Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 12, 2017

၅၁ လမ်း” ရုံးက ကိုယ်​​တွေ့ အဖြစ်​အပျက်​​လေး


ဖစ်​စဉ်​အကျဉ်း​လေးက ဒီလို…. သောကြာ​နေ့(၅.၅.၂၀၁၇) ​နေ့လည်​​လောက်​က လမ်းမ​တော်​ သံ​ဈေး​ရှေ့မှာ ယဉ်​နှစ်​ထပ်​ ရပ်​မိလို့ ရဲအဖမ်းခံရတယ်​။ လိုင်​စင်​ သိမ်းသွားတယ်​။ ရပ်​ရတဲ့အ​ကြောင်းအရင်းက ၄ နှစ်​အရွယ် ကျွန်​​တော့်​ သ မီး ​လေးကို လိုင်​စင်​ ဓာတ်​ပုံရိုက်​​ပေးဖို့ ကိုယ်​တိုင်​ လိုက်​ရတဲ့ အတွက်​ ကားထဲမှာ မ​စောင့်​နိုင်​ပဲ ရပ်​ထားခဲ့ရတယ်​။
(ဘာပဲဖြစ်​ဖြစ်​ အပြစ်​က အပြစ်​ပါပဲ။) ၅မိနစ်​ အကြာမှာ ယဉ်​ထိန်းရဲ​ တွေ ​ရောက်​လာပြီး ကျွန်​​တော်​ အပါအဝင်​ ၁၀ စီးေ ကျာ်​​လောက်​ အဖမ်းခံရပါတယ်​။ ကျွန်​​တော်​ ကိုဖမ်းတဲ့ သ​ဘော​ကောင်းတဲ့ ဦးရဲကြီးကို အကျိုးအ​ကြောင်း ရှင်းပြ​တော့ အများနဲ့မလို့ လိုင်​စင်​ပြန်​​ပေးလို့ မရ​ကြောင်း ​ပြောပြီး ခါးပတ်​ မပတ်​တဲ့အမှူ နဲ့ ​ဖွင့်​​ပေးခဲ့ပါတယ်​။(တစ်​ပြားတစ်​ကျပ်​ မှမ​ပေးခဲ့ရပါ)။ အဓိက​ပြောလိုသည်​မှာ လိုင်​စင်​ အဖမ်းခံရတဲ့ ကိစ္စ မဟုတ်​ပါ။ ၅၁ လမ်းရုံး​ရောက်​ပြီး ဖြစ်​ပျက်​ခဲ့တဲ့ အေ တွ့အကြုံ​လေး​တွေကို ပြောပြလိုခြင်းပါ….
လိုင်​စင်​ ​ရွေးဖို့ ၅၁ လမ်းရုံး ​ရောက်​​သောအခါ…..
စ​နေ​နေ့(၆.၅.၂၀၁၇) ​နေ့လည်​ ၅၁လမ်း ရုံး​ ရောက်​လို့ လိုင်​စင်​​ ရွေးတဲ့ ​နေရာလည်း​ရောက်​​ရော တာဝန်​ကျ ဝန်​ထမ်းနှ စ်​​ယောက်​ နဲ့​တွေ့လို့ လိုင်​စင်​​ရွေးခြင်​​ကြောင်း​ပြောပြီး ချလံ စာရွက်​​လေး​ပေးလိုက်​​ရော ဘာမှမစစ်​​ဆေး​သေးပဲ တန်း​ပြော တာက ၂၅၀၀၀ ကျပါတယ်​တဲ့။ ကျွန်​​တော်​ ဖြတ်​ပိုင်း လိုချင်​​ကြောင်းလဲ​ပြော​ရော ဒီ​နေ့က တရားရုံးပိတ်​ရက်​ဖြစ်​တဲ့ အတွက်​ ဖြတ်​ပိုင်း မရနိုင်​​ကြောင်းပြန်​​ပြောပါတယ်​။
အမှန်​တကယ်​ တရားရုံး ကို​ပေး​ဆောင်​ရမဲ့ ​ဖြတ်​ပိုင်း ​ပေါ်က ​ဒါဏ်​​ ​ကြေးက ဘယ်​​လောက်​ လဲလို့​မေး​တော့ တစ်​​ယောက်​က ၂၃၀၀၀ တဲ့ တစ်​​ယောက်​က ၂၁၀၀၀ ဝန်းကျင်​တဲ့။
ဘယ်​လိုဖြစ်​လို့ အမတို့နှစ်​​ယောက်​​​ပြောတဲ့ ဒါဏ်​​ကြေး​ တွေက မတူတာလဲလို့ ​မေးရင်း သူတို့တစ်​ခွန်း ကျွန်​​တော်​ တစ်​ခွန်း နဲ့ ​ပြော​နေကျတုန်း အရာရှိ ဖြစ်​ဟန်​ရှိတဲ့ အကို​တစ်​​ယောက်​ ​ရောက်​လာပြီး ​ကျေနပ်​လက်​ခံနိုင်​တဲ့ ​ဖြေရှင်းချက်​​တွေ​ပေးပြီး ဝင်​​ရောက်​​ဖြေရှင်း​ပေးကာ တရားရုံးမှာ​ဆောင်​ ရမဲ့ ဒါဏ်​​ကြေး အတိုင်း လုပ်​​ပေးမည်​ဟုဆိုကာ ကျွန်​​တော့်​ လိုင်​စင်​ သွားလဲ ရှာ​ရော လိုင်​စင်​ဖမ်းခံရတဲ့ လမ်းမ​တော်​ မြို့နယ်​က အမှူတွဲ​တွေ ရုံးကိုမ​ရောက်​​သေး ​ကြောင်းသိရပါတယ်​။

