Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 20, 2017

မဟာရာဇဌာပြည်နယ်မှာ ရှိတဲ့ ကမ္ဘာကျော် Karle ဗုဒ္ဒလှိုဏ်ဂူ


အိန္ဒိယ ရှေးဟောင်းသုတေသနပညာရှင်များရဲ့အလိုအရ
မဟာရာဇဌာပြည်နယ်မှာ ရှိတဲ့ ကမ္ဘာကျော် Karle ဗုဒ္ဒလှိုဏ်ဂူတွင်းက
စေတီတော်ရဲ့ သစ်သား ထီးရွက်တော်ဟာ မြန်မာနိုင်ငံက ကျွန်းသစ်နဲ့ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အနှစ် နှစ်ထောင်ခန့် ရှိပါပြီ။
အခုလောလောဆယ် အီတလီ Lerici Foundation က
သုတေသနပြုခဲ့တဲ့ သရေခေတ္တရာမြို့ဟောင်း HMA 53 က
မီးသွေးစဟာ(၂၅)နှစ်သက်တမ်းရှိတဲ့ ကျွန်းပင်သားရဲ့ အထောက်အထား
လို့ဆိုပါတယ်။ပြီးတော့ Scientific Radoicarbon Datingအရ အဲဒီ ကျွန်းသားဟာ အေဒီ(၅၀၀)ခန့်ကလို့သိရပါတယ်။ ဒီ သက်တမ်းနှစ်ခုဟာ
ရှေးဟောင်းသုတေသနနဲ့ ဆက်စပ်နေတဲ့ အထောက်အထားပါ။
ဒီထက်ပိုစောတဲ့ အချိန်ကာလ စောစောကတည်းကရှေးဦးမြန်မာ့ ယဉ်ကျေးမှုခေတ်တွေမှာ ကျွန်းသစ်ကို အသုံးပြုခဲ့ကြပါလိမ့်မယ်။ အထောက်အထားတွေတော့ရှိပါတယ်။ Radiocarbon Dating မလုပ်နိုင်သေးလို့ပါ။
Photo Credit: Wikipedia
Win Kyaing


No comments:

Post a Comment