Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 25, 2017

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့တက္ကသိုလ်များအကြောင်း


အမေရိကန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်ကျောင်းမှာဘယ်လိုသင်ကြားနေကြတယ်ဆိုတာကို သိချင်နေကြမှာပဲနော်။ ဒီဆောင်းပါးလေးက အဖြေပေးပါလိမ့်မယ်။

စာသင်ခန်းများ
အမေရိကန်နိုင်ငံတွင်ရှိသော တက္ကသိုလ်များဧ။် စာသင်ခန်းများတွင် သုံးသောသင်ကြားပုံများသည် အထူးသဖြင့် ဆွေးနွေးခြင်းကို ပိုပြီးဦးစားပေးပါသည်။ ဆရာများသည် ကျောင်းသား၊ ကျောင်းသူများအား “ဒီကိစ္စနဲ့ ပတ်သတ်ပြီး မင်းဘာထင်သလဲ။ မင်းဘာကြောင့်ဒီလို ထင်သလဲ “ စသည်တို့ ကို မေးမြန်းလေ့ရှိပြီး ကျောင်းသား ၊ ကျောင်းသူများသည် တစ်ယောက်ပြီး တစ်ယောက်ဖြေတတ်ကြသည်။ တစ်ခါတစ်ရံတွင် ကျောင်းသား ၊ ကျောင်းသူများ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူသည့်အခါများရှိသည်။ အဲ့လိုအခါမျိုးတွင် မင်းကဘာလို့ မှားလဲ၊ ငါကဘာလို့ မှန်လဲစသည်ဖြင့် ကိုယ့်အတွေးကိုတွေးပြီး တိုက်ခိုက်ချေပကြသည်။ ဒီလိုနည်းဖြင့် ကျောင်းသား၊ ကျောင်းသူများဧ။် ကိုယ်ပိုင်စဉ်းစားနိုင်ခြင်းကို တိုးတက်စေသည်။ ပညာရေးဧ။်ရည်ရွယ်ချက်မှာ ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းကို ကြီးထွား ပေးရမည်ဖြစ်သည်။ ဒီ အခြေခံမူကို အမေရိကန်ရှိ စာသင်ခန်းများတွင် အဓိကသုံးသည်။

ပါမောက္ခများဧ။် စာသင်ကြားပုံ နည်းနာများ
ဆရာများသည် ကျောင်းသားများကို စာသင်ခန်းအချိန်သို့ မလာမှီ အိမ်စာများကို လုပ်ပြီးသားဖြစ်ရမည်ပာု မှတ်ချက်ချပြီး သူတို့ သည် ချက်ချင်းလိုလိုပဲ သင်ခန်းစားများမှ အရေးကြီးသည့်အရာများကိုသာ သင်ကြားလေ့ရှိပါသည်။ သင်ရိုးမာတိကာ ( syllabus ) ဆိုသည့် အချိန်စာရင်းဆွဲထားသည့် စာရွက်ရှိပြီး ဘယ်နေ့ မှာ ဘာအကြောင်းသင်မယ်၊ ဖတ်စာအုပ်မှာ ဒီ သင်ခန်းစာဖတ်ခဲ့ စသည်ဖြင့် ရေးထားပြီး ထို အချိန်စာရင်းတိုင်းသာ သင်လေ့ရှိကြသည်။ အတန်းထဲတွင် ဆွေးနွေးမှုကိုဦးစားပေးပြီး ကျောင်းသားများဧ။် ကိုယ်ပိုင်တွေးခေါ်စဉ်းစားမှုကို ဦးစားပေးတတ်ကြသည်။ ကျောင်းသားများအား လွတ်လပ်စွာတွေးခေါ်နိုင်မှုကိုအားပေးပြီး နိုင်ငံရေးသိပ္ပံ အခန်းများတွင် အကြောင်းရာတစ်ခုခုအားဆွေးနွေးရင် ဆရာများက ပြောကြသည့်မှာ “မင်းဘယ်လိုထင်ချင်သလို ထင်သလို့ ရတယ်။ မင်းကငါနဲ့ သဘောတူတူ သဘောမတူတူ ဘာမဆိုပြောလို့ ရတယ်။ အဓိက မင်းဘာကြောင့်အဲ့တာကို ထင်သလဲဆိုတာကို ပြောပါ။ အဲ့တာကိုကြည့်ပြီးတော့ ငါအမှတ်ပေးမယ်။” ဆရာများသည် ဝေဖန်စွာစဉ်းစားခြင်း ( critical thinking ) ကို ဦးစားပေးပြီး ကျောင်းသားများကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း (analysis) လည်းလုပ်စေချင်ကြသည်။ မေးခွန်းများမေးသည်ကို နှစ်သက်ပြီးမေးခွန်းမေးရင်အရှည်ကြီးကျယ်ပြန့် စွာ ဖြေတတ်ကြသည့်အတွက် အံ့သြဖို့ ကောင်းလှပါသည်။

Office Hour ( ရုံးချိန်နာရီများ )
ဆရာများသည် ကျောင်းသာများနှင့် သီးသန်တွေ့ ဖို့ ရန်အတွက်လည်း အချိန်များရှိကြပါသည်။ ကျောင်းသားများသည် ဆရာကပေးလိုက်သော assignment များနှင့် မရှင်းသည်များ ၊ တခြားစာနားမလည်သည်များကို မေးဖို့ ရန်အတွက်စသည်များကို ဆရာများနှင့် တိုက်ရိုက် မေးမြန်းနိုင်ပါသည်။ ဆရာများကလည်း လှိုက်လှိုက်လှဲလှဲ ဖြေတတ်ကြပြီး လာသည့်ကျောင်းသား ၊ ကျောင်းသူများကို မှတ်မိတတ်ကြသည်။ သွားတွေ့ လိုက်ပြီး မေးသည့်အခါ ဆရာများဆီက အဖြေကိုရသောအခါ အင်မတန်အကျိုးရှိလှပါသည်။

စာကြည့်တိုက်
စာကြည့်တိုက်သည် လေးထပ်ရှိပြီး စာကြည့်တိုက်တွင် စာအုပ်များငှားလို့ ရသည်။ စာအုပ်များငှားရာတွင် Catalog ဆိုသည် စာအုပ်များကို ရှာသည့် ကွန်ပြူတာများရှိပြီး ထိုကွန်ပြူတာများတွင် အချက်အလက်ရိုက်ပြီး စာအုပ်နာမည်များပေါ်လာသည်။ နောက်ပြီး ထိုစာအုပ်နာမည်များအပေါ်နှိပ်လိုက်ရင် ထိုစာအုပ်သည် စာကြည့်တိုက်ဧ။် ဘယ်အထပ် ဘယ်စာအုပ်ဆင်နံပါတ်တွင်ရှိသည်ကို ပြောသည်။ ကျောင်းသားသည် ထိုစာအုပ်ရှိသည့်နေရာကို သွားပြီးလိုက်ရှာပြီး ရယူနိုင်သည်ဖြစ်သည်။
ထူးခြားသည်တစ်ခုမှာ Brooklyn College သည် City University of New York ( CUNY ) လက်အောက်တွင်ရှိပြီး တကယ်လို့ ကိုယ်လိုချင်သောစာအုပ်မှာ Brooklyn College Library တွင် မရှိရင် တခြား CUNY လက်အောက်က ကျောင်းများက စာကြည့်တိုက်များကနေ စာကြည့်တိုက်မှူးကနေ ငှားပေးပါလိမ့်မည်။ ဒီနေရာတွင် ပိုပြီးနားလည်အောင် City University of New York ( CUNY )ဆိုတာကို ရှင်းပြပါမယ်။ CUNY လက်အောက်တွင် ကျောင်းပေါင်း ( ၂၄ ) ကျောင်း ရှိပြီး ထိုကျောင်းများက စာကြည့်တိုက်များမှာ ကိုယ်လိုချင်သည့်စာအုပ်ကို ရှာပေးပြီး Brooklyn College စာကြည့်တိုက်ကို ပို့ ပေးမည်ဖြစ်ပါသည်။ ကျောင်းသားသည် စာကြည့်တိုက်မှူးမှတစ်ဆင့် ထိုစာအုပ်ကို ဖတ်ရှုနိုင်ပါသည်။ ရည်ရွယ်ချက်သည် လေ့လာသင်ယူခြင်းကို အလွယ်တကူရရှိနိုင်စေဖို့ ဖြစ်ပါသည်။ ထို့ အပြင့် research ( သုတေသနလုပ်ခြင်း )ကိုလည်း ကူညီခြင်းဖြစ်ပါသည်။

စာကြည့်ခြင်း
စာကြည့်တိုက်ဆိုတာ စာကြည့်မယ် စာအုပ်ငှားဖို့ မပာုတ်ဘူးလား။ Brooklyn College စာကြည့်တိုက်မှာ စာကြည့်ဖို့  study carrels လို့ ခေါ် စာကြည့်စားပွဲတွေအများကြီးရှိပါတယ်။ မြေအောက်ခန်းမှာ စာကြည့်စားပွဲခုံတွေအများကြီးရှိတယ်။ ပထမထပ်မှာ Quiet Reading Room ( တိတ်ဆိတ်သောစာကြည့်ခန်း ) ဆိုပြီး တစ်နေရာရှိတယ်။
ပထမထပ်မှာပဲနောက်ပြီး စာကြည့်စားပွဲခုံတွေစုထားတဲ့ တစ်နေရာရှိတယ်။ ဒါပေမဲ့ ထိုနေရာကအဲ့လောက်ကြီး မတိတ်ဆိတ်ပါဘူး။ ကျောင်းသားတွေ team work ( အဖွဲ့ လိုက်အလုပ် ) လုပ်နိုင်ပြီး ဆွေးနွေးနေတတ်တဲ့အတွက် မတိတ်ဆိတ်တတ်ပါ။

ဒုတိယထပ်မှာ Reading Room ( စာဖတ်ခန်း ) ဆိုပြီး ရှိပြီး study carrels ( စာကြည့်စားပွဲခုံ ) တွေကို တန်းစီပြီး စနစ်တကျ နေရာချထားပါတယ်။ တစ်ခါတစ်ရံတိတ်ဆိတ်တပ်ပြီး စာဖတ်လို့ ကောင်းတဲ့ နေရာတစ်ခုပါ။ တတိယထပ်မှာလည်း study carrels ( စာကြည့်စားပွဲခုံ ) တွေကို စာအုပ်စင်တွေရဲ့ ဘေးမှာ တန်းစီထားတဲ့ နေရာတစ်နေရာရှိပါတယ်။ လေးထပ်မှာလည်း Reading Room ( စာဖတ်ခန်း ) ဆိုပြီး ထပ်ရှိပါတယ်။

ကျောင်းသားတွေပာာ စာတွေအများကြီးဖတ်စရာရှိကြပါတယ်။ စာမျက်နှာမြောက်များစွာဖတ်စာရာတွေ ရှိပြီး Research Paper ( သုတေသနလုပ်ပြီးရေးသော စာတမ်း ) တွေလည်း ရေးကြရပါတယ်။ ကျွန်တော်ဆိုစနေ တနင်္ဂနွေမှာ တစ်ခါထဲထိုင်ပြီး တစ်နေကုန်ပဲ စာလုပ်နေတတ်ပါတယ်။

အချိန်စာရင်း
ကျောင်းသာ၊ ကျောင်းသူများသည် ကိုယ်ပိုင် ကျောင်းတက်သည့် အချိန်စာရင်းကို ရွေးလို့ ရပါသည်။ အမေရိကားတွင် ကျောင်းသား ၊ ကျောင်းသူများသည် အချိန်ပိုင်းအလုပ်လုပ်တတ်ကြပြီး မနက်အလုပ်လုပ်သည့်သူသည် ညနေပိုင်းမှ ကျောင်းတက်ချင်ကြပြီး ညပိုင်းအလုပ်လုပ်သည့်သူသည်
မနက်ခင်းတွင်သာ ကျောင်းတက်ခြင်းကြသည်။ ထိုအရာများကိုသိသည့် ကျောင်းက အုပ်ချုပ်သူများသည်
စာသင်ချိန်များကို မနက်၊ နေ့ လည် ၊ ည စသည်ဖြင့် မျိုးစုံလုပ်ပေးထားကြသည်။

