Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 19, 2017

လှည်းကူးက ကျူးကျော်တဲ အလုံးရေ ၅ ထောင်ခန့် ဖယ်ရှားပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာ အုပ်စု အမြန်လမ်းဘေးမှာရှိတဲ့ ကျူးကျော်တဲအိမ်တွေကို ဇွန်လ ၁၂ ရက်နေ့က ဖယ်ရှားနေစဉ်။ Photo: Aung Thain Kha/ RFA
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ၊ စခမ်းကြီးကျေးရွာအုပ်စု အမြန်လမ်းက ကျူးကျော်တဲတွေ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အခုလ ၁၂ ရက်နေ့ ကစတင်ပြီး ရှင်းလင်းနေရာမှာ ဒီနေ့အထိ ကျူးကျော်တဲ အလုံးရေ ၅၀၀၀ ခန့်ရှင်းလင်းပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်း မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။

လာမယ့် တရက်၊ နှစ်ရက်အတွင်း အားလုံးရှင်းလင်းပြီး ဖြစ်မယ့်အနေအထားရှိတယ် လို့ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။

" ဒီနေ့ထိဆို ၅၀၀၀ ကျော်ကျော်လောက်ထိ ဖြစ်သွားပြီ။ ဒီတစ်ရက်နှစ်ရက်အတွင်းတော့ ပြီးလောက်အောင် လျာထားတယ်။ သို့သော်လည်း ဒီဘက်က လက်ရှိအနေအထားအရ လုပ်ငန်းသဘာဝအရ နည်းနည်း နှောက်နှေး နေတာ လေးတွေလည်း ရှိတာပေါ့ ။ လုပ်တော့ လုပ်နေတယ် ကျနော်တို့ မပြီးသေးဘူးပေါ့။ နောက်ထပ်ကျန်လည်း နည်းနည်းပေါ့။ နည်းနည်းပဲကျန်တော့မှာ။ အရင်မှန်းတာတော့ လေးထောင်လောက်ပေါ့။ အခုလုပ်ရင်းကိုင်ရင်းနဲ့ ငါးထောင်ကျော်လောက်ဖြစ်လာတာပေါ့"

ကျူးကျော်တဲတွေကို ရှင်းလင်းရာမှာ ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ အမြန်လမ်းပေါ်တက်ပြီး အိပ်နေသူ ၅ ဦးကို ဝတ္တရားနှောက်ယှက်မှုနဲ့ တရားစွဲဆိုထားပါတယ်။

ဒါ့အပြင် ကျူးကျော်တဲတွေကို ငွေပေးချေပြီး ဝယ်ယူခဲ့သူ ၃ ဦးက ရောင်းချခဲ့သူတွေကို လှည်ကူးရဲစခန်းမှာ လိမ်လည်မှုနဲ့ အမှုဖွင့်ထားတာရှိပြီး လိမ်လည်ရောင်း ချခဲ့သူတွေကို ထိထိရောက်ရောက်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးယုခိုင်က ပြောပါတယ်။

လာရောက်တိုင်တန်းသူတွေရဲ့ ပြောပြချက်တွေအရ ရောင်းချသူတွေဟာ အုပ်စုဖွဲ့ပြီးလိမ်လည် ရောင်းချခဲ့ ကြတဲ့အနေအထားရှိတယ်လို့ သိရပါတယ်။

စခမ်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေးက ကျူးကျော်တဲ ၆၀၀၀ ဝန်းကျင်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စီးပွားဖြစ်ကျူးတွေအဖြစ်သာ သတ်မှတ်ထား တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment