Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 21, 2017

အပြင်မှာ ကျောင်းဆက်တက်ချင်ပါတယ်။ စီးပွားရေးတက္ကသိုလ်မှာ ဆရာမဖြစ်ချင်ပါတယ်’’

 
အပြင်မှာ ကျောင်းဆက်တက်ချင်ပါတယ်။ စီးပွားရေးတက္ကသိုလ်မှာ ဆရာမဖြစ်ချင်ပါတယ်’’

မန္တလေးအိုးဘိုအကျဉ်းထောင်မှ သုံးဘာသာဂုဏ်ထူးရှင် မရွှန်းလဲ့ဝေကျော်နှင့် တွေ့ဆုံခြင်း

မန္တလေးအိုးဘို အကျဉ်းထောင်တွင် ၂၀၁၆-၁၇ ပညာသင်နှစ်ကစတင်၍ စာစစ်ဌာနထားရှိခဲ့ရာ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ပထ၀ီ၊ သမိုင်း၊ ဘောဂဗေဒသုံးဘာသာဂုဏ်ထူးရ အကျဉ်းသူတစ်ဦးထွက်ပေါ်လာပါသည်။ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များထဲမှ ပထမဆုံးထွက်ပေါ်လာသည့် သုံးဘာသာဂုဏ်ထူးရှင်ဖြစ်သည်။ ဂုဏ်ထူးရှင် အကျဉ်းသူသည်  ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် နေထိုင်ပြီး မူးယစ်ဆေး ၁၅ ပြား တွေ့ရှိမှုကြောင့် ၂၀၁၅ ၌ထောင် ၁၀ နှစ် ကျခဲ့သည်။ ထောင်ကျနေသော်လည်း တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာဖြေဆိုမည်ဟူသည့် အဓိက ရည်ရွယ်ချက်ဖြင့် ကြိုးစားခဲ့သူ သုံးဘာသာဂုဏ်ထူးရှင်အသက်(၁၉)နှစ်အရွယ် မရွှန်းလဲ့ဝေကျော်ကို 7 Day News က တွေ့ ဆုံမေးမြန်းထားပါသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးသုံးခုနဲ့ အောင်မြင်ခဲ့တဲ့အတွက် ဘယ်လိုခံစားရပါလဲ။
သမီးက တက္ကသိုလ်ဝင်စာ မေးပွဲအောင်မြင်ခဲ့တဲ့အပြင် ဂုဏ် ထူးသုံးဘာသာပါတဲ့အတွက် အ ရမ်းပျော်ပြီး မျက်ရည်ပါကျခဲ့ပါ တယ်။

ဒီလိုမျိုး ထူးထူးချွန်ချွန်နဲ့အောင်ဖို့ အတွက် ထောင်ထဲမှာ ဘယ်လို ကြိုးစားခဲ့ရလဲ။ အခက်အခဲတွေ ကောရှိခဲ့လား။
သမီးအရမ်းကြိုးစားခဲ့ပါ တယ်။ စားချိန်သောက်ချိန်ကလွဲ ပြီး စာကိုပဲကြိုးစားခဲ့ပါတယ်။ ထောင်ထဲက ထောင်ပိုင်ကြီးတွေ ကလည်း အားလုံးအဆင်ပြေ အောင်လုပ်ပေးပါတယ်။ လိုလေ သေးမရှိအောင်ထိကို ကူညီပေး ပါတယ်။ စာကျက်ဖို့ သီးသန့်အ ဆောင်ထားပေးပါတယ်။

ဒီနှစ်က အောင်တာ နှစ်ချင်းပေါက်အောင်မြင်ခဲ့တာလား။
ဒါက နှစ်ချင်းပေါက်အောင် တာမဟုတ်ပါဘူး။ ၂၀၁၂-၁၃ မှာတုန်းက စာမေးပွဲကျလို့ နား လိုက်တယ်။ အခု ၂၀၁၆-၁၇ မှာ ပြန်ဖြေခဲ့တာပါရှင်။

ဒီလိုထူးထူးချွန်ချွန်နဲ့ အောင်တဲ့ အတွက် ဘယ်တက္ကသိုလ်မှာ တက်ချင်ပါလဲ။
သမီးက အကျဉ်းကျနေတဲ့ အတွက် ပထမအနေနဲ့ အဘ ထောင်ပိုင်ကြီးကတော့ မဖြစ်မ နေဆောင်ရွက်ပေးပါမယ်။ ဒါပေ မဲ့ သမီးရတဲ့အမှတ်နဲ့မြင့်တဲ့ တက္က သိုလ်တက်ချင်ပါတယ်။ စီးပွား ရေးတက္ကသိုလ်တက်ချင်ပါတယ်။

ညီမရဲ့ ဇာတိလေးပြောပေးပါဦး။ မိသားစုဝင်တွေနဲ့ နေထိုင်ခဲ့တာလား။
 ညီမက ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူဘက်ကပါ။ မိသားစုနဲ့ပဲနေထိုင်ပြီး တောင်သူ လုပ်ကိုင်တာပါ။ မောင်နှမ သုံး ယောက်မှာ အငယ်ဆုံးပါ။

ညီမက မူးယစ်အမှုနဲ့ထောင်ကျ တယ်လို့သိရတယ်။ တကယ်ပဲ ကျူးလွန်ခဲ့တာလား။
အခုလိုဖြစ်ရတာက ကျောင်း ဆက်တက်ဖို့အတွက် ကျောင်းစ ရိတ်ရှာတာပါ။ ကုန်စုံဆိုင်မှာ အလုပ်သွားလုပ်တာပါ။ အဲဒီလို ဆေးရောင်းတယ်ဆိုတာ သမီး မသိခဲ့ဘူး။ သမီးသူတို့ရောင်းနေ တာကို မြင်တဲ့မနက်မှာကိုပဲ ပြန် မယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ ဆိုင် ရှင်က ခွင့်မပြုခဲ့ပါဘူး။ ညနေမှ ပြန်ဆိုပြီး အထက်ရွာကို အလည် ထွက်သွားတယ်။ သမီးက ဆိုင် စောင့်နေတဲ့အချိန်မှာ ကောင် လေးတစ်ယောက် ရဲတွေနဲ့ဆိုင်ကို ရောက်လာခဲ့ပါတယ်ရှင်။ အဲဒီ ကောင်လေးက သမီးကို လက်ညှိုးထိုးပြလိုက်တာပေါ့။ အဲဒီအရာရှိကနေ ဆိုင်ရှင်ကိုရှာတာ မတွေ့တာနဲ့ သမီးကိုမေးတယ်။ မူးယစ်ဆေးဝါးသိလားဆိုတော့ သမီးက ဘယ်လိုဟာလဲလို့ ပြန်မေးတော့ အဲဒီကောင်လေးဆီမှာမိတဲ့ မူးယစ်ဆေးဝါးငါးပြား ထုတ်ပြတယ်။ သမီးရဲ့အသိစိတ်ထဲမှာ မူးယစ်ဆေးဝါးက မကောင်းတဲ့ဟာလို့သိတယ်။ ရဲလက်ထဲအပ်မယ်ဆိုတဲ့ အသိစိတ်ဝင်တဲ့အတွက် မနက်ကတွေ့တဲ့ မူးယစ်ဆေးဝါးကို လက်ညှိုးထိုးပြခဲ့တယ်။

တရားရုံးကျတော့ ညီမဘယ်လို မျိုး ထွက်ဆိုခဲ့သလဲ။
တရားသူကြီးကို ညီမ မကျူး လွန်ဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

အခုဆိုရင်  ဆယ်တန်းစာမေးပွဲကို ထူးထူးချွန်ချွန်နဲ့ အောင်ခဲ့ပေမယ့်ညီမက လက်ရှိမှာ ထောင်ထဲမှာဖြစ်နေတဲ့အပေါ်မှာ ဘယ်လို စိတ်ခံစားချက်ဖြစ်ပေါ်ရသလဲ။
ဒီလိုဖြစ်နေတဲ့အတွက် စိတ် ထဲမှာ ခံပြင်းမှုရှိပါတယ်။ ဥပဒေ အကြောင်းကို နားမလည်တဲ့အ တွက် အခုလိုဖြစ်ခဲ့တယ်။ နောက် တစ်ခါကျ မလုပ်ဖို့လည်း တွေးမိ ပါတယ်။ အသိစိတ်ဓာတ်ပိုင်း ဆိုင်ရာတွေမှာ ရင့်ကျက်လာပါတယ်။

ထောင်မကျခဲ့ရင် ဂုဏ်ထူးတွေ ကော ပိုထွက်လာနိုင်လား။
ဂုဏ်ထူးတွေ ပိုထွက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

အရင်က ကျောင်းတွေမှာကော ဆုရခဲ့ဖူးလား။
ရခဲ့ဖူးပါတယ်။ ရှစ်တန်းအ ထိ ပထမကနေ တတိယဆုအထိ ရရှိခဲ့ပါတယ်။

ညီမရဲ့ စိတ်ကူးအိပ်မက်က ဘာ ဖြစ်မလဲ။
အပြင်မှာ ကျောင်းဆက် တက်ချင်ပါတယ်။ စီးပွားရေး တက္ကသိုလ်မှာ တက်ချင်ပါတယ်။ စီးပွားရေးတက္ကသိုလ်မှာ ဆရာမ ဖြစ်ချင်ပါတယ်။

ညီမလိုမျိုး သက်တူရွယ်တူတွေကို ညီမလိုမျိုးမဖြစ်အောင် ဘာများ ပြောချင်ပါလဲ။
လူငယ်နဲ့ မူးယစ်ဆေးဝါးက မသင့်တော်ပါဘူး။ သမီးလိုပဲ သင်ခန်းစာယူစေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်
7DAY
#ZMT

No comments:

Post a Comment