နောက်ပြီး ပိုပြီးထူးခြားသည်မှာက ကိုယ်ယူချင်သည့် စာသင်ခန်းများကို ရွေးချယ်ပိုင်ခွင့်ရှိသည်။

Learning Center
ကျောင်းတွင် ဘာသာရပ်တစ်ချို့ ကို စာတော်သည့် တတိယနှစ် ၊ လေးနှစ်အထိရောက်နေသော စီနီယာကျောင်းသား ၊ ကျောင်းသူများသည် ငယ်ရွယ်သည့် ပထမနှစ် ၊ ဒုတိယနှစ် ကျောင်းသားများနှင့် တခြားအကူအညီလိုသည့် ရွယ်တူကျောင်းသား ၊ ကျောင်းသူများကိုပါ tutor လုပ်ကြသည်။ Master Degree တက်နေသည့် ကျောင်းသား ၊ ကျောင်းသူများသည်လည်း စာသင်ပေးကြသည်။ စာလာမေးသည့်ကျောင်းသား ၊ ကျောင်းသူများသည် ပိုက်ဆံပေးစရာမလိုပါ။ ကျောင်းလခထဲတွင် student fees ဆိုသည့် နေရာတွင်ပါပြီးသားဖြစ်ပါသည်။

မေဂျာရွေးခြင်း
အမေရိကန်ပညာရေးစနစ်တွင် ထူးခြားသည့်အရာတစ်ခုရှိသည်။ ကျောင်းကို စ၀င်ပြီးတာနှင့် ကိုယ်ဘာမဆို သင်ယူနိုင်ခွင့်ရှိသည်။ မေဂျာကို ဒုတိယနှစ်ဧ။် ဒုတိယ Semeseterမှ တရားဝင်ရွေးချယ်ကြပြီး ကိုယ်ယူခြင်းတာကို ယူပိုင်ခွင့်ရှိကြသည်။ ဥပမာ သမိုင်းကိုယူချင်ရင်ရသည်။ ထိုအတွက် အမှတ်သတ်မှတ်ချက်မရှိပါ။ ထို့ အပြင် English Major ဖြစ်ချင်ရင်လည်း ရသည်။ ထိုအတွက် သတ်မှတ်ချက်မရှိပါ။

အကြံပေးခြင်း
ကျောင်းသား၊ ကျောင်းသူများကို သူတို့  Bachelor of Arts ဘွဲ့ ကို ဦးတည်ပြီး ကျောင်းတက်ရာတွင် သူတို့ သည် ဘယ်မယူမနေရ အခန်းများကို ယူပြီးပြီ ၊ B.A ဘွဲ့ ကို ရဖို့  ၁၂၀ credits ပြည့်ဖို့ အတွက် ဘယ်လောက်တောင်လိုပြီး course ဘယ်နှစ်ခု ထပ်ယူရဦးမယ်ဆိုတာကို အကြံညံပေးတဲ့ အကြံပေးသူ ( advisor ) များလည်း ရှိကြပါတယ်။ ထို အကြံညဏ်ပေးသူများကို တခြားသောမေးခွန်းများကိုလည်း မေးလို့ ရပါတယ်။
မှတ်ချက်။ အမေရိကန်ပညာရေးစနစ်တွင် နှစ်ဝက်သင်တန်းကာလတစ်ခုတွင်ယူရသောစာသင်ခန်းတစ်ခုကို ( ၃ ) credit အနေနဲ့ သဘောထားပြီး B.A ကိုရဖို့ စုစုပေါင်း ( ၁၂၀ ) credits ယူရမည်ဖြစ်ပါသည်။
ဒီလောက်ဆိုရင်စာဖတ်သူပရိသတ်တို့  အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တွေမှာဘယ်လိုပညာသင်ကြားနေကြလဲဆိုတာ သိမယ်လို့ ထင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ကျော်ထွန်း
ကျော်ထွန်းသည် City University of New York, Hunter College တွင်တက်ရောက်နေသောကျာင်းသားတစ်ယောက်ဖြစ်သည်။

No comments:

Post a Comment