Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 12, 2017

ဆိုင်ကယ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရဲတပ်ဖွဲ့ ဝင်များကို ဓါးဖြင့်ခုတ်သဖြင့် ၀ိုင်းဝန်းလုံးထွေးဖမ်းဆီး



၁၁-၅-၂၀၁၇ ရက်နေ့ ည ၁၀ နာရီအချိန် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းမှ ညဥ့်ဦးလှည့်ကင်း တာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များသည် လှည့်ကင်းတာဝန်ဆောင်ရွက် နေစဉ် ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၀x၆၂ လ မ်းထောင့်တွင် ၆၂ လမ်းအတိုင်း တောင်မှမြာက်သို့ နံပါတ်မပါ MSX ဆိုင်ကယ် မောင်းနှင်လာသူ ၂ ဦးသည် ဓါးရှည် ၁ ချောင်းအား ကိုင်ဆောင်ထားသည်ကို တွေ့ရှိရသည်။

ရပ်တန့်စစ်ဆေးနိုင်ရေး ဆောင်ရွက်ရာ ၎င်းတို့မှ ၆၂ လမ်းအတိုင်း မောင်းနှင်ထွက်ပြေး သွားသဖြင့် ၎င်းတို့နောက်သို့ လို က်လံဖမ်းဆီးရာ ၂၈ လမ်း၊ ၆၀x၆၂ လမ်းကြားသို့ ချိုးကွေ့ရောက်ရှိစဉ် လှည့်ကင်းအဖွဲ့မှ ထွက်ပြေးသည့်ဆိုင်ကယ်အား ပိတ်ဆို့ရပ်တန့်စေရာ နောက်ထိုင်လိုက်ပါသူက ဓါးနှင့် ခုတ်သဖြင့် တပ်ဖွဲ့ဝင်များတွင် ဒဏ်ရာများရရှိခဲ့သည်။

ထိုသို့ဖြစ်ပွားစဉ် ကျန်လှည့်ကင်းတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းလုံးထွေးဖမ်းဆီးရာ ထက်ဝေယံ(ခ) ဝေယံ(ခ)ပိန်ညောင် ၁၈ နှစ်၊ စိန်ပန်းရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နှင့် တစ်ရပ်ကွက်တည်းနေ ဝေယံထက်(ခ)ကတုံး(ခ)ပျာလောင် ၂၄ နှစ် တို့အား ဖမ်းဆီးရမိသဖြင့် ထက်ဝေယံနှင့် ဝေယံထက် တို့အား အမှတ်(၃)နယ်မြေရဲစခန်းတွင်အမှုဖွင့်စစ်ဆေးေ ဆာ င် ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice




No comments:

Post a Comment