နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဆွီဒင်နိုင်ငံသို့ရောက်ရှိ |
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၀-၆-၂၀၁၇ ရက်နေ့ ဒေသစံတော်ချိန် ၁၉:၃၅နာရီတွင် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ မှ ကနေဒါလေကြောင်းဖြင့်ထွက်ခွာပြီး ပြင်သစ်နိုင်ငံမှတစ်ဆင့် ၁၁-၆-၂၀၁၇ ရက်နေ့ ဒေသစံတော်ချိန် ၁၃:၂၅ နာရီတွင် စတော့ခ်ဟုမ်းမြို့ သို့ ရောက်ရှိကြောင်း သိရှိရပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား လေဆိပ်တွင် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း၊ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနမှ Chief of Protocol Mr. Kyla's Molin နှင့် တာဝန်ရှိသူများက ခရီးဦးကြိုဆိုခဲ့ကြပါသည်။
သတင်း- မြန်မာကိုယ်စားလှယ်အဖွဲ့
ဓာတ်ပုံ- သတင်းစဉ်
Ministry of Foreign Affairs Myanmar
No comments:
Post a Comment