Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 13, 2017

ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်လွှတ်တော်မှာမိန့်ခွန်းပြော


ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်လွှတ်တော်မှာမိန့်ခွန်းပြော
~~~~~~~~~~~~
■ ဆွီဒင်နိုင်ငံကို ၂ ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်လွှတ်တော်ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်အရ ဒီကနေ့ ဆွီဒင်လွှတ်တော်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးကိစ္စတွေကို ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခက်အခဲနဲ့ ဆွီဒင်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပံ့ပိုးကူညီနိုင်တဲ့ ကိစ္စရပ်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါခရီးစဉ်ကနေ ဆွီဒင်နိုင်ငံကို မနေ့က ရောက်ရှိလာတာဖြစ်ပြီး၊ ညနေပိုင်းမှာ ဆွီဒင်ဝန်ကြီးချုပ်ဟောင်း Olof Palme အမှတ်တရ ရန်ပုံငွေအဖွဲ့က ၂ဝဝ၅ ခုနှစ်အတွက် ချီးမြင့်ခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုဆုဖြစ်တဲ့ Olof Palme ဆုကို ကိုယ်တိုင် တက်ရောက်ယူခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညပိုင်းကလည်း ဆွီဒင်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ ဒါ့အပြင် ဆွီဒင်ဝန်ကြီးချုပ်၊ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ မနေ့ညနေအစောပိုင်းက တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲ တရပ်လည်း ပြုလုပ်ခဲ့ပါတယ်။
RFA Burmese

No comments:

Post a Comment