Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 9, 2017

တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံးက ဖွံ့ဖြိုးရေးရန်ပုံငွေတွေတလွဲသုံးထားတဲ့သူတွေ ရှိ/မရှိ စာရင်းစစ်ချုပ်ကို သမ္မတကစစ်ဆေးခိုင်းပြီ


တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံးက ဖွံ့ဖြိုးရေးရန်ပုံငွေတွေတလွဲသုံးထားတဲ့သူတွေ ရှိ/မရှိ စာရင်းစစ်ချုပ်ကို သမ္မတကစစ်ဆေးခိုင်းပြီ
ဖွံ့ဖြိုးရေး ရန်ပုံငွေ တွေကို ယခင်အစိုးရ လက်ထက်က တာဝန်ရှိသူတွေ အလွဲသုံးစားလုပ်ထားတာတွေ ရှိ/မရှိ စစ်ဆေးဖို့ သမ္မတကအထူးအမိန့်ပေးထားတယ်လို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောပါတယ်။စစ်ဆေးမှာက တိုင်းတစ်ခု ၊နှစ်ခု လောက် မဟုတ်ဘဲ ပဲ တိုင်းနဲ့ပြည်နယ် ၁၄ခု နဲ့ နေပြည်တော်တို့ကို အားလုံး ပါတယ်လို့ စာရင်းစစ်
ချုပ်က ပြောပြပါတယ်။
“ဒါက အထူးတာဝန်ပေးချက်အရ စစ်ဖို့ ခိုင်းထားလို့ပါ ၊ လုပ်ရိုးလုပ်စဉ်ကတော့ ရငွေသုံးငွေပဲ စစ်ဆေးရတာပါ”လို့ ဦးမော်သန်းက ပြောပါတယ်။ဇွန်လ ၉ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွတ်တော် အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ အထက်ပါအတိုင်းပြောကြားခဲ့တာပါ။စစ်တာကို စက်တင်ဘာလ အပြီးစစ်ဖို့ရည်မှန်းထားတယ်လို့ သူကဆိုပါတယ်။
“ဘယ်တိုင်းနဲ့ပြည်နယ်တွေ ဦးစားပေး စစ်မယ်ဆိုတာတော့ မရှိပါဘူး ၊ ၉လပိုင်းတော့ အပြီးစစ်နိုင်ဖို့တော့ရည်မှန်းထားတယ်”လို့ ဦးမော်သန်းကထပ်ပြောပါတယ်။သမ္မတက ခုလို တာဝန်ပေးတာဟာ ပြည်သူလူထု စိုးရိမ်စိတ်ရှိမှာစိုးတဲ့အတွက်ကြောင့် လို့ သူက ထပ်ပြောခဲ့ပါတယ်။
စိုင်းလမင်း
Popular News

No comments:

Post a Comment