Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 25, 2017

မနေ့က မန္တလေးတွင် ဓားဖြင့် ရက်စက်စွာထိုးသတ်ခဲ့သည့်လူသတ်မှု့နောက်ဆုံးရသတင်း


မနေ့က မန္တလေးတွင် ဓားဖြင့် ရက်စက်စွာထိုးသတ်ခဲ့သည့်လူသတ်မှု့နောက်ဆုံးရသတင်း

ကွဲကွာနေသည့် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား ဓားနဲ့ အချက်ပေါင်းများ စွာထိုးသတ်တဲ့ လူသတ်မှု မန္တလေးမြို့ ပေါ်တွင် ဖြစ်ပွားခဲ့သည်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် တမာတန်းနားမှာ ယနေ့(ဇွန် ၂၄ ရက်) ညနေ ၅ နာရီခွဲအချိန်ခန့်က ကွဲကွာနေသည့် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား ဓားနဲ့အချက်ပေါင်းများ စွာထိုးသတ်တဲ့ လူသတ်မှုတစ်ခုဖြစ် ပွားခဲ့ပါ တယ်။

လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကတည်းကကွဲကွာနေတဲ့ ခင်ပွန်းဖြစ်သူရဲ့ အသတ် ခံရတာလို့သိရပြီး အသတ်ခံ ရသူမှာ ၀ဲနှုတ်ခမ်းေ အာက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ၀ဲပါးထိုးသွင်းဒဏ်ရာ ၁ ချက်၊ လည်ပင်း တည့်တည့်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ၀ဲပုခုံးထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ၀ဲလက် မောင်းထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာလက်ခုံလက်မနဲ့  လက်ညှိုးကြားပြတ်ရှဒဏ်ရာ ၂ ချက်၊ ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ ၂ ချက်တို့နဲ့ သေဆုံး သွားခဲ့တာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှူး ရဲမှူးဝင်းနိုင် ရဲ့ အနီး ကပ်ကြီး ကြပ်မှုနဲ့ အမှုစစ်ဒုရဲမှူး သိန်းလွင် က အခင်းဖြစ်ရပ် အား သက်သေတွေနဲ့အတူသွားရောက်စစ် ဆေး ရာမှာ တရားလိုမ၀င်းဝင်းနွယ်(ခ) မနွယ် ရဲ့ပြောပြချက်အရ မစုစုကြည်မှာ ၄င်းရဲ့ ခင်ပွန်းဖြစ်သူ ၀င်းမြင့်အောင် နဲ့ လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကစပြီး တရားဝင် ကွာရှင်းမှု မရှိ၊ အတူပေါင်းသင်းနေထိုင်ခြင်း လည်းမရှိကြောင်း၊ ၀င်းမြင့်အောင် မှာကောင်းမွန်စွာ လုပ်ကိုင် ကျွေးမွေးခြင်း မရှိဘဲ ဇနီးဖြစ်သူ အား မကြာခဏနှိပ်စက်တဲ့အတွက် မပေါင်းသင်းဘဲနေထိုင် ခဲ့ခြင်းဖြစ်ကြောင်း၊ ဇွန် ၁၆ ရက် ည ၈ နာရီခွဲ အချိန်ခန့်မှာ ၀င်းမြင့်အောင်မှ မစုစုကြည်ဆီရောက်လာပြီး ၅ ရက်အတွင်း နင့်ကိုငါသတ်မယ်လို့ကြိမ်း မောင်း သွားခဲ့ေ ကြာင်း စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် တရားခံ လို့ ယူဆရသူ အား ဖမ်းဆီး ရမိနိုင်ဖို့ အတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တရားခံလို့ယူဆရသူမှာ ကျောက်ဆည်မြို့နယ် ဆူးကုန်းကျေးရွာ ဇာတိဖြစ်ပြီး တံတားဦးမြို့ နယ် ကျောက်ဖူးကျေးရွာမှာ နေထိုင်တယ်လို့ ထပ်မံ စုံစမ်းသိရတာကြောင့် တိုင်းမှုခင်းအကူဌာန စိတ်မှရဲအုပ်အောင်နိုင်ဦး နဲ့အဖွဲ့၊ ခရိုင်မှုခင်းနှိမ်နှ င်းရေးအဖွဲ့မှရဲအုပ်အောင်ကိုဝင်းနဲ့အဖွဲ့၊ နယ်ထိန်းခေါင်း ဆောင်ဒုရဲအုပ်ဝင်းညွန့်အောင်နဲ့အဖွဲ့၊ ကျောက်ဆည်ခရိုင် မှုခင်းနှိမ်နှင်းရေး အဖွဲ့မှဒုရဲအုပ်ဝင်း မျိုးနဲ့ အဖွဲ့တို့က သွားရောက် ရှာဖွေ ဖမ်းဆီးနေ တယ်လို့ ရဲမှတ်တမ်းအရသိရ ပါတယ်။

အသတ်ခံရသူရဲ့အစ်မဖြစ်သူတရားလိုမ၀င်းဝင်းနွယ်(ခ)မနွယ်ရဲ့ပြောပြချက်မှာ ၄င်းနေအိမ်မှာ ရှိနေစဉ် ပြည်ကြီးတံ ခွန်မြို့နယ် ယောမင်းကြီးလမ်းမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ ခင်ပွန်း ဖြစ်သူ ကိုမိုးဝင်း ကဖုန်းဆက်ပြီး ၄င်းရဲ့ညီ မဖြစ်သူမစုစုကြည်မှာ တံခွန်တိုင်ရပ်ကွက်၊ တမာတန်း နားမှာ အသတ်ခံရလို့သေသွားပြီဖြစ်ကြောင်းပြောတာကြောင့် သွားရောက်ကြည့်ရှု ရာ မစုစုကြည်လမ်း ပေါ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့သေဆုံးနေတာကိုတွေ့ ရတဲ့အတွက် တရားလိုတို င်ကြားခဲ့ တာဖြစ်တယ် လို့လည်း ရဲမှတ်တမ်း မှာဖော်ပြ ထားပါတယ်။

တရားခံလို့ယူဆရသူဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေ ကကြိုးပမ်းဆောင်ရွက်နေ သလို ဒီအမှုအပေါ် ပြည်ကြီးတံ ခွန်မြို့နယ် မြို့မရဲစခန်းက (ပ)၅၀၅/၂၀၁၇၊ အမှုကြီးအမှတ်စဉ်(၆/၂၀၁၇)၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့အမှုဖွင့်အေ ရး ယူထားတယ်လို့သိရပါတယ်။

နောက်ဆုံးရတဲ့သတင်းအရ တရားခံလို့ယူဆရသူမှာ ထွက်ပြေး လွတ်မြောက်နေ တာကြောင့် တွေ့ရှိပါက ပြည်ကြီးတံခွ န်မြို့နယ် မြို့မရဲစခန်း ဖုန်းနံပါတ် 02-80348 02-80347 အပါအ၀င် နီး စပ်ရာ ရဲစခန်းတွေဆီသတင်း ပေးကူညီပေး ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
ခရက်ဒစ်




No comments:

Post a Comment