Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 15, 2017

ကလေးငယ် နှင့် ခဲတံ အန္တရာယ် သတိပြုဖွယ်


"ကလေးငယ် နှင့် ခဲတံ အန္တရာယ် သတိပြုဖွယ်"

KG{A} မှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျွန်တော့်သားသား လွန်ခဲ့တဲ့အပတ်က KG{B}အတန်းပိုင်ဆရာမရဲ့ (၄)နှစ်အရွယ်သား [မူကြိုမှာမထားဘဲ KG-Aမှာ ကျောင်းဝင်ခွင့် မှတ်ပုံတင်မရှိဘဲ ကျောင်းပျော်ထား] တဲ့ တစ်ယောက်က ခဲတံနဲ့ ဘယ်ဘက်နှာခေါင်းပေါ် မျက်စိအနီး ထိုးခြင်းခံလိုက်ရတယ်။ နောက်နှစ်ချက်ကတော့ ပါးပါးအထိုးခံလိုက်ရသေးတယ်။ ခဏစောင့်ကြည့်ရင်း နှာခေါင်းရောင်လာလို့ ရပ်ကွက်ထဲက ဆရာဝန်ပြကြည့်တော့ ခဲဆံကျိုးကျန်ခဲ့ကြောင်း ဖြစ်နိုင်တော့ ခွဲစိပ်အထူးကုနဲ့ ပြသတာ ပိုကောင်းတယ်လို့ လမ်းညွှန်မှုပေးခဲ့ပါတယ်။ ဒါနဲ့ အချိန်မဆိုင်းဘဲ ခွဲစိပ်ဆရာဝန်နဲ့ ပြကြည့်တော့ မျက်လုံးနဲ့နီးတော့ အန္တရာယ်များနိုင်တယ် ခဲဆိပ်ပျံ့နှံ့နိုင်တော့ မေ့ဆေးပေးပြီး ခွဲစိပ်ခန်းဝင်ဖို့ ဒီနေ့မနက်စောစောချိန်းလိုက်တယ်။ ဒီနေ့မနက်တော့ မေ့ဆေးပေးပြီး အတွင်းထဲကျန်ခဲ့တဲ့ ခဲတံအကျိုးစကို ဖယ်လို့ပြီးသွားပါပြီ။ ဆရာဝန်က တော်တော်ပြင်းတဲ့အရှိန်နဲ့ အထိုးခံလိုက်ရတဲ့အတွက် မျက်လုံးဆိုရင်ပေါက်တယ်။ အခုလည်း အရိုးထိရောက်သွားတဲ့အတွက် မေ့ဆေးအပြင် ထုံဆေးပါ ထပ်ထိုးလိုက်ရတယ်။ ခန့်မှန်းထားတဲ့ အချိန်ထပ်ကျော်ပြီး Operationချိန် ၁နာရီနီးပါး ကြာသွားတယ်။ (၁)ချက် ချုပ်လိုက်ရတယ်။ အခု ဆေးရုံမှာ ၃ နာရီလောက် အိပ်စက်အနားယူပြီးရင် ပေးဆင်းပါပြီ။ အခု သားသား အားလုံးကောင်းမွန်စွာ ကျန်းမာလျက်ရှိပါတယ်။

ကျွန်တော်ရဲ့ အဓိကပေးချင်တဲ့ အသိလေးကတော့
ကလေးငယ်တွေရဲ့မိဘအားလုံး အားလုံး
အန္တရာယ်ဆိုတာ မဖြစ်ခင်က ဖြစ်တတ်တာလေးတွေ အသေးအမွှားကအစ ဘာလုပ်လိုက်ရင် ဘာဖြစ်တတ်တယ်ဆိုတာလေးတွေ ဆောင်ရှန် ရှောင်ရန် အလိမ္မာနည်းသုံးပြီး သားသားမီးမီးတို့အပေါ် နားဝင် နားလည်နိုင် ပြောဆိုပေးရန် သင့်ပါတယ်လို့ မေတ္တာ စေတနာ ရှေ့ထားလျက် ကိုယ်တွေ့ခံစားချက်ကလေး တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ။

Credit to AUNG Myint Htay





No comments:

Post a Comment