(လုပ်​ဇာတ်​ ဟုတ်​/မဟုတ်​ ​တော့ တကယ်​မသိလို့ အပြစ်​မ​ပြောလို့ပါ)။ အဲ့ဒီမှာ တစ်​ခု ​​ပြောချင်​တာက တစ်​ချို့ဝန်​ထမ်းေ တွက သူတို့လုပ်​နိုင်​/မလုပ်​နိုင်​ တာကို အရင်​မ​တွေးဘူး ​ငွေစကား အရင်​စ​ပြော​တော့တာပဲ။ အဲ့ဒါနဲ့ တနင်္လာ​နေ့ကို ပြန်​လာဖို့​ပြောလို့ ပြန်​လာခဲ့ပါတယ်​။
ကျွန်​​တော်​ ​တကယ်​​ပြောပြချင်​တဲ့ အ​တွေ့အကြုံ​လေး က
တနင်္လာ​နေ့(၈.၅.၂၀၁၇) ယ​နေ့ ကြုံ​တွေ့ခဲ့ရတဲ့ အဖြစ်​အပျက်​​လေးပါ။မနက်​ ၁၀ နာရီ ဝန်​ကျင်​​လောက်​ ၅၁ လမ်းရုံး ကိုေ ရာက်​​တော့ လိုင်​စင်​​ရွေးတဲ့ နားမှာ လူ ၁၅ ​ယောက်​ဝန်းကျင်​​လောက်​ စုပြုံ​နေတာနဲ့  ​ဘေးနားက ခဏ ရပ်​ပြီး နား​ထော င်​​နေလိုက်​တာ စကား​ပြောညက်​ပြီး အ​ပြော​ကောင်းပုံရတဲ့ တာဝန်​ကျ ဝန်​ထမ်း အမကြီးက လူ​တိုင်းကို ဘာပြစ်​မှူနဲ့ပဲ လာ လာ သူပြန်​​မေးတဲ့ ​မေးခွန်းက တစ်​ခုထည်းပဲ။
“တရားရုံးသွားမှာလား” တဲ့။ မသွားရင်​ ၂၅၀၀၀ ဆိုပြီး တစ်​ယာက်​ပြီး တစ်​​ယောက်​နဲ့ ကျွန်​​တော်​ အလှည့်​​ရောက်​လာ ပါ​လေ​ရော။( ကျွန်​​တော်​ အ​ရှေ့က လူတိုင်း လိုလိုက လည်း ပြန်​​ဖြေတဲ့ အ​ဖြေကတစ်​ခု တည်းဖြစ်​​နေတာကို အံသြ စွာ​ကြားလိုက်​ရတယ်။) (“မသွားဘူး” တဲ့)
ကျွန်​​တော့်​ ကိုလည်း ထုံးစံအတိုင်း တရားရုံးသွားမှာ လားလဲ​မေး​ရော ကျွန်​​တော်​ က “သွားတာ နဲ့ မသွားတာ ဘာကွာလဲ လို့ တမင်​သက်​သက်​ ပြန်​လဲ​မေးလိုက်​​ရော ​စော​စော ကအ​ပြော​ကောင်းပုံရတဲ့ ဝန်​ထမ်းအမကြီး က ​ခေါင်း​လေး​ထောင်​လာပြီး သူ အလွတ်​ကျက်​ထားတာ​တွေ ရွတ်​ပါ​လေ​ရော)…. ပုံမှန်​ဆို ၃၀၀၀၀ ​ပေးရ​ကြောင်း..သူတို့ကအများနဲ့​ပေါင်းပြီး ကူညီပြီးသွား​ဆောင်​​ပေးတာဖြစ်​​ကြောင်း..တရားရုံးမှာ ​ဆောင်​ရတဲ့ ဒါဏ်​​ ​ကြေးကလည်း ၂၀၀၀၀ ​ကျော်​​ကြောင်း ..သူတို့ ​တောင်းတဲ့​ဈေးနဲ့ သိပ်​မကွာ​ ​ကြောင်း..တရားရုံး​ရောက်​ရင်​လဲ လူအင်​မတန်​များ​ကြောင်း..​နေ့လည်​ထမင်းစားချိန်​ပြီးမှ သွား လို့ရမည်​ဖြစ်​​ကြောင်း လူကိုစပြီး​ ခြောက်​ပါ​လေ​ရော။
ကျွန်​​တော်​ ကလည်း အလွတ်​ကျက်​ထားတာ​တွေပြန်​ရွတ်​တာ​ပေါ့…
