့္တင္ခဲ့ပါတယ္။ 




ဒီႏွစ္မွာေတာ့ အိုင္ဖုန္းအသစ္ ထြက္ရွိမယ့္အခ်ိန္ လိုေသးေပမဲ့ အရင္ ထြက္ခဲ့ဖူးတဲ့ အစဥ္အလာအတိုင္း iPhone 7s နဲ႔ 7s Plus ေတြအျပင္ iPhone ထုတ္လုပ္မႈ ၁၀ ႏွစ္ျပည့္ အထိမ္းအမွတ္ အေနနဲ႔ iPhone 8 ကိုပါ ျဖန္႔ခ်ိေပးႏိုင္တယ္လို႔ သတင္းေပါက္ၾကားမႈေတြ ရွိေနၿပီး တကယ္လို႔ ထြက္ျဖစ္ခဲ့ရင္ iPhone ရဲ႕ အမွတ္သေကၤတ တစ္ခုျဖစ္တဲ့ Home Button ဟာ iPhone 8 မွာ ေဖ်ာက္ထားပစ္လိုက္မွာ ျဖစ္သလို Screen ကိုလည္း မ်က္ႏွာျပင္ အျပည့္နီးပါး ျမင္ေတြ႕ရဖို႔ ရွိေနတယ္လို႔ ေမ ၃၀ ရက္က Metro သတင္း၀က္ဘ္ဆိုက္မွာ ေဖာ္ျပခဲ့ပါတယ္။




၁၀ စုႏွစ္ တစ္ခုတာခရီးကို ေက်ာ္လြန္လာၿပီးတဲ့ အိုင္ဖုန္းဟာ အလံုးေရ သန္းတစ္ေထာင္ေျမာက္ ေက်ာ္လြန္ေရာင္းခ်ထားႏိုင္ခဲ့ၿပီး ျဖစ္သလို Home Button ကိုလည္း အမွတ္သေကၤတတစ္ခုလို တြင္တြင္ ထည့္သြင္းေပးခဲ့တာ ျဖစ္ပါတယ္။ 

ဒါေပမဲ့ Apple ကုမၸဏီအတြက္ ပစၥည္းေထာက္ပံ့ေပးေနတဲ့ ရင္းျမစ္ေတြကို အေျခခံၿပီး ေနာက္ဆံုးေပါက္ၾကားလာတဲ့ သတင္းေတြအရ iPhone 8 ဟာ မ်က္ႏွာျပင္ အျပည့္ Screen တပ္ဆင္ထားမွာျဖစ္ၿပီး အဲဒီအတြက္ Home Button ပါ၀င္ေတာ့မွာမဟုတ္ဘဲ Touch ID Fingerprint Scanner ကိုလည္း Display အတြင္းမွာ ျမဳပ္၀င္ေနေစမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Phothutaw Team (www.phothutaw.com)

U N I C O D E V E R S I O N#

မနှစ်က ထွက်ရှိခဲ့တဲ့ iPhone 7 နဲ့ 7Plus ဖုန်းတွေမှာ အသစ်အဆန်းအနေနဲ့ နားကြပ်ပေါက်တွေကို ဖျောက်ပစ်ခဲ့ပြီး ရေစိမ်ခံအောက်ပါ အဆင့်မြှင့်တင်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ အိုင်ဖုန်းအသစ် ထွက်ရှိမယ့်အချိန် လိုသေးပေမဲ့ အရင် ထွက်ခဲ့ဖူးတဲ့ အစဉ်အလာအတိုင်း iPhone 7s နဲ့ 7s Plus တွေအပြင် iPhone ထုတ်လုပ်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ iPhone 8 ကိုပါ ဖြန့်ချိပေးနိုင်တယ်လို့ သတင်းပေါက်ကြားမှုတွေ ရှိနေပြီး တကယ်လို့ ထွက်ဖြစ်ခဲ့ရင် iPhone ရဲ့ အမှတ်သင်္ကေတ တစ်ခုဖြစ်တဲ့ Home Button ဟာ iPhone 8 မှာ ဖျောက်ထားပစ်လိုက်မှာ ဖြစ်သလို Screen ကိုလည်း မျက်နှာပြင် အပြည့်နီးပါး မြင်တွေ့ရဖို့ ရှိနေတယ်လို့ မေ ၃၀ ရက်က Metro သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

၁၀ စုနှစ် တစ်ခုတာခရီးကို ကျော်လွန်လာပြီးတဲ့ အိုင်ဖုန်းဟာ အလုံးရေ သန်းတစ်ထောင်မြောက် ကျော်လွန်ရောင်းချထားနိုင်ခဲ့ပြီး ဖြစ်သလို Home Button ကိုလည်း အမှတ်သင်္ကေတတစ်ခုလို တွင်တွင် ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ Apple ကုမ္ပဏီအတွက် ပစ္စည်းထောက်ပံ့ပေးနေတဲ့ ရင်းမြစ်တွေကို အခြေခံပြီး နောက်ဆုံးပေါက်ကြားလာတဲ့ သတင်းတွေအရ iPhone 8 ဟာ မျက်နှာပြင် အပြည့် Screen တပ်ဆင်ထားမှာဖြစ်ပြီး အဲဒီအတွက် Home Button ပါဝင်တော့မှာမဟုတ်ဘဲ Touch ID Fingerprint Scanner ကိုလည်း Display အတွင်းမှာ မြုပ်ဝင်နေစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

Phothutaw Team (www.phothutaw.com)

No comments:

Post a Comment