Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 15, 2017

တောင်​ကြီးမြို့ ဗိုလ်​ချုပ်​​ကြေးရုပ်​နှင့်​ ဗိသုကာ ဦးစံ​ဖေ


တောင်​ကြီးမြို့ ဗိုလ်​ချုပ်​​ကြေးရုပ်​နှင့်​ ဗိသုကာ ဦးစံ​ဖေ

သူအမည်​က ကိုစံ​ဖေ၊ ​ခေတ်​ပညာတတ်​ရှမ်းလူငယ်​။ အင်္ဂလန်​မှ မစ္စတာကင်​ခ့်​ရဲ့ လက်​​ရွေးစင်​တပည့်​အဖြစ်​အ​ရွေးခံရပြီး ဘိလပ်​တွင်​ ပန်းချီ၊ပန်းပု ပညာကို ၂ နှစ်​ကြာသင်​ကြားခဲ့သည်​။
၁၉၄၆ ​ရွှေတိဂုံအလယ်​ပစ္စယံ ညီလာခံသို့ လျို့ဝှက်​စွာ တက်​​ရောက်သည့်​ ရှမ်းလူငယ်​ ၁၀ ဦးတွင်​ နံပါတ်​ ၅။
၁၉၄၆ ပထမပင်​လုံ အပြီး ရပလ-ရှမ်းပြည်​လွတ်​လပ်​​ရေးအဖွဲ့ချုပ်​-စဖွဲ့ရာတွင်​ ပါဝင်​ခဲ့သူ။ ၁၉၄၇ ဇန်​နဝါရီလ ဗိုလ်​ချုပ်​သည်​ ​လန်​ဒန်​တွင်​ လွတ်​လပ်​​ရေး​ဆွေး​နွေးခိုက်​ ရှမ်း​စော်​ဘွား​ကြေးနန်းက ​တောင်​တန်း​ဒေသကို ကိုယ်​စားမပြု​ကြောင်း ​ပေးပို့သလို ရပလ-ကလည်း လူထုဆန္ဒပြပွဲပြုလုပ်​ကာ ​ထောက်​ခံ​ကြောင်း ​ကြေးနန်း​ပေးပို့ရာတွင်​ ဆန္ဒပြ​ခေါင်း​ဆောင်​တဦးဖြစ်​သည်​။
ထို့​ကြောင့်​ဗိုလ်​ချုပ်​က ရန်​ကုန်​​ရောက်​လျင်​ ကိုတင်​ဧ ​ခေါင်း​ဆောင်​​သော ရပလ ကို​တွေ့ချင်​​ကြောင်း လန်​ဒန်​မှ​ကြေးနန်းရိုက်​ပို့လိုက်​သည်​။
မင်္ဂလာဒုံ​လေဆိပ်​သို့ ဗိုလ်​ချုပ်​​ရောက်​ခိုက်​ ​လေယာဉ်​အဆင်း ကိုတင်​ဧအား ပထမနုတ်​ဆက်​သည်​။ ကိုစံ​ဖေက​တော့ လူငယ်​ပီပီဖက်​လှဲတကင်း ဗိုလ်​ချုပ်​အား ​ပွေ့ဖက်​ရင်း အိပ်​ကပ်​ကိုနိုက်​​ရင်း​​မေးေ​လတော့သည်​။
"ဘိလပ်​လက်​​ဆောင်​ဘာပါလဲဗိုလ်​ချုပ်​"
ဗိုလ်​ချုပ်​က အကျီ်​လောင်းကုပ်​​တောင်​ ​နေရူးကချုပ်​​ပေးခဲ့​ကြောင်း၊ အင်္ဂလန်​လက်​ရာ ဓာတ်​ပုံ​တော့ပါ​ကြောင်း ဘိလပ်​တွင်​ရိုက်​ထားသည့်​ ဓာတ်​ပုံအား ​ပေးလိုက်​​လေ​တော့သည်​။
(ကျန်​ ဖဆပလ ​ခေါင်း​ဆောင်​များမှာ သူတို့​ခေါင်း​ဆောင်​အား ဖက်​လှဲတကင်းလုပ်​​နေတာကို ဘဝင်​မကျ​ချေ။)
ဆေးသား​ကောင်းမွန်​သည့်​ ဘိလပ်​လက်ရာ ဓာတ်​ပုံရသွားသည့်​ ကိုစံ​ဖေသည်​ ​ဗိုလ်​ချုပ်​ကျဆုံးပြီး​နောက်​ ​တောင်​ကြီးတွင်​ ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ကိုယ်​တိုင်​ထုလုပ်​သည့်​ ဗိသုကာဖြစ်​သည်​။
၁၉၅၆ ​ဒေါ်ခင်​ကြည်​ ​တောင်​ကြီး​ရောက်​ခိုက်​ လွန်​စွာလက်​ရာ​မြောက်​​သော ဗိုလ်​ချုပ်​​ကြေးရုပ်​ကိုကြည့်​ပြီး အ​ကောင်းဆုံးနှင့်​ ဗိုလ်ချုပ်နှင့်​​​​ဆင်​တူဆုံး ဖြစ်​​ကြောင်း ချီးမွမ်း​လေသတည်း။
(မျက်​​မှောက်​​ခေတ်​ ​ပေါက်​ကရ လက်​ရာ ဗိုလ်​ချုပ်​ရုပ်​ထု အချို့ကို မြင်​​ယောင်​မိ​သောအခါ. . .တခါက ဗိသုကာ ပညာရှင် ရှမ်းလူငယ်​​ကိုစံ​ဖေရဲ့ လက်​ရာနှင့်​ သမိုင်းကို တန်​ဖိုးထားနိုင်​ကြပါ​စေ)
x x xx x x x
အဖွား​ဒေါ်တင်​နီ​ပြောကြားချက်​နှင့်​ပင်​လုံစာစုများအား ကိုးကားပါသည်​။
Pine Land
https://www.facebook.com/pine.land.9/posts/967199763422313







No comments:

Post a Comment