Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 14, 2017

မိုးကုတ်ဝိပဿနာ ဗဟို (နတ်မောက်) ဦးသုနန္ဒအား အရေးယူ



မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်မှ ဓမ္မကထိက ဆရာတော်တစ်ပါးဖြစ်သူ ဦးသုနန္ဒ၏ မိုးကုတ်ဝိပဿနာ တရားပွဲများ၌ ၅၉ (စ)မပြင်ရေး၊ ခြေဥမပြင်ရေး၊ ဘာသာရေး လူမျိုးရေး ပဋိပက္ခများ
ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်သော အသုံးအနှုံးများအားဟောကြားနေခြင်းများအား မိုးကုတ်တရား ကြည်ငြိုလေးစားသော ဒကာဒကာမများမှ စုပေါင်းလက်မှတ်ထိုး တိုင်ကြားသော တိုင်စာ
မိုးကုတ်ဝိပဿ နာချုပ် (နတ်မောက်) မှ လက်ခံရရှိပြီး ဖြစ်သောကြောင့် အဖွဲ့ချုပ်က စုံစမ်းအရေးယူမှု
များ ပြုလုပ်ခဲ့ပါသည်။

စုံစမ်းစစ်ဆေးချက်အရ ဓမ္မကထိကမူများဖြင့် ကိုက်ညီမှုမရှိသောကြောင့် ဦးသုနန္ဒ အပါအဝင် ဦးပညာစာရ၊ ဦးသောပါက တို့ သုံးပါးအား မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ အောက်ပါအတိုင်း အရေးယူမှုများ လုပ်ဆောင်ခဲ့ပါသည်။

ဆပ်ကပ်လှုဒါန်းခဲ့သော ဓမ္မကထိက ကဒ်များ ပြန်လည်အလှုခံလိုက်ပြီး အမြို့မြို့ အနယ်နယ်ရှိ မိုးကုတ်ဓမ္မရိပ်သာ များ၌ တရားဟောခွင့် ရာသက်ပန် မပြုတော့ကြောင်း မိုးကုတ်ရိပ်သာခွဲ အသီးသီးသို့ ဗဟိုမှ ကြေညာချက်ထုတ်ပြန် အသိပေးလိုက်ပါပြီ။

https://www.facebook.com/zarni.htike.3/posts/1504208339633532







No comments:

Post a Comment