Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 19, 2017

မုံရွာတွင်စံချိန်တင် မူးယစ်ဆေးဝါးစွန့်ပစ်မှုကြီးဖြစ်ပေါ် အမှိုက်ပုံများတွင် ရဲလိုက်သိမ်းနေရ



မုံရွာမြို့ပေါ် ထန်းတောရပ်ကွက်နှင့် နန္ဒဝန် ရပ်ကွက်ကြီးနှစ်ခုတွင် နေရာခွဲပြီး မူးယစ်ဆေးဝါး များအား ပီနံအိတ်များဖြင့်ထည့် စွန့်ပစ်သွားရာ l ၈နေရာအထိ ခွဲပစ်နေမှုကို ရဲတပ်ဖွဲ့အနေဖြင့် ယနေ့ (ဇွန်လ၁၉ရက်) နံနက်ပိုင်းမှစ သိမ်းဆည်း နေရကြောင်း သတင်းရရှိသည်။


ပီနံအိတ်များတွင်နံပါတ်များ ပါဝင်ပြီး ပီနံတစ်ထုပ်လျှင် ဆပ်ပြာ ခွက်၆၀နှင့် အထက်ပါဝင်နိုင်သည်ဟု သိမ်းဆည်း သူများက ခန့်မှန်းထားသည်။

သိမ်းဆည်းရမိသည့်နေရာအများစု သည် အမှိုက်စွန့်ပစ်သော နေရာများဖြစ်ပြီး လူမနေသောခြံဝန်းများမှလည်း တွေ့ရှိခဲ့သည်။

လတ်တလောတွင် အရေအတွက်အတိအကျသိနိုင်ရန် မုံရွာနယ်မြေရဲစခန်း ရဲတပ်ဖွဲ့မှ စစ်ဆေး နေဆဲဖြစ်သည်။

Monywa Gazette
https://www.facebook.com/monywagazette

No comments:

Post a Comment