တရားရုံးနဲ့၅၁လမ်းရုံး ဘာ​ကြောင့်​ ကွာ​ကြောင်း..အစထဲက တရားရုံးကို ဘာ့​ကြောင့်​မလာခိုင်း​ကြောင်း..လွယ်​လွယ်​ရှင်းနို င်​တဲ့ ကိစ္စကို ဘာ့​ကြောင့်​ မခက်​ ခက်​​အောင်​ လုပ်​ထား​ကြောင်း..လူ​တွေကို ​ခြောက်​လှန့်​ပြီး မတရား ပိုယူ​နေ​ကြောင်း ..ေ တွ​​ပြောပြီး ​နောက်​ဆုံး ကျွန်​​တော်​ တရားရုံးကို မသွားနိုင်​ဘူး ။
ပီး​တော့ သူများ​တွေ ဒီရုံးမှာတင်​ ​ရွေးလို့ရသလို ကျွန်​​တော်​လည်း ဒါဏ်​​ကြေးအမှန်​​ပေးပြီး ဒီရုံးမှာပဲ အပြီးလုပ်​​ပေးပါ လို့ ​ပြောလိုက်​တဲ့ အခါမှာ​တော့ အ​နောက်​ရုံးခန်းထဲက တစ်​​ယောက်​ထွက်​လာပြီး ” သူ့ကို ဒါဏ်​​ကြေး ၂၀၀၀၀ ယူပြီး လိုင်​စင်​ပြန်​​ပေးလိုက်​​တော့” ဆိုပြီး သူကိုယ်​တိုင်​ ကျွန်​​တော်​နာမည်​ လာ​မေးပြီး ကိုယ်​တိုင်​ သွားယူပြီး လာ​ပေးခဲ့ပါတယ်​။ ​ငွေ သွင်းဖြတ်​ပိုင်း ကို​တော့ ည​နေ မှပြန်​လာယူပါတဲ့။အဲ့ဒါနဲ့ လိုင်​စင်​​လေး ယူပြီးပြန်​လာခဲ့ပါတယ်​။
အပြန်​လမ်း မှာ ​အဖြစ်​အပျက်​​လေးကို ပြန်​​တွေးကြည့်​တဲ့အခါ….
ကျွန်​​တော်​ အ​ခြေအတင်​​ပြော​နေစဉ်​မှာ ပတ်​ဝန်းကျင်​မှာ ကိုယ့်​လိုပဲ လိုင်​စင်​ပြန်​လာ​ရွေးတဲ့ လူ အနည်းဆုံး ၂၀ ဝန်းကျ င်​​လောက်​ဟာ တစ်​​ယောက်​တ​လေ မှ ဝင်​​ယောက်​​ပြောဆိုခြင်းမရှိပဲ ၂၅၀၀၀ ကိုယ်​စီကိုင်​ကာ တိတ်​ဆိတ်​စွာပဲ အလှည့်​ ကို ​စောင့်​​နေကျ​လေရဲ့.. ကျွန်​​တော်​ ​သေ​သေချာချာ ပြန်​စဉ်းစားကြည့်​လိုက်​​တော့ မှ “​အော်​.. ဟုတ်​​ပေသားပဲ ..ငါရဲ့ အဖြစ်​အပျက်​က တကယ်​လက်​​တွေ့ အပြင်​​လောကကြီးမှာ ဖြစ်​​နေတာကို။
တကယ်​ လို့များ အဲ့ဒီ အဖြစ်​အပျက်​​လေး သာ facebook ​ပေါ်မှာသာဆို ငါ့​ကို မှန်​ကန်​​ ကြောင်းအား​ပေးမဲ့သူ​တွေ/ မင်း​တော်​​တော်​ အာ​ချောင်​တဲ့ လူဆိုပြီး ဝိုင်းဆဲမဲ့လူ​တွေ/ Like ​တွေ/ Share ​တွေ ​တော်​​တော်​ကိုရမှာပဲလို့ ​တွေးမိရင်း ကိုယ့်​ကို ကိုယ့်​ နှစ်​သိမ့်​ ​ကျေနပ်​လိုက်​​တော့တယ်​။”
ကျွန်​​တော့်​ ရဲ့ ဆိုလိုရင်း​တွေကို မိတ်​​ဆွေတို့ သ​ဘော​ပေါက်​ကြလိမ့်​မယ်​လို့ ​မျော်​လင့်​မိပါတယ်​။
(စာကြွင်း။ ။ ၅၁ လမ်း ရုံးမှမည်​သည့်​ ဝန်​ထမ်း​ တွေကိုမှ တိုက်​ခိုက်​ ခဲ့ခြင်း မဟုတ်​ပါ။ မှားယွင်း​နေတဲ့ စနစ်​ဆိုးကြီးကို
တိုက်​ခိုက်​ ခဲ့ခြင်းသာ ဖြစ်​ပါသည်။)
Credit to ဒေါ်မေတို့ရွာကလေး

No comments:

Post a Comment