Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 25, 2017

အိမ်နီးချင်းနှင့်စကားများရာမှအသက်၇၂အရွယ်အဖိုးအိုတဦးအသတ်ခံရ


အိမ်နီးချင်းနှင့်စကားများရာမှအသက်၇၂အရွယ်အဖိုးအိုတဦးအသတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် အုတ်ဖြတ်နယ်မြေရဲကင်းစခန်းအပိုင်မှာ ဇွန် ၂၄ ရက် ည ၁၀ နာရီလောက်က အသက် ၇၀ ကျော် အဖိုးအိုတဦး အသတ်ခံရတယ်လို့ ဖြူးမြို့မရဲစခန်းက ပြောပါတယ်။

ဖြူးမြို့နယ် အုတ်ဖြတ်အုပ်စု ရင်းတိုက်စိန်ရွာနေ အသက် ၇၂ နှစ်အရွယ် ဦးသိန်းဟာ အိပ်ယာထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အတွက် သေဆုံးသူရဲ့ သားဖြစ်သူက ဖြူးမြို့မ ရဲတပ်ဖွဲစခန်းကို သွားရောက် တိုင်ကြားခဲ့တာပါ။

ဖြူးမြို့မ ရဲတပ်ဖွဲစခန်းက တာဝန်ရှိသူတဦးက “လူသတ်မှုဖြစ်တယ်ဆိုတာ ကြားတာနဲ့ ကျနော်တို့ ဆင်းသွားတယ်။ တရားခံလည်း ဖမ်းမိပါတယ်။ နောက်သက်သေခံပစ္စည်လည်း ရပါတယ်။ ညတွင်းချင်းပဲမိတာပါ။ ဓားနဲ့ခုတ်တာပါ” လို့ ပြောပါတယ်။

သေဆုံးသူ ဦးသိန်းဟာ တဦးတည်းနေထိုင်သူတဦးဖြစ်ပြီး အိမ်အနီးမှာ နေထိုင်တဲ့ ဖြူမင်း ဆိုတဲ့လူနဲ့ စကားများရာက ဖြူမင်းက ဓားနဲ့ခုတ်သတ်ခဲ့တာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

ဖြူးမြို့မရဲစခန်းက လူတဦးကို သေစေတဲ့အထိ ဓားနဲ့ခုတ်ခဲ့သူ ဖြူမင်းကို ရာဇသတ်ကြီး ပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း)

No comments:

Post a Comment