Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 1, 2017

တောင်ငူထောင်၌ ကျန်းမာရေးအခြေအနေတစ်ခုကြောင့် ဆေးကုသမှုခံယူနေရသည့် ရဲတိုက်


တောင်ငူထောင်၌ အကျဉ်းကျခံနေရသည့် သရုပ်ဆောင်ရဲတိုက် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခဲ့သည်ဆိုသောသတင်းသည် မှန်ကန်ခြင်းမရှိကြောင်းနှင့် လက်ရှိကျန်းမာရေးအခြေအနေတစ်ခုကြောင့် ဆေးကုသမှုကိုခံယူနေရကြောင်း ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာရီဇော်က ပြောသည်။

“လွတ်မြောက်တာက တကယ်တမ်းမဟုတ်ပါဘူး။ သမ္မတကြီးပြောတဲ့ စာနာထောက်ထားတယ်ဆိုတဲ့ စကားတွေက ရဲတိုက်အတွက်တော့ ဖြစ်မလာခဲ့ပါဘူး။ ကျန်းမာရေးကတစ်လျှောက်လုံးကို ကုခဲ့ရတာပါ။ ကျန်းမာရေးကိုတော့ ဆေးကုသနေချိန်မို့လို့ အခက်အခဲဖြစ်မှာစိုးတယ်။ ထောင်မှာဆိုတာက ခွင့်ပြုချက်ရဖို့ ခက်ခဲတယ်။ ဒါကြောင့် သူ့ရဲ့ကျန်းမာရေးကို လောလောဆယ်ပြောလို့ မဖြစ်သေးဘူး”ဟု ၄င်းကပြောသည်။

ပြီးခဲ့သည့် မေလ ၂၃ရက်နေ့က အကျဉ်းထောင်များရှိ နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၇၁ ဦးတို့ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ကြိုဆိုသော အားဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ရဲတိုက်ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိမူးယစ်ဆေးဝါးဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အချိန်ကာလ ပြီးဆုံးခဲ့သော်လည်း ဘာသာညှိုးနွမ်းစေမှုအတွက် ပြစ်ဒဏ်တစ်နှစ်ကို တောင်ငူအကျဉ်းထောင်၌ ကျခံနေရခြင်းဖြစ်ပြီး ထောင်မှလွတ်မြောက်ရန် အချိန်ငါးလခန့်လိုသေးကြောင်းနှင့် ထောင်မှလွတ်မြောက်ပါက ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးသွားရန် အစီအစဉ်ရှိကြောင်းသိရသည်။    

                   
ဇင်မင်း
Tomorrow

No comments:

Post a Comment