Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 13, 2017

Y-8 လေယာဉ်မှ ရုပ်အလောင်း ၂ လောင်း ထပ်မံရှာဖွေတွေ့ရှိ



နေပြည်တော်၊ ဇွန် ၁၃

ယနေ့နံနက် ၉ နာရီတွင် မောင်းမကန်-မရင်းကြီး ကမ်းခြေတစ်လျှောက် ရှာဖွေရေးလုပ်ဆောင်နေသည့် မြေပြင်တပ်များက အမျိုးသားရုပ်အလောင်း ၁ လောင်း၊ ကျား/မ မခွဲခြားနိုင်ရုပ်အလောင်း ၁ လောင်း စုစုပေါင်းရုပ်အလောင်း ၂ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် ယခုအချိန်အထိ စုစုပေါင်းရုပ်အလောင်း ၈၅ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်။

ဇွန် ၁၃ ရက်နံနက်ပိုင်းတွင် ပင်လယ်ပြင်အတွင်း လှိုင်းအမြင့်မီတာ ၂ မီတာနှင့် လေတိုက်နှုန်း ၁ နာရီ ၁၀ မိုင်မှ ၁၅ မိုင်အကြားရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်သည့်နေရာတစ်ဝိုက်တွင် လှိုင်းအမြင့် ၁ မီတာနှင့် လေတိုက်နှုန်း ၁ နာရီ ၅ မိုင်နှင့် ၁၀ မိုင်အကြားသာရှိ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ပျက်ကျလေယာဉ်အားလည်း ဆိုနာစနစ်တပ်ဆင်ထားသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နေရာဖြန့်ခွဲ၍ ရှာဖွေခြင်း၊ ရေငုပ်ကျွမ်းကျင်စစ်သည်များဖြင့် ရေငုပ်ရှာဖွေခြင်းများ လုပ်ဆောင်လျက်ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds

No comments:

Post a